တဆင့်တိုး တိုက်ပွဲဝင်ကြ (ရဲဘော်ဖိုးသံချောင်း)
တဆင့်တိုး တိုက်ပွဲဝင်ကြ (ရဲဘော်ဖိုးသံချောင်း) ဘယ်အခါကနဲ့မှမတူအောင် ဗမာပြည်သားတွေ ဆင်းရဲကြပ်တည်း၊ ကိုဗစ် ဖိစီးဒဏ်ခံနေရချိန်မှာ ကိုယ်ကျိုးကလွဲပြီးဘာကိုမှ မထောက်ထားတဲ့စစ်အုပ်စု ထိပ်သီး တွေက ဗမာပြည်ရဲ့ စတုတ္ထအကြိမြောက်အာဏာသိမ်းပွဲ ကို နေရာအရပ်ရပ်မှာ သံချပ်ကားတွေ၊ စစ်ရဟတ်ယာဉ်တွေ ဥဒဟို ပြေးလွှား၊ စစ်သားတွေဖြန့်ကြက် အင်အားပြနဲ့ လူထုကို ခြောက်ခြားအောင်လုပ်ပြီး စံကျတဲ့ အာဏာသိမ်းပွဲတရပ်ဖော်ထုတ် လိုက်ပါတယ်။ တကယ်တော့ဒီအကြိမ် အာဏာသိမ်းပွဲဟာအခုမှရုတ်တရက်ဗြုန်းစား ပေါ်လာတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်မီကတည်းက အာဏာသိမ်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေတာ အကျယ်ကြီး၊ အကြာကြီးပါ။ ဒါဟာ အာဏာသိမ်းမယ့်လူတွေက ခြိမ်းခြောက် တဲ့အနေနဲ့ တမင်သတင်းဖြန့်နေတာဖြစ်နိုင်သလို တာဝန်ရှိသူတွေ-အစိုးရဆိုသူတွေက တမင်မသိကျိုးနွံပြုနေတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပစေအခုတော့ ကိုဗစ်-၁၉ ရောဂါကခြောက်လှန့်၊ အငတ်ဘေးကဖိစီးနဲ့ ပြည်သူတွေ စစ်ဘီလူးကသူရဲစီးတာခံကြရ ပြန်ပြီ။ စစ်တပ်ဟာသူတို့လိုချင်တာကို လက်နက်နဲ့ပဲ အရယူတယ်ဆိုတဲ့ ဓားပြဓလေ့ မြင်တွေ့ကြရပြန်တာဖြစ်ပါတယ်။ ဒီကနေဆက်စဉ်းစားစရာဖြစ်လာတာတွေက- ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေရှိနေသမျှတော့ စစ် အုပ်စုကလုပ်ချင်တာလုပ်နေမှာပဲ၊ ၂ဝဝ၈ဖွဲ့စည်းပုံကိုလွှတ်တော်အတွင်းကနေပြင်ဆင်မယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ တရက်တမျိုးပြောတဲ့စကားတွေကို အတည် သဘောထားယုံနေလို့ဖြစ်ပါ့မလား၊ သူတို့ပြောတဲ့ နောက်တနှစ်နေရင် သူတို့က လုပ်ပေး… Read More »




