သတင်းနဲ့မှတ်ချက်
သတင်းနဲ့မှတိချက်(၂၄-၁၁-၂၀၁၆) မူဆယ်၊ ၁၀၅ မိုင်၊ ဗန်ဆိုင်း၊ မုံဂူဘက်မှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ ကြိုးတုပ်ခံထားရတဲ့ အခြေအနေက လွတ်မြောက်အောင် အဝိုင်းခံထားရတာကို ဖောက်ထွက်တာ၊ နှောင်ကြိုးကို ဖြတ်တောက်တာ (သို့မဟုတ်) ကြိုးကို ဖြေ(ဖြီ) လိုက်တာပဲလို့ မြင်တယ်။ နိုင်ငံရေးအရ NCA ကိစ္စ၊ ၂၁ ရာစု ပင်လုံကိစ္စတွေမှာ ကြိုးတုပ်ခံထားရတယ်။ ပြဿနာတွေကို တဆင့်ချင်း ဖြေရှင်းသွားမယ်။ ပထမဆုံး NCA ကို လက်မှတ်ထိုးပါ။ လက်မှတ် ထိုး-မထိုးအပေါ်မှာ မူတည်ပြီး အခွင့်အရေးပေးမယ်၊ UNFC နဲ့ ကျန် ၃ ဖွဲ့ကို တတန်းတည်း မထားနိုင်ဘူး၊ သူတို့ကို ပိုပြီး ဂိုက်ပဲ့မယ့်တောင်းဆိုချက် တွေ တောင်းတယ်။ ၁။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးလမ်းစဉ်ကို သွားမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပေးရမယ်။ ၂။ လက်နက်တွေကို တခြားတတိယအဖွဲ့အစည်းတခုခုထံမှာ အပ်နှံသိမ်းဆည်းထားမယ့် အစီအစဉ် ဆောင်ရွက်ရမယ်။ စစ်ရေး အရ (လိုရင်းပြောရရင်) လက်နက်ချကြရမယ်၊ ဒီကာလမှာ ဆက်ကြေးမတောင်းရ၊ လူသစ်မစုဆောင်းရ၊… Read More »