တုတ်ဓားလက်နက်ကိုင်လူထုကို လေယာဉ်တွေနဲ့ ရင်ဆိုင်တိုက်နေတဲ့ စစ်ကောင်စီ
တုတ်ဓားလက်နက်ကိုင်လူထုကို လေယာဉ်တွေနဲ့ ရင်ဆိုင်တိုက်နေတဲ့ စစ်ကောင်စီ ညိုစိန်ဝင်း (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အ မှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) လူတွေကို ကြိုးနဲ့တုပ်ပြီး အစုလိုက်အပြုံလိုက် သတ်တယ်။ ကြိုးနဲ့တုပ်ပြီး အစုလိုက်မီးရှို့တယ်။ မြို့တွေပေါ်မှာဆိုရင် အစုလိုက် ကြိုးပေးသတ်တယ်။ ကျေးလက်တွေမှာ ရွာလုံးကျွတ်မီးရှို့တယ်။ အညာမြေတခွင်လုံး မီးလောင်ပြင်နဲ့ စစ်တလင်း ဖြစ်အောင်လုပ်တယ်။ (စကစ အာဏာသိမ်းပြီးကတည်းက လူထုအိမ် မီးရှို့တာ ၃ သောင်းကျော်ပြီ။ စစ်ကိုင်းတိုင်းမှာ,ကို ၂ သောင်းကျော်ရှိပြီ။) ကြွက်မနိုင်လို့ ကျီမီးရှို့ပေါ်လစီလား။ တော်လှန်ရေးသမားတွေကို မနိုင်လို့ လူထုကို…
