“လက်နက်ကိုင်တော်လှန်ရေးမှာရော မြေပေါ်၊မြေအောက် လှုပ်ရှားမှုအနေနဲ့ရော ဗမာပြည်ကွန်မြူနစ်ပါတီက ပါဝင်နေတယ်”
ကိုချို/Myanmar Now စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏အရှေ့မြောက်ပိုင်းဖြစ်သည့် ရှမ်းပြည်နယ်မောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များဦးဆောင်သည့်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်မီခေတ်ကပင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ၏လွတ်လပ်ရေးသမိုင်းတွင် ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ)၏ လက်နက်ကိုင်တပ်များသည်လည်း အရှေ့မြောက်ဒေသတိုက်ပွဲများတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်နေကြသည်။ ၁၉၃၉ ခုနှစ်တွင်တည်ထောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ မှ စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သောပါတီဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဗ.က.ပ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကို ပြန်လည်တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်းခြေကုပ်ယူပြီး…
