၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ်
၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ် ရဲဘော်ဖိုးသံချောင်း အခုအခါ ဗမာပြည်သားများအနေနဲ့ ကမ္ဘာမှာဗမာကွရယ်လို့လက်မထောင်နိုင်တာဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့တိုင်းပြည်ဆိုတာပါပဲ။ လွတ်လပ်ရေးရတဲ့သက်တမ်းကြာလာတာနဲ့အမျှ ပြည်တွင်းစစ်ကပိုမိုးပြင်းထန်လာ လေ လေ၊ လူထုတွေပိုဒုက္ခတွေ့ရလေလေ၊ စီးပွားရေးပိုမိုကျဆင်းလေလေဖြစ်နေတာဟာ ဒီ ကမ္ဘာပေါ်မှာ ဗမာနိုင်ငံ သာပဲရှိတယ်ထင်ပါတယ်။ ဗမာပြည်လွတ်လပ်ရေးရတာနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတာဟာ သုံးနှစ်တောင် မခြားပါဘူး။ အဲဒီကာလတိုလေးအတွင်းမှာပဲ ဗမာပြည်တပြည်လုံးအလုပ်သမားသပိတ် တွေ၊ ကျောင်းသားသပိတ်တွေ၊ လယ်သမားအင်အားပြပွဲ(ညီလာခံ)တွေ၊ အမှုထမ်းအရာ ထမ်းသပိတ်၊ စာရေးစာချီသပိတ်စတာတွေအပြင် တခြားနိုင်ငံတွေမှာမကြားဖူးတဲ့ ပုလိပ် (ရဲ)သပိတ်စတဲ့ လူထုလှုပ်ရှားမှု(တိုက်ပွဲ)မျိုးစုံ စည်ညံဟိန်းနေခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ အစိုးရနဲ့ သူတို့ရဲ့ယန္တရားကိုဦးတည်ထားတဲ့ဒီတိုက်ပွဲတွေကြောင့် အင်္ဂလိပ်ဟာဂျပန်ရဲ့ လက်ကနေဗမာပြည်ကိုပြန်သိမ်းပြီး…
