နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ပထမပိုင်း)
နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ပထမပိုင်း)ထွန်းဇင်အောင် ပြောက်ကျားစစ်ဟာ သေနင်္ဂဗျူဟာအားဖြင့် ခံစစ်၊ နည်းပရိယာယ်အားဖြင့် ထိုးစစ်ဖြစ်တယ်။ ဖိနှိပ်အုပ်စိုးတဲ့ အစိုးရတရပ်အောက်မှာ အလုပ်သမား/လယ်သမားတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်စေ၊ အမျိုးသားလွတ်မြောက်ရေးအကျိုးစီးပွားအတွက် ကျူးကျော်လာတဲ့ပြည်ပရန်သူကို ခုခံတွန်းလှန်ဖို့ဖြစ်စေ ပေါ်ထွက်လာကြလို့ သေနင်္ဂဗျူဟာအားဖြင့် ခံစစ်ဖြစ်တယ်။ ဖိနှိပ်အုပ်စိုးတဲ့အစိုးရ ဖြုတ်ချရေး သို့မဟုတ် ကျူးကျော်လာတဲ့တပ်တွေကိုမောင်းထုတ်ရေးရည်ရွယ်ချက်တွေရှိလို့ နည်းပရိယာယ်အားဖြင့် ထိုးစစ်ဖြစ်တယ်။ ပြောက်ကျားစစ် ဆိုတာမျိုးဟာ သူ့အလိုလို ပေါ်ထွက်လာလေ့ရှိပေမယ့် တော်လှန်ရေးတိုက်ပွဲနည်းနာ တခုအဖြစ် သုံးနိုင်ပါတယ်။ပြောက်ကျားစစ်ဟာ စုဖွဲ့ပြီး ဂရုတစိုက် စီစဉ်ကြံဆရတဲ့တိုက်ပွဲဖြစ်တယ်။ သမားရိုးကျစစ်ပွဲ နည်းပရိယာယ်တွေနဲ့ပေါင်းစပ်ပြီး တိုက်လေ့ရှိတယ်။ တပ်စိတ်တွေက လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ကြပေမယ့်…
