လူထုဟာ သမိုင်းဖန်တီးသူပါ
လူထုဟာ သမိုင်းဖန်တီးသူပါညီဌေးကျော် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန် Prak Sokhonm ရဲ့ မြန်မာပြည်ခရီး (မတ်၂၁-၂၃)ဟာ အူကြောင်ကြောင်နဲ့ ပြီးဆုံးသွားပါတယ်။ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်က (မြန်မာ့အရေးက ရှုပ်ထွေးတဲ့အတွက် ဒါကိုဖြေရှင်းဖို့ အချိန်ကြာကြာလိုအပ်တယ်။ ဒါ့ကြောင့် ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဒီနှစ်အတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး) လို့ ပြောပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံခေါင်းဆောင်များအပြင် အမေရိကန်၊ အီးယူ၊ တရုတ်၊ ဂျပန်၊ ကုလ စတဲ့ နိုင်ငံအသီးသီးက ခေါင်းဆောင်များ သံတမန်များနဲ့ ကြိုတင်တွေ့ဆုံညှိနှိုင်းခဲ့တာပါ။ ဒီအရင်ကလည်း ဟွန်ဆင် မြန်မာပြည်လာပြီး (ဇန္နဝါရီ ၇) မင်းအောင်လှိုင်နဲ့ တွေ့ခဲ့တုန်းကလည်း (သြစတေးလျနိုင်ငံသား ရှောင်တာနယ် လွတ်တော့မယ်ဆိုပြီး) မှားယွင်းတဲ့သတင်းစကား ပေးမိခဲ့လို့ ပြန်တောင်းပန်ခဲ့ရပါတယ်။ ယခုအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာလည်း ယခင်ဟွန်ဆန်ခရီးစဉ်လိုပဲ လက်ဗလာနဲ့ပဲ ပြန်လာခဲ့ရတာပါ။ မင်းအောင်လှိုင်ထံမှ အကြမ်းဖက်မှုတွေရပ်ရေး၊ နိုင်ကျဉ်းများလွှတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံဆုံးဖြတ်ချက် ၅ ရပ်ဆိုတာကို စဉ်းစားပေးပါမယ်လို့ ချွေးသိပ်စကားသာ… Read More »