အများသောက်တဲ့မိုးခါးရေ
အများသောက်တဲ့မိုးခါးရေ မောင်ရွှေအိုး အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး ဗမာပြည်ကြီးပြောင်းလဲလာနေပြီဆိုတာ ဘာမှငြင်းကွယ်နေစရာအကြောင်းမရှိ။ အရင်ကနဲ့ မတူတော့တာအမှန်။ အသိသာဆုံးက သတင်းမီဒီယာ လွတ်လပ်မှု၊ ဆိုရှယ်မီဒီယာပါမကျန် ဒီမိုကရေစီအရသာကို တစုံတရာသော အတိုင်းအတာအထိ ခံစားနေကြရပြီဆိုနိုင်ပါတယ်။ လွတ်လပ်စွာ ဝတ်စားဆင်ယင် ဆိုချင်ကချင် ဖော်ချင်ပြချင်တာတွေလည်း ကမ်းကုန်ယမ်းကုန်နီးပါး လုပ်နိုင်ကြပါ၏။ လမ်းမကြီးအလယ်ခေါင် သေးတက် မပန်းရုံပါပဲ။ ဒီ့ထက်လွတ်လပ်တာဘာလဲ။ ပြည်တွင်းအုပ်စိုးသူလူတန်းစားရော ပြည်ပနိုင်ငံကြီးများပါ နဖားကြိုးဖြုတ် ဇက်ကုန်လွှတ်ပေးလုနီး ကြိုးပမ်းအား ထုတ်နေကြတာဘာလဲ။ “လွတ်လပ်စွာရောင်းဝယ်ဖောက်ကားရေး” free trade ဖြစ်ပါတယ်။ “လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားရေး”ဟာ ကိုလိုနီနယ်ချဲ့သမားတွေ ထာဝစဉ်ကိုင်စွဲခဲ့တဲ့ အောင်လံတော်၊ တဖွဖွရွတ်ဖတ်သရဇ္ဈယ်လာတဲ့ ဂါထာတော် တစာစာဟစ်အော်လာခဲ့တဲ့ ကြွေးကြော်သံကြီး၊ ကိုလိုနီနယ်ချဲ့စံနစ်ရဲ့ ရေသောက်မြစ်၊ ကမ္ဘာ့ပြည်သူလူထုနဲ့အစိုးရများကိုပါ ဈေးကွက်စီးပွားရေးစံနစ်ရဲ့ လက်အောက်ခံ အဖြစ် ထားလာတဲ့ ခေတ်သစ်လွန်ခေတ်ရဲ့ပင်မရေစီးပါ။ ကမ္ဘာမှာ စက်မှုတော်လှန်ရေးဆိုတာ အနောက်တိုင်းမှာပေါ်ပေါက်လာတဲ့ ၁၇ ရာစုခေတ် ဒီဘက်ပိုင်းသမိုင်းဟာ “လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားရေး”ဝါဒကပဲ မြစ်ဖျားခံပါတယ်။ နိုင်ငံတကာ အရင်းရှင်စံနစ်ရဲ့ မဏ္ဍိုင်ပါ။… Read More »