Category Archives: သတင်း
ဗမာပြည်ရဲ့ကြယ်နီသို့ နှလုံးသားဖြင့် ဦးညွှတ်ခြင်း
အမှတ်တရ ရဲဘော်ထွန်း
၂၀၁၅ နှစ်သစ်မှာ ပြည်ထောင်စုနိုင်ငံတော်သစ်တရပ် ပေါ်ထွန်းဖို့ ၀ိုင်းဝန်းကြိုးပန်းကြပါစို့
>
နှစ် ၇၀ ပြည့် ဖက်ဆစ်ဂျပန်တော်လှန်ရေး
ဒီ၂၀၁၅ ခုနှစ်ထဲမှာ ဗမာပြည်သားတွေ ဂုဏ်ယူစွာအထိမ်းအမှတ်ပြုရမယ့် နေ့ထူးနေ့မြတ်တရက်ကို သတိပေးလိုပါတယ်။ သတိပေးတယ်လို့ ဆိုတာက အခုအထိ မီဒီယာတွေထဲမှာ ပြောကြဆိုကြတာ သတိမထားမိလို့ပါ။ လာမယ့်မတ်လ၂၇ ရက်နေ့ဟာ ဗမာပြည်သူတွေက ဖက်ဆစ်ဂျပန်တွေကို စတင်တော်လှန်ခဲ့တာ အနှစ် ၇၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ဖက်ဆစ်ကို တိုင်းပြည်ထဲက လုံးဝမောင်းထုတ်နိုင်တဲ့ အောင်ပွဲဖြစ်သလို၊ အိန္ဒိယကတဆင့် အာရှတိုက်တောင်ပိုင်း အနောက်ဖက်ကိုလှမ်းမယ့် ဖက်ဆစ်ဂျပန်ရဲ့ခြေလှမ်းကို ရိုက်ချိုးပစ်လိုက်နိုင်ပြီး တပါတည်းမှာပဲ ဂျပန်ဖက်ဆစ်တွေရဲ့ တရုတ်ပြည်ကို နောက်ကျောကနေ ထိုးဖောက်ရေး အစီအစဉ်ကြီးကို ခါးကျိုးသွားစေတဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ အဲဒါတွေအပြင် မပြောမဖြစ် ထည့်ပြောရမယ့်အချက်က အင်္ဂလိပ်နယ်ချဲ့ကိုလိုနီအစိုးရအောက်မှာ ခြောက်လက်မထက် ပိုရှည်တဲ့ ဓားမြှောင်ကိုတောင် ကိုင်ခွင့်မရခဲ့တဲ့ ဗမာပြည်သားတွေဟာ ခေတ်မီလက်နက်တွေကို ကိုင်တတ်သွားသလို ပြောက်ကျားတိုက်နည်း၊ နေရာယူစစ်တိုက်နည်းစတဲ့ ခေတ်မီစစ်ပညာတွေကိုလည်း ဒီစစ်ကတဆင့် တတ်မြောက်ခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ ဗမာပြည်သားတွေရဲ့ခေါင်းထဲမှာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ဖို့လိုရင်လည်း တိုက်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက် ကျသွားတာပါပဲ။ ဒီစစ်ကြီးပြီးသွားတော့ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်ကိုလိုနီသမားက စဉ်းစားရာမှာ… Read More »
သွေးချင်းချင်းနီသော်လည်း ဦးမညွတ်
စစ်အာဏာရှင်စနစ်ဘက်မှ ၂၀၁၅ ခုမတိုင်မီ ခုအချိန်ကတည်းက အကြမ်းဖက်နည်းဗျူဟာကို မိုက်မိုက်ကန်းကန်း ကျင့်သုံးတော့မည်ဖြစ်ကြောင်း သေနတ်သံပေးအချက်ပြလိုက်ပေပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲမှု၊ ကျောင်းသားများအကြားသွေးခွဲမှုတို့ကို တဖက်က လုပ်ရင်း အကြမ်းဖက်ဖိနှိပ်မှုတို့ကို ဟန်ချက်ညီညီပေါင်းစပ်ကျင့်သုံးနေခြင်း ဖြစ်သည်။ သူတို့တလျှောက်လုံး ကျင့်သုံးလာခဲ့သော လက်သုံးတော် နည်းလမ်းဟောင်းများကို အခြေအနေနှင့်အညီ တိုးချဲ့ကျင့်သုံးလာခြင်း ဖြစ်သည်။ လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အမြောက်နှင့် ထုခြင်းမှအစ၊ သပိတ်နှင့် ဆန္ဒပြပွဲများကို ဖမ်းဆီးထောင်ချ ဖိနှိပ်ခြင်း၊ ကိုပါကြီးကို သတ်ဖြတ်ခြင်း၊ ထောင်နှင့်ချီသော အိုးအိမ်မဲ့ ပြည်သူများ၏ တဲအိမ်များကို အကြမ်းဖက် ဖျက်ဆီးခြင်းအလယ်၊ ယခု လက်ပံတောင်း ပစ်ခတ်သတ်ဖြတ်မှုအဆုံး စစ်အာဏာရှင်စနစ်ဘက်မှ (ငါ့ကုလားက ဓားပါတယ်) ဟု ပြည်သူလူထုအား အသိပေးခြိမ်းခြောက်နေခြင်း ဖြစ်ပေသည်။ အာဏာပိုင်တို့၏ စော်ကားအနိုင်ကျင့်မှု လုပ်ဟန်လည်း ဖြစ်သည်။ လူ့အရိုင်းအစိုင်းတို့အုပ်စိုးသော တိုင်းပြည်ဝယ် လယ်သမားထု သွေးအိုင်ထုထဲ နစ်နေစဉ် လယ်သမားအရေးကို လျစ်လျူမရှုဘဲ အလေးအနက်ထားသူ အင်အားစုကသာ သမိုင်းတွင် လယ်သမားထု ထောက်ခံမှု ရရှိပြီး နောက်ဆုံးတွင် အဆုံးသတ် အောင်ပွဲကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။… Read More »
Paradise of Hunters- ပမာအလား
Paradise of Hunters- မုဆိုးများရဲ့ သုခဘုံတဲ့။ – မျက်မှောက် ဗမာပြည်နိုင်ငံရေးအခြေအနေမှာ စစ်အုပ်စုနဲ့ ဦးသိန်းစိန်စစ်အစိုးရ လုပ်ပုံကိုင်ပုံတွေကို မြင်တွေ့ရတိုင်း Paradise of Hunters- မုဆိုးများရဲ့ သုခဘုံ ဖန်တီးသလို လုပ်နေကြတာလားလို့ မကြာခဏအတွေးရောက်မိတယ်။ ၁၉၁၈ ခုနှစ် ဗမာပြည်ကို ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာ ခရစ္စမတ် ရက်သတ္တပတ်အဖြစ် လာစဉ်တုန်းကပါ။ ဘုရင်ခံနဲ့ အမဲပစ်မယ့် သားသတ်အဖွဲ့တွေ သားကောင်ပေါ၊ သားကောင်စုံတဲ့ ကသာခရိုင်၊ နမ့်ပေါင်းကျေးရွာအနီး သစ်တောကြိုးဝိုင်းသို့ မလာမီ ရက်ပေါင်းများစွာကတည်းက တောကြပ်တွေ၊ တောခေါင်းတွေက သစ်တောဧရိယာ စတုရန်းမိုင်ပေါင်းများစွာအတွင်း နေရာပေါင်းများစွာ ဆားတွေ လိုက်ပုံပေးထားရတယ်။ သားကောင်တွေဆိုတာက အငန်ဓာတ် ကြိုက်တတ်ပေသကိုး။ ဆားပုံလျော့သွားရင် ပြန်လည်ဖြည့်တင်းဖို့ အမြဲတမ်း ကြည့်ရှုစစ်ဆေးနေကြရတယ်။ ဒါက သားကောင်တွေကို ဖြားယောင်သွေးဆောင်ရတဲ့ လုပ်ငန်း။ ဒီရက်တွေ အတောအတွင်း ငှက်ကလေး ကြက်ကလေးများကို မပစ်ရ၊ သေနတ်သံ မပေးရလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ သတ်ပွဲမတိုင်မီ တောကောင်တွေ လန့်သွားမှာ… Read More »
