
လင်းကြက်တွန် ပြီးစ
ဒီ မနက်ခင်းမှာပဲ
ခက်ခဲတယ်ပြောတဲ့ စခန်းကုန်း
မိုး ထစ် ချုန်းသံထက်
ပြင်းထန်တဲ့ အသံလှိုင်းတွေနဲ့
မုန်တိုင်း တက် ထိုးကြလေပြီ … ။
ငါတို့ရဲ့
ချွေးနဲ့ သွေးစက်
အသက်နဲ့ ခန္ဓာ
ဘဝလုံးပုံ ပေးဆပ်
တဗိုလ်ကျ တဗိုလ်တက်
ဆက်လက် ချီတက်ကြ
ဝေဟင်ထက်က ဗုံးသီးများ
မိုး ရွာ သလို သွန်းကြဲနေတုန်း
တော်လှန်သူရဲကောင်းစိတ်ဓာတ်စိုက်ထူ
ရန်သူကို ချေမှုန်းလိုက်နိုင်ခဲ့ပြီ။
ငါတို့ ရဲဘော်များ
သံပြိုင်ညီ တေးသီ အော်ဟစ်
“ တောင်ကုန်းပေါ်မှာ အောင်လံနီ
ငါတို့ စိုက်ထူ လွှင့် ခဲ့ပြီ …”
ကန့်ဒေါင့် ဟာ
ငါတို့ ဖနောင့်အောက်
ဝပ် ပြား မှောက် လို့ နေလေပြီ။
ကန့်ဒေါင့်ရဲ့ အောင်ပွဲ
မြေပြင် ဝေဟင် ထဲ ဝဲပျံ နေပုံက
ကူတို့ဆိပ်မှာ မှို့ အိတ် ဖွင့်ချလိုက်သလိုပဲ။
ကန့်ဒေါင့်ရဲ့ အောင်ပွဲဟာ
ရဲဘော်များ၊ ပြည်သူနဲ့ မိတ်ဆွေများ
ရွှင်လန်း အားတက် နိုင်ပါစေ …။
ကန့်ဒေါင့်ရဲ့ အောင်ပွဲဟာ
ရန် တကာ ကြောက် ဒူး တုန်ခါစေ..
ရန် လိုသူနဲ့ ဘယ်သူက မလိုသူဆိုတာ
ပြည်သူ သိပါတယ်။
ကန့်ဒေါင့် အောင်ပွဲဟာ
ငယ် ၊ သေး ပေမဲ့
အရင်းအနှီး ကြီးတယ် … ဟေ့ …။
ဒါပေမဲ့
ကန့်ဒေါင့် အောင်ပွဲဟာ
ပြည်သူ့ သူရဲကောင်းများရဲ့
“စံပြ စိတ်ဓါတ်” မိုးထိ မြင့်မားကြောင်း
ထပ်လောင်း သက်သေပြလိုက်တယ်။
ကန့်ဒေါင့် အောင်ပွဲ ဟာ
တော်လှန်စစ်ရဲ့ လမ်းအူကြောင်း
မီးမောင်းထိုးပြတယ်။
ကန့်ဒေါင့် အောင်ပွဲ
အဓွန့်ရှည်ပါစေ။
ကန့်ဒေါင့် အောင်ပွဲရဲ့
ပြည်သူ့ သူရဲကောင်းများ
ထာဝစဉ် ဉဒါန်းတွင်ပါစေ ။ ။
ရဲဘော် အောင်ဒိုး
ဇွန် ၂၀၊ ၂၀၂၅