ခရိုနီများအတွက် စားကွက်ဖန်တီးပေးသော ဗိုလ်တင်အေးကော်မရှင်

မေလ ၂၂ ရက်စွဲဖြင့် ဗိုလ်တင်အေးလက်မှတ်ထိုးထားသော နိုင်ငံရေးပါတီများအတွက် “အခွန်လွတ်ကားတင်သွင်းခွင့်” နှင့် “ပါတီရုံးခန်းဖွင့်ရေး တိုက်ခန်း (သို့) မြေနေရာချပေးရန်” သမ္မတရုံးသို့ တင်ပြထားတယ်ဆိုတဲ့ကိစ္စ။ “အခွန်လွတ်ကားတင်သွင်းခွင့်” “အခွန်လွတ်ကားတင်သွင်းခွင့်” ဆိုတာဟာ ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရအနေနဲ့ ခရိုနီများလက်ကို အခွန်လွတ်ကားတင်သွင်းခွင့် တိုက်ရိုက်ချပေးလိုက်ရင် ပြဿနာ ကြီးနိုင်တဲ့အတွက် ဗိုလ်တင်အေးကော်မရှင်က ကြားပွဲစားလုပ်ကာ နိုင်ငံရေးပါတီတွေက အမည်ခံ/ ဓါးစားခံ လုပ်ကြရခြင်းဖြစ်ပါတယ်။ ထို့အပြင် ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဗိုလ်တင်အေးကော်မရှင်နှင့်ခရိုနီတို့၏ စံကျသော သုံးပွင့်ဆိုင် (win – win) စီးပွားရေး စားပေါက်ထွင်မှု တစ်ခုဖြစ်ပြီး…

စစ်ဗျူရိုကရက်လူတန်းစား စစ်အာဏာရှင်စနစ် နဲ့ စစ်တပ်အာဏာသိမ်းမှု

ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်ပြီ။ အာဏာသိမ်းတာ မဟုတ်ဘူး၊ မာရှယ်လောစစ်အုပ်ချုပ်ရေး ကြေညာတာပဲဖြစ်တယ်လို့ ပြောပြီးနှစ်ရက်အကြာမှာ အာဏာသိမ်းကြောင်း စစ်တပ်က တရားဝင် ကြေညာလိုက်တယ်။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ခေါင်းဆောင် ၁၅၀ ကျော်ကို ထိန်းသိမ်းလိုက်တယ်။ ထိန်းသိမ်းခံရမယ့် နိုင်ငံရေးသမားများဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း သွားရောက်သတင်းပို့ပြီး အဖမ်းခံကြရတယ်။ ဒီတကြိမ် စစ်တပ်အာဏာသိမ်းတာဟာ သွေးထွက်သံယိုမရှိ ညင်သာလှတယ်။ ထိုင်းနိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ၆ လ ကျော် ၇ လ လောက် ကြာနေခဲ့ပြီ။…

အိုဘားမားကဗိုလ်သိန်းစိန်တို့ကို ဘိသိက်မြှောက်လိုက်တာလား

၂၇-၅-၁၄ နေ့က အမေရိကန်နိုင်ငံရဲ့စစ်တက္ကသိုလ်မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက ဗမာပြည်က ဗိုလ်သိန်းစိန်အစိုးရကို ဗန်းတင်ပြလိုက်တာဟာ တခြားသူတွေ ဘယ်လိုထင်မယ်မသိရပေမယ့် ဒါဟာ အရင်က၀ှက်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ထုတ်ပြောလိုက်တာလို့ ယူဆရပါတယ်။ ဒါဟာ အိုဘားမားက ဗိုလ်သိန်းစိန်ကို “လိမ္မာလာပြီ” လို့ကျောသပ်ပြလိုက်တာဖြစ်သလို အရှေ့တောင်အာရှမှာ သူ့ရဲ့ဂိုဏ်သားတဦး တိုးလာပြီလို့ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးလောက ကတော့ “အိမ်ဖြူတော်ဟာ ဗမာပြည်ကနိုင်ငံရေးထဲ သူတို့ဝင်စွက်နေတာကို ၀န်ခံလိုက်တာ၊ ဗိုလ်သိန်းစိန်တို့စစ်အာဏာရှင်တသိုက် သူတို့အိတ်ထဲရောက်ပြီလို့ပြောလိုက်တာ၊ တရုတ်ကို မီးနီပြလိုက်တာ”လို့ သဘောပေါက်ကြပါတယ်။ ဒီနေ့ဗမာပြည်မှာ ပြည်သူလူထုတွေ၊ အထူးသဖြင့်အောက်လွှာပြည်သူလူထုတွေ…

အသိပေးအပ်ပါတယ်

(ဗကပ)  မှာ တရားဝင်ဝဘ်ဆိုက် (www.cp-burma.org) ဒီတခုပဲ ရှိပါတယ်။ ဒီဝဘ်ဆိုက်မှာ ဖော်ပြထားတာတွေသာ (ဗကပ) ရဲ့ တရားဝင် သဘောထားအမြင်တွေ ဖြစ်ပါတယ်။ ဖဘ၊ ဘလော့ စတာတွေ (ဗကပ) က တင်ထားခြင်း  မရှိပါ။ Admin cp-burma.org