ရွှေပြည်မသာနိုင်သေးတဲ့ ဗမာပြည်က ရွှေပြည်သာ အလုပ်သမားသပိတ်
ယနေ့ ရွှေပြည်သာစက်မှုဇုန်နယ်မြေမှ အလုပ်သမားသပိတ်များမှာ အလုပ်သမားများ၏ ဘဝအခြေအနေက ပြဌာန်းလိုက်သဖြင့် ဖြစ်ပေါ်လာသော သပိတ်တိုက်ပွဲများ ဖြစ်သည်။ အလုပ်သမားများကို တိုက်ပွဲဝင်စေဖို့ နောက်ကွယ်က ကြိုးကိုင်သူကို အထူးရှာစရာမလို။ သူတို့၏ ဝမ်းပိုက်ပြဿနာက သူတို့ကို ကြိုးကိုင်ထားသည်။ ယနေ့ ဗမာပြည်တွင် ဖြစ်ပေါ်လာနေသော အလုပ်သမားသပိတ်တိုက်ပွဲများ၊ လယ်သမားသပိတ်တိုက်ပွဲများသည် ဗမာပြည်၏ စီးပွားရေးရုပ်ဘဝ ပြဌာန်းမှုကြောင့် ပေါ်ထွက်လာသော ရလဒ်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ တိုက်ပွဲဝင်နေကြသော အလုပ်သမားများ၏ လစာငွေမှာ တလ ကျပ်ငွေ လေးသောင်းမှ ရှစ်သောင်းသာသာလောက်ရသော အလုပ်သမားများက အများစု…
