“မျိုးစောင့်ဥပဒေ” သို့မဟုတ် မရိုးနိုင်သောလှည့်စားနည်းတစ်ခု (၂၀၁၄ ခုနှစ်၊ မတ်လ ၄ ရက်)
အုပ်စိုးသူများသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးပြီး လူမျိုးပေါင်းစုံပြည်သူများအကြား သွေးခွဲရန်တိုက်ပေးသည့် လုပ်ငန်းတွေ လုပ်ကြံဖန်တီးရန် အံခွနေသူတွေ၊ သွေးအေးလက်ယဉ်သူတွေ၊ လက်မရွံ့သူတွေ၊ လက်မြန်သူတွေ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ဘက်ပေါင်းစုံခေတ်နောက်ကျ ချွတ်ခြုံကျနေသော အချက်ကလည်း အုပ်စိုးသူများအတွက် အခါကောင်း၊ အခွင့်ကောင်းတစ်ခုသဖွယ် ဖြစ်နေပါသည်။ ယင်းတို့အနက် ဘာသာရေးနဲ့လူမျိုးရေး သွေးခွဲရန်တိုက်လှည့်စားခြင်းသည် ဖောက်ပြန်သော အုပ်စိုးသူများအတွက် မရိုးနိုင်သော လက်သုံးနည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ယခုအခါ “မျိုးစောင့်ဥပဒေ” သည် သမ္မတ (ဗိုလ်)ဦးသိန်းစိန် ကိုယ်တိုင်…
