Category ဆောင်းပါး

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားက အောက်စီဂျင်တိုက်ပွဲ (ညိုစိန်ဝင်း)

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားကအောက်စီဂျင်တိုက်ပွဲ ညိုစိန်ဝင်း ပြည်သူတွေ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ အောက်စီဂျင်ဘူးတွေကို စစ်တပ်က လုယူတယ်။ ပြီးတော့ သူတို့ စစ်တပ်ထဲသယ်တယ်။ ပြည်သူတွေထူထောင်တဲ့ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတွေကို ပိတ်တယ်။ ပြည်သူတွေအတွက် အောက်စီဂျင်ဖြည့်တာတောင် မဖြည့်ရတော့ဘူးလို့ တားမြစ်တယ်။ကိုဗစ်ရောဂါလူနာ ကုသကယ်ဆယ်ရေးမှာ အောက်စီဂျင်ဟာ မရှိမဖြစ် အရင်းအမြစ်ပစ္စည်း ဖြစ်တယ်။အောက်စီဂျင်ပေးတာ ငါးမိနစ်နောက်ကျရုံနဲ့ လူ့အသက်သေစေနိုင်တယ်။ ပြည်သူတွေ ကိုယ့်အသက်ကို ကယ်တင်ဖို့ထူထောင်တဲ့ အောက်စီဂျင်ဘူးတွေကို စစ်ဓားပြတွေကသယ်ယူပြီး သူတို့ စစ်တပ်ထဲ သယ်တယ်ဆိုတာ တကယ်က ပြည်သူတွေကို သတ်နေတာပဲ။ ဆေးရုံတွေမှာ ဖျာကြမ်းတွေ…

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး-

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး—- လက်ရှိကာလမှာ ဗမာပြည်သူလူထုတရပ်လုံးရဲ့နိုင်ငံရေးလှုပ်ရှားမှုဟာ ဒီရေမြင့်ကာလကိုရောက်ရှိနေပါပြီ။ အဖိနှိပ်ခံ ပြည်သူလူထုဟာ မိမိတို့ရဲ့လက်တွေ့ဘဝအရ စစ်အာဏာရှင်စနစ်ရဲ့ကမ်းကုန်အောင်ရက်စက်တဲ့ ဖိနှိပ်သတ်ဖြတ်မှုကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့ လမ်းကြောင်းကို မလွှဲသာမရှောင်သာရွေးခဲ့ကြရတယ်။ တပြည်လုံးအနှံ့အပြား ကျေးလက်ဒေသရော မြို့ပြတွေမှာပါ လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ထောင်ဖွဲ့စည်းပြီး ပြန်လှန်ခုခံကြတဲ့ပြည်သူတွေရဲ့တိုက်ပွဲဟာ အနှစ်သာရအားဖြင့် တော်လှန်တဲ့ပြည်သူ့စစ်ပွဲပဲဖြစ်ပါတယ်။ ဒါဟာ…ဗမာပြည်တော်လှန်ရးရဲ့ကြီးမြတ်တဲ့ အလှည့်အပြောင်းလည်းဖြစ်ပါတယ် ။ ဖိနှိပ်မှုမှန်သမျှဒဏ် စုပြုံမခံတော့တဲ့ အောက်ခြေလူထုက အစချီကာ တပ်ဖွဲ့များကို စုဖွဲ့လှုပ်ရှားကြခြင်းဆိုတဲ့ အားသာချက်ရှိတာနဲ့ တချိန်တည်းမှာ ရန်/ငါ အင်အားအချိုးအစားကွာဟမှုကတော့ ကြီးပါတယ်။ ဒီလို အင်အားကြီးမားတဲ့ ရန်သူကိုအနိုင်တိုက်ဖို့အတွက်…

ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော

ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော—– သီဟာသနပလ္လင်ရုပ်ထုကြီးရှေ့ သလွန်ညောင်စောင်းပေါ် မိန့်မိန့်ကြီးထိုင်ပြီး နိုင်ငံခြားဧည့်သည်တွေကို တွေ့ဆုံနေတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် မအလရဲ့စိတ်ထဲမှာတော့ — ကဲ-ဘာတတ်နိုင်ကြသေးလဲ။ ငါ့လိုလူ ဇမ္ဗူမှာရှိသေးလား — လို့တွေးတောကျေနပ်ပြီး ပိတိတွေတဝေ‌ဝေနဲ့ သာယာနေဟန်ရှိပါတယ်။အဲဒီပုံတွေ့ရတော့ သတိရလိုက်မိတာ တခုရှိပါတယ်။ ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန် အဖမ်းမခံရခင် (၃-၄)ရက်နေရစဉ် ဒီချုပ်ဦးဝင်းထိန်(ဗိုလ်ကြီးဟောင်း)က သတင်းသမားတွေကိုပြောသွားတဲ့ စကားတွေထဲက နိမိတ်ပုံဆန်တဲ့ စကားတခွန်းပါ။သြော်-မင်းအောင်လှိုင် – သနားဖို့တော့ကောင်းတယ်ဗျာ — တဲ့။ စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးဗိုလ်နေဝင်းရဲ့ ဘဝအတွေ့အကြုံ အတက်အကျတွေကို မြင်တွေ့ဖူးသူတိုင်း (ဦးဝင်းထိန်အပါအဝင်) ဒီအတိုင်းစဉ်းစားမိမှာပါ။…

အဓိကနဲ့ လက်အောက်ခံ ပြဿနာ (ဝင်းအောင်)

အဓိကနဲ့ လက်အောက်ခံ ပြဿနာ ဝင်းအောင် တော်လှန်ရေး အင်အားစုများအနေနဲ့ ရန်သူ့ အစိတ်အပိုင်းများ မိမိတို့ အဝန်းအဝိုင်းအတွင်းသို့ မရောက်ရှိအောင် သတိထားကာကွယ်ခြင်း၊ ရောက်ရှိနေလျှင် သတိရှိရှိ စနစ်ရှိရှိ အရေးယူဖယ်ရှားခြင်းလုပ်ငန်းကို သာမန်ကာလ လတ်တလောတောင်းဆိုချက်များ အတွက်ဆင်နွှဲတဲ့ တိုက်ပွဲများအတွင်းမှာဖြစ်စေ၊ အရေးတော်ပုံကာလ (စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖျက်သိမ်းရေး ကဲ့သို့သော) နိုင်ငံရေး ကြွေးကြော်သံများအတွက်ဆင်နွှဲတဲ့ လူလုတိုက်ပွဲကြီးတွင်းမှာဖြစ်စေ လုပ်ကြရပါတယ်။ ဘယ်အခြေအနေမှာ ဖြစ်ပါစေ၊ ဒီအလုပ်ဟာ မိမိတို့ တိုက်ပွဲကို မှန်ကန်တဲ့ ဦးတည်ချက်လမ်းကြောင်း ပေါ် ရောက်ရှိအောင် ထိန်းသိမ်ထားနိုင်အောင် ကြိုးပမ်းမှု၊…

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)ထွန်းဇင်အောင် ပြောက်ကျားတိုက်သူတွေကို လျှို့ဝှက် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ ပုန်ကန်ထကြွသူတွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေလို့လည်း ခေါ်ကြပါတယ်။ ပြောက်ကျားသမိုင်း (အကျဉ်း)ပြောက်ကျားစစ်ကိုရည်ညွှန်းတဲ့ အင်္ဂလိပ်ဝေါဟာရ guerrilla warfare က ကျူးကျော်သူ နပိုလီယံရဲ့တပ်တွေကို စပိန်ပြောက်ကျားတွေ အနိုင်ယူချေမှုန်းလိုက်တဲ့ ‘ကျွန်းဆွယ်စစ်ပွဲ’ (၁၈၀၈-၁၈၁၄) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ စပိန်ဘာသာစကားမှာ guerra ဆိုတာ “စစ်” လို့ အဓိပ္ပါယ်ရပါတယ်။ စပိန်လူမျိုးတွေရဲ့ နည်းပရိယာယ်တွေက အင်မတန် ထိရောက်အောင်မြင်လို့ နာမည်တွင်ကျန်ရစ်တာ ဖြစ်တယ်။ သမားရိုးကျစစ်ပွဲတွေ ရှိလာကတည်းက ပြောက်ကျားစစ်ပုံစံကိုလည်း…

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ဒုတိယပိုင်း)

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ဒုတိယပိုင်း)ထွန်းဇင်အောင် ပြောက်ကျားစစ် နည်းပရိယာယ်တွေအခြေခံ ပြောက်ကျားနည်းပရိယာယ်တွေထဲမှာ ရှေးအကျဆုံး ဖော်ထုတ်မှုကို ဆွန်ဇုရဲ့ ‘စစ်ပညာ’ ကျမ်းမှာ တွေ့နိုင်တယ်။ ပြောက်ကျားစစ် နည်းပရိယာယ်တွေက ရန်သူကို တပ်ကထွက်ပြေးစေတာ၊ ဘက်ပြောင်းစေတာ၊ ကြောက်ဒူးတုန်စေတာ၊ တပ်မှူးတပ်သားတွေကြားမှာ နိုင်ငံရေးနဲ့လူမှုရေးအရ ဖိအားပေးမှုတွေဖြစ်စေတာ စတာတွေနဲ့ ရန်သူကိုတိုက်ခိုက်တာဖြစ်တဲ့ အဓိကအားဖြင့် မရပ်မနားတမ်း စိတ်ဓာတ်ရေးရာနှောင့်ယှက်မှုကို အားထားတယ်။ ရန်သူ့အရင်းအမြစ်တွေ မနိုင်ဝန်ထမ်းရတဲ့အဖြစ်ကိုရောက်သွားဖို့ရည်ရွယ်တဲ့ အလွန်အနုစိတ်၊ ပျော့ပျောင်းပြီး ဖြတ်ထိုးဉာဏ်နဲ့တီထွင်ကြံဆတဲ့ နည်းပရိယာယ်တွေသုံးကာ အောင်ပွဲရစေတာ ဖြစ်တယ်။ ပြောက်ကျားစစ်နဲ့ အချိန်ဆွဲထားတာဟာ ရန်သူကိုရင်ဆိုင်ဖို့ သမားရိုးကျတပ်မတော်တရပ် ပေါ်ထွက်လာရေးအတွက်…