Category ဆောင်းပါး

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ(တော်လှန်ရေး ရုပ်ပုံလွှာ)မောင်လှဝင်း(မြင်းခြံ)အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်-၅ မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်ကွန်မြူနစ်ပါတီပါတီရဲ့ “တော်လှန်ရေးဂျာနယ်”(၁၉၅၀ ခုနှစ်ထုတ်)ထဲမှာ ဒို့ခေါင်းဆောင်ကြီး သခင်သန်းဖေဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ဖူးတယ်။ ဆောင်းပါးရဲ့အဆုံးသတ်မှာ (သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့)လို့ ဥဒါန်းကျူးရင့်ခဲ့တယ်။ ဂျာနယ်ကျော် ဒေါ်မမလေးဟာ သူ့ရဲ့ “သွေး”နဲ့ “ရင်နင့်အောင်မွှေး”ဝတ္တုတွေ ဂျပန်ဘာသာပြန်ဆိုဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဂျပန်ပြည်ကို သွားရောက်ခဲ့တယ်။ ဗမာပြည် စစ်အတွင်းကာလတုန်းက ကင်ပေတိုင်စစ်ဗိုလ်လုပ်ခဲ့ဖူးတဲ့ ဂျပန်တယောက်နဲ့ ဂျပန်ပြည်မှာတွေ့ဆုံမိတော့ “သခင်သန်းဖေ ရှိသေးလား”လို့ စိတ်ဝင်တစား မေးမြန်းတယ်။ ဂျာနယ်ကျော်…

အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း

အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း ညီဌေးကျော် ယခုအခါ ဗမာပြည်ဟာ ကိုယ့်ပြည်တွင်းရေးပြဿနာနဲ့ကိုယ် ရှုပ်နေတဲ့အပြင် မကြုံစဖူး နိုင်ငံကြီးများရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ နိုင်ငံကြီးများက ပြောင်းလဲလာတဲ့ ၂၁ ရာစု ကမ္ဘာမှုအခင်းအကျင်းအရ ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေးကို မျက်စိကျတာပါ။ ၂၀၀၈-၂၀၁၀ အရင်းရှင်စီးပွားရေးကပ် ရှည်ကြာလာ၊ စတုတ္ထစက်မှုတော်လှန်ရေး၊ နည်းပညာပြိုင်ဆိုင်မှု၊ စည်းစနစ်ဟောင်းတွေ အလုပ်မဖြစ်၊ ကိုဗစ်ကမ္ဘာနာ ကပ်ရောဂါ၊ အမေရိကန်အကျ တရုတ်အထ၊ မတည်ငြိမ်ရှုပ်ထွေး၊ အပြောင်းအလဲများမြန်တဲ့ ခေတ်ကာလတရပ်ကို ကျော်ဖြတ်နေရပါတယ်။ အာဖဂန်နဲ့ အီရတ်မှ အမေရိကန်တပ်တွေ ရုပ်သိမ်း၊ ဖြစ်ချင်ရာဖြစ်…

ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှု

ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှုကိုတူး (ဆိုဗီယက်ယူနီယံ USSR ကွယ်ပျောက်သွားတာ ဆယ်စုနှစ်သုံးစု ရှိသွားပြီးနောက်၊ အရင်းရှင်စနစ်ဟာ လူသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ပိုမိုရှင်းလင်းစွာ သိမြင်လာခဲ့ပါပြီ။) လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ (ဩဂုတ်လ ၂၄ ရက် ၁၉၉၁) သမ္မတ မစ်ခေး ဂိုဘားချော့ Mikhail Gorbachev က ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ဗဟိုကော်မတီကို ဖျက်သိမ်းပြီး ပါတီအထွေထွေအတွင်းရေးမှူး တာဝန်မှ နုတ်ထွက်သွားတယ်။ ဒါဟာ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံများပြည်ထောင်စု USSR ဖျက်သိမ်းရေးအတွက် ပထမဆုံး…

အာဖဂန်ကွန်မြူနစ်တယောက် ပြောတဲ့ အာဖဂန်အကြောင်း

အာဖဂန်ကွန်မြူနစ်တယောက် ပြောတဲ့ အာဖဂန်အကြောင်းမြစမ်းအေး (အာဖဂန်မှ အမေရိကန်ဆုတ်ခွာမှုနဲ့ပတ်သက်လို့ အာဖဂန်ကွန်မြူနစ်တယောက်နဲ့တွေ့ဆုံမေးမြန်းခန်းထဲက တချို့ကို ဗြိတိန်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာသတင်းလွှာ Communist Party of Britain’s International Bulletin မှာဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံထုတ် People’s World စာစောင်မှ ထပ်ဆင့်ဖော်ပြထားတဲ့ ဆောင်းပါးကို ဗမာပြည်စာဖတ်ပရိသတ်အတွက် ဘာသာပြန်ဖော်ပြလိုက်ပါတယ်။) အာဖဂန်အစိုးရ (ဟောင်း) အပေါ် အကဲဖြတ်မှု။(ပြုတ်ကျသွားတဲ့) အာဖဂန်အစိုးရဟာ ရုပ်သေးအစိုးရဖြစ်ပြီး အမေရိကန်ရဲ့လိုအင်ပေါ် မှီခိုနေရကာ ပြည်တွင်းပြည်ပအရေးကိစ္စများမှာ ဘာအစွမ်းအစမှ မရှိဘူး။ အခုအထိ အရာရာ အမေရိကန်အပေါ် မှီခိုနေရတာပါ။ နိုင်ငံနဲ့ဆိုင်တဲ့ပြဿနာရပ်တိုင်း…

ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။

ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။ဆောင်းပါးအမှတ်( ၅၅)။ ဖေဖေ ကို အသက်ကယ်ခဲ့ရစဉ်က။အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး။ ဖေဖေစစ်တပ်ကအနားယူရတဲ့(၁၉၅၇)ခုနှစ်ကစလို့(၁၉၇၃)ခုနှစ်မြောင်းမြလမ်းအိမ်ကိုပြောင်းတဲ့အထိ ၁၆နှစ်ကျော်ကျော် ကျွန်မတို့မိသားစုတွေ စမ်းချောင်းကဆီဆုံလမ်းအိမ်အမှတ်(၃၆)မှာနေခဲ့ကြရပါတယ်။ အဲဒီအိမ်လေးဟာပေ(၂၅-၅၀)မြေအပြည့်ဆောက်ထားတဲ့ တလိုင်းအိမ်လေးပါ။ ထပ်ခိုးလေးလည်းပါပါတယ်။ အိမ်လေးကကျဉ်းလည်းကျဉ်းမှောင်လည်းမှောင်၊ ဒီကြားထဲကျွန်မတိုမောင်နှမတသိုက်က တန်းစီပြီးတယောက်ပြီး တယောက်ဖျားကြနာကြနဲ့၊ နှစ်အချို့ အတော့်ကို ကသီလိုက်ပါတယ်။နေရေး ထိုင်ရေး စားရေးသောက်ရေး ဘက်စုံ ကသီတာပါ။ မောင်နှမ(၅)ယောက်စလုံး အနီးအနားက စိန့်ဖီလိုမီနာ သာသနာပြုကျောင်းမှာနေတော့ ကျောင်းစရိတ်၊ ကျောင်းကားခနဲ့ ဖေဖေနဲ့ မေမေ ဘယ်လို များကျော်ဖြတ်ခဲ့တယ်ဆိုတာ မတွေးရက်ပါဘူး။…

အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ

အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ-မြစမ်းအေး- အာဖဂန်စစ်ပွဲမှာ ဂန္တဝင်မြောက်ရှုံးနိမ့်မှုကြောင့် အမေရိကန်ရဲ့ ကမ္ဘာလွှမ်းခြုံကော်ပိုရိတ်ပါဝါဟာ ဘာလဲဆိုတာအပေါ် မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ အထူးသဖြင့် အမေရိကန်ကဖန်တီးလိုက်တဲ့ ကြီးကျယ်သောစစ်ပွဲကြောင့် အပျက်အစီးဒဏ်ခံရတဲ့ ကျယ်ပြန့်တဲ့ ဒေသကြီးအတွက် ဒီရှုံးနိမ့်မှုက ဘယ်လိုအဓိပ္ပာယ် ဆောင်ပါသလဲ။ အာဖဂန်နစ္စတန်မှစလို့ အီရန် အီရတ် ဆီးရီးယား လက်ဘနွန် (လစ်ဗျား ယီမင်) အထိ လွတ်မြောက်ရေး ယုံကြည်ချက်သစ်များ ပေါ်ပေါက်လာမှုကို အမေရိကန်နယ်ချဲ့ ရင်ဆိုင်နေရတယ်။ ဗဟိုအာရှမှ အနောက်အာရှအထိ အမေရိကန် ကျူးကျော်စွက်ဖက်ထားရာ ဒေသများမှာ စိန်ခေါ်မှုများ တိုးပွားလာနေတယ်။အာဖဂန်ရုပ်သေးအစိုးရ ပြိုလဲမှုသတင်းက –…