ဆိုရှယ် ဒီမိုကရက် ဘာလဲ
ဆိုရှယ် ဒီမိုကရက် ဘာလဲ ရဲဘော်ဖိုးသံချောင်း (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) အရင်က ဗမာပြည်နိုင်ငံရေးလောကမှာသိပ်မကြားရဖူးတဲ့ နိုင်ငံရေးအယူအဆ(ဝေါဟာ ရ)နဲ့အဲဒီအယူအဆကိုကိုင်စွဲသူတွေ ခုတလောပေါ်လာတာကို သတိထားမိကြမယ် ထင်ပါ တယ်။ အဲဒါကတော့ ဆိုရှယ်ဒီမိုကရက်ဆိုတဲ့ဝေါဟာရပါ။ ပဒေသရာဇ်မင်းတွေမရှိတော့တဲ့ နောက် နိုင်ငံရေးအင်အားစု နဲ့လှုပ်ရှားမှုအမျိုးမျိုး လူးလွန့်လှုပ်ရှားလာခဲ့တဲ့နောက် ဗမာပြည် နိုင်ငံရေးလောကထဲကို ဆိုရှယ်လစ် ဆိုတဲ့ဝေါဟာရကို လူအမျိုးမျိုးပါးစပ်က ပုံစံအမျိုးမျိုးနဲ့ ကြားလာကြရပါတယ်။ ရုရှားကအောက်တိုဘာ တော်လှန်ရေးကြီးအောင်ပွဲခံလိုက်တဲ့ နောက် သူ့ခေါင်းမှာလည်းသပြေညို၊ ငါ့ခေါင်းမှာလည်း သပြေညို ဖြစ်ကုန်ကြတာထင်ပါရဲ့။ ဆိုရှယ်နီ၊ ဆိုရှယ်ဝါ၊ ဖဆပလထဲကဆိုရှယ်လစ်အင်အားစု စသဖြင့် ခွေးလှေးပျားတော အနှံ့ ပေါချင်တိုင်းပေါနေခဲ့တဲ့ ဆိုရှယ်လစ်စကားကို စစ်အာဏာရှင်ထိပ်သီးကြီး ဗိုလ်နေဝင်း ကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို့လုပ်လိုက်တော့မှာ အားလုံးအော်ဂလီဆန် ကုန်ကြ တော့တာဖြစ် ပါတယ်။ ဒီလိုနဲ့စစ်အုပ်စုက ပဉ္စမအကြိမ်မြောက် အာဏာသိမ်းလိုက်တဲ့နောက် မှာ ဆိုရှယ်ဒီမိုကရက်ဆိုတာကြီး ပိုမြည်ဟည်းလာတာဖြစ်ပါတယ်။ ( ဒီအရင်ကတည်းက SD ဆိုတာ ပြောနေတာပါ။ သဘောတရားအရတော့ သိပ် မပြောနိုင်ပါဘူး။) ဒီတော့ ဆိုရှယ်ဒီမိုကရက်ဆိုတာ… Read More »