ရေသောက်မြစ်
ကိုပါကြီးအမှုကို ရေဝေးမှာတင် ပြည်ဖုံးကားမချဘဲ အမှုမှန်ပေါ်ပေါက်အောင် ရေဆုံးရေဖျားလိုက်ဖို့ ပြည်သူထဲမှ တောင်းဆိုသံများ ပေါ်ထွက်လာပါတယ်။ ဒါနဲ့တချိန်တည်း စစ်အာဏာပိုင်တွေနဲ့ စစ်အစိုးရက ဒီအမှုမှာ စစ်တပ်ဘက်က မီးကုန်ယမ်းကုန် ကာကွယ်မယ်ဆိုတဲ့သဘောနဲ့ သက်သေခံမယ့်သူတွေ၊ ရှေ့နေတွေကအစ ဖိအားပေးခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။ ပြည်သူများဘက်က စစ်တပ်နဲ့ စစ်အစိုးရ သတ်ဖြတ်လုပ်ကြံတာ ကိုပါကြီးတယောက်တည်းမက ကချင်ပြည်နယ်က မဆွန်လွတ်ရွယ်ဂျာကအစ ၊ ရှမ်းပြည်နယ်၊ပလောင်ဒေသ၊ မန္တလေးမြို့ပေါ်မှာ၊ ရန်ကုန်မြို့ပေါ်မှာ စသဖြင့် ဗမာပြည်အနှံ့အပြားက စာရင်းတွေ တက်လာနေပါတယ်။ ဒါဟာ ပြည်တွင်းစစ်အတွင်း စစ်တပ်က အရပ်သားပြည်သူတွေကို…
