Category ဆောင်းပါး

စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု

စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု—–လှဝင်း ဗမာပြည်က ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အရင်းခံ သဘောထားဟာ လက်နက်ချစေချင်တာပဲ။ သူတို့ကို လက်နက်ကိုင်တော်လှန်တာကို ဆက်မလုပ်စေချင်တာပဲ။ ဦးနုက ဒီမိုကရေစီ ဖွင့်ပေးမယ်၊ လာခဲ့ကြလို့ ပြောတော့ သခင်သန်းထွန်းက ဒါနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ စာပို့တယ်။ ဒီလို ဆွေးနွေးဖို့ကို ကျားမြီးဆွဲတာထက်ကြောက်တဲ့ ဦးနုက ဘာမှ ဆွေးနွေးမနေနဲ့၊ အရင်ဆုံးလက်နက်ချပြီး ဝင်ခဲ့ကြ။ အဲလိုဆို ဒီမိုကရေစီပေးမယ်လို့ ကြေညာခဲ့တာပဲ။ ဖဆပလ ဖောက်ပြန်ရေးအစိုးရကနေ ဒီနေ့ စစ်ကောင်စီအထိ သူတို့ရဲ့ အရင်းခံ…

မင်းအောင်လှိုင်ရဲ့ အသက်မပါတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်

မင်းအောင်လှိုင်ရဲ့ အသက်မပါတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်(ကိုတူး) စစ်တပ်ကအာဏာသိမ်းပြီး ၁၄ လ အကြာ ၂၂ ဧပြီ ၂၀၂၂ မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်တိုင်မိန့်ခွန်းပြောပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တယ် ။ စကစပြောခွင့်ရက PDF တွေ (အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်လို့) မပါဘူးလို့ပြောတယ်။ မကြာခင်မှာပဲ စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတဲ့ EAO များကို(အင်အားစု၊ လှုပ်ရှား၊ နယ်မြေချဲ့၊ နှောင့်ယှက်တိုက်ခိုက် လုပ်ရင်) တုံ့ပြန်သွားမယ်လို့ သတိပေးချက် ထုတ်ပြန်ပြန်တယ်။ မင်းအောင်လှိုင်ရဲ့…

စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ

စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ (ရဲဘော်ဖိုးသံချောင်း) ပြီးခဲ့တဲ့ဧပြီလ ၂၂ရက်နေ့က ဗိုလ်မင်းအောင်လှိုင်က မြဝတီရုပ်သံလွှင့်ရာကနေပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့မယ်၊ EAO ခေါင်းဆောင်တွေကို သူကိုယ်တိုင်လက်ခံ တွေ့မယ်၊ ဆွေးနွေးပြောဆိုချင်တယ်လို့ ကြေညာသွားပါတယ်။ အမှန်ပါပဲ။ သူ့ရဲ့ပြောစကားနဲ့လုပ်ရပ်ကြောင့် ဗမာပြည်နိုင်ငံရေးနယ်ပယ်မှာအတော် လှုပ်ရှားသွားပါတယ်။ “သို့လော၊ သို့လော”ပေါင်းများစွာ ပေါ်ထွက်လာပါတယ်။ သူပြောတာနဲ့တပြိုင်တည်းလိုလို ဒီတိုင်းပြည်အတွင်းမှာမြည်ဟည်း-ကြားနေရတာကတော့ တောင်ပေါ်နဲ့ မြေပြန့် မကျန် အနယ်နယ်အရပ်ရပ်က သေနတ်သံ၊ ဗုံးသံတွေပါပဲ။ နောက်ပြီး ပြည်သူလူထု တွေရဲ့ အော်ဟစ်ငိုမြည်သံနဲ့ တက်ခေါက်သံတွေပါ။ ဒီလိုအချိန်မျိုးမှာမှ စစ်အာဏာရှင်တွေက လေသံပျော့ပျော့၊ မျက်နှာရဲရဲနဲ့ပြောလာ တော့ တလောလေးကမှသူတို့က ပီဒီအက်ဖ်လိုပုန်ကန်သူတွေကို…

ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့

ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့ (လတ်တလောအခြေအနေ သုံးသပ်ချက်) မြစမ်းအေးယူကရိန်းစစ်ပွဲက ရုရှားနဲ့ ယူကရိန်းဖြစ်တာ၊ ပြည်ပကဝင်ရောက် တိုက်ခိုက်တာ။ ဗမာပြည်မှာက ပြည်တွင်းစစ်။ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်လာတဲ့ စစ်အစိုးရကို လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက လက်နက်ကိုင်ဆန့်ကျင်လာတဲ့ နွေဦးတော်လှန်ရေး ဖြစ်တယ်။နောက်ခံအကြောင်းချင်း မတူဘူး။ ယူကရိန်းက ဆိုဗီယက်ပြိုကွဲပြီး ပေါ်ပေါက်လာတဲ့နိုင်ငံ။ အနောက်အုပ်စုက sponsor ပြု၊ ပံ့ပိုးထားတဲ့ အရောင်တော်လှန်ရေးနဲ့အတူ မင်းပြောင်းမင်းလွှဲ regime change ဖြစ်လာတဲ့နိုင်ငံ။ ဗမာပြည်က လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သော်လည်း၊ နယ်ချဲ့ပေါင်းစုံကိုမှီခိုပြီး အချိန်အခါအလိုက် အရောင်ပြောင်းတတ်တဲ့ ဖက်ဆစ်စစ်အစိုးရ…

လူထုဟာ သမိုင်းဖန်တီးသူပါ

လူထုဟာ သမိုင်းဖန်တီးသူပါညီဌေးကျော် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန် Prak Sokhonm ရဲ့ မြန်မာပြည်ခရီး (မတ်၂၁-၂၃)ဟာ အူကြောင်ကြောင်နဲ့ ပြီးဆုံးသွားပါတယ်။ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်က (မြန်မာ့အရေးက ရှုပ်ထွေးတဲ့အတွက် ဒါကိုဖြေရှင်းဖို့ အချိန်ကြာကြာလိုအပ်တယ်။ ဒါ့ကြောင့် ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဒီနှစ်အတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး) လို့ ပြောပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံခေါင်းဆောင်များအပြင် အမေရိကန်၊ အီးယူ၊ တရုတ်၊ ဂျပန်၊ ကုလ စတဲ့ နိုင်ငံအသီးသီးက ခေါင်းဆောင်များ…

၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း

၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း အခြေခံကျကျကြည့်ရင် ကာလရှည်ကြာ စုပုံလာခဲ့ပြီး ပိုမိုသည်းသန်လာဆိုးဝါးလာနေတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ တခြားလူမှုရေးဒုက္ခများအပြင် ကိုဗစ်ရောဂါကပ် ဒဏ်များကြောင့် မခံမရပ်နိုင်ဖြစ်လာတဲ့ ပြည်သူများရဲ့ ခုခံဆန့်ကျင်မှုကို ဗြောင်ကျတဲ့ ဖက်ဆစ်အာဏာနဲ့ရင်ဆိုင်ဖို့အတွက်၊ တိုက်ရိုက် နိုင်ငံရေး အရကြည့်ရင် ရွေးကောက်ပွဲရလဒ်ဖျက်ဖို့အတွက် စစ်အုပ်စုက အာဏာသိမ်းလိုက်တာပဲ။ ဒါပေမဲ့ တကယ် ပျက်သုဉ်းတဲ့လမ်းကြောင်းပေါ် ရောက်သွားတာ သူတို့ပဲ။ ပြည်သူ့ ခုခံဆန့်ကျင်မှုကြောင့် သူတို့အာဏာ ထိန်းချုပ်မရအောင်၊ မတည်ငြိမ်အောင် ပျက်သွားတယ်။ “စစ်အုပ်စု ကို နိုင်ငံရေး ဦးဆောင်နေရာ မပေးရုံမက စစ်အာဏာရှင်စနစ်ကို…