Category စိန်ရတုအထိမ်းအမှတ်

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က သစ္စာရှိရှိ စွဲစွဲမြဲမြဲ ပြတ်ပြတ်သားသား ရပ်တည်ကြ။ ညိုစိန်ဝင်း အာဏာသိမ်း စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေး အာဘော်တွေ၊ လေထုတွေဟာ နောက်ထပ်လှိုင်းတခုအဖြစ် တိုင်းပြည်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး မျက်နှာဖုံးတပ်ပြီး တိုးတိုးတိတ်တိတ်တမျိုး ဗြောင်တဖုံ၊ လှုပ်ရှားတိုက်ခတ်နေတယ်။ လှုပ်ရှားမှုတွေဟာ တစတစ ပိုမို တိုးများလာနေတယ်။ နယ်စပ်မှာ တိုက်ခတ်သလို ပြည်တွင်းမှာလဲ တိုက်ခတ်တာပါပဲ။ နယ်စပ်မှာ တိုက်ခတ်တဲ့ ရင်ကြားစေ့ရေးလေထုက သံတမန်ရေးလှုပ်ရှားမှုသဏ္ဌာန်နဲ့ တိုက်ခတ်သလို ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးပွဲစားတွေရဲ့ လှုပ်ရှားမှုအဖြစ်လဲ တိုက်ခတ်တယ်။ အမည်အမျိုးမျိုး ခံထားတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ညီလာခံပုံစံ၊…

လက်နက်ချရင် ဆုချမယ်တဲ့လား

လက်နက်ချရင် ဆုချမယ်တဲ့လား မောင်သန်းမြရွှေ အာဏာသိမ်းစစ်ကောင်စီက လက်နက်နဲ့အလင်းဝင်ရင် ဆုချမယ့်အကြောင်း မေလ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လာတယ်။ ခင်ညွန့်လက်ထက် ဖိတ်ခေါ်တုန်းက လမ်းမှားရောက်သွားတဲ့ လူငယ်တွေ ပြန်လာရင် ခွင့်လွှတ်မယ်လို့ဆိုတယ်။ အခုက လက်နက်ယူလာရင် ဘယ်လောက်ဆုချမယ်လို့ ပြောလာတာဖြစ်တယ်။ NUG ကလည်း လက်နက်နဲ့ CDM လုပ်လာရင် သိန်းပေါင်းဘယ်လောက် ဆုချမယ်ပြောထားတာဖြစ်တော့ ဗမာပြည်ပြည်တွင်းစစ်မှာ လက်နက်ဈေး ဘယ်လောက်ကောင်းနေသလဲ သိနိုင်ပါတယ်။ လက်နက်အရောင်းအဝယ်ဘယ်လောက်ကောင်းနေ သလဲဆိုတာကိုပြသတာပါ။ လက်နက်ရဖို့ အမျိုးမျိုးအလှူခံပြီး ဘယ်လောက် လုံးပန်းနေကြသလဲ။ လက်နက်မှောင်ခိုဈေးကွက်…

ပဇီကြီး သင်ခန်းစာ

ပဇီကြီး သင်ခန်းစာ • (ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်ပွဲက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာ) ဥဩချို စစ်ကောင်စီရဲ့ ပဇီကြီးကျေးရွာ လူသတ်ပွဲအတွင်း အသက်ဆုံးပါးသွားကြတဲ့ ပြည်သူ (၁၀၀) ကျော်အတွက် လွန်စွာ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ရကြောင်း အဦးဆုံးပြောပါရစေ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ဒီနေ့(၁၁-၄-၂၀၂၃) နံနက် ၇ နာရီဝန်းကျင်က ကျေးရွာလုံခြုံရေးရုံးခန်းဖွင့်ပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ပဇီကြီးကျေးရွာကသာမက အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေက လူထုတွေ တက်ရောက်တဲ့ပွဲပါ။ လူစုလူဝေးဖြစ်နေတဲ့အချိန်ကိုက်မှာပဲ (နံနက် ၇ နာရီ ၄၅ မိနစ်)…

အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့

အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့ နီထွန်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နဲ့ မေလဆန်းအတွင်း အမေရိကန်နိုင်ငံမှာ ဘဏ်အကျပ်အတည်း (ဝါ) ဘဏ်ပြိုလဲ မှု (collapse) တွေဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ စီးပွားရေးဆိုင်ရာဝေါဟာရ တွေကို အဓိက ထားတင်ပြပါမယ်။ ဘဏ်တွေကို အမျိုးအစားခွဲရင် ကူးသန်းရောင်းဝယ်ရေးဘဏ်(commercial) ရင်းနှီးမြှုပ်နှံမှုဘဏ် (investment) ငွေစုဘဏ် (savings) အာမခံလုပ်ငန်းလုပ်ကိုင်သည့်ဘဏ် (insurance) နဲ့ အခြားသက် ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆောက်လုပ်ရေး၊ လယ်ယာ၊ စက်မှု၊ ရေလုပ်ငန်း၊ ထုတ်ကုန်သွင်းကုန် (Construction, Agricultural,…

ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှအမေရိကန်ဘဏ်များပြိုလဲမှု

ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှအမေရိကန်ဘဏ်များပြိုလဲမှု ကြည်ဝင်း တကြော့ပြန် ဘဏ်ပြိုလဲမှုများ ဒီနှစ်မတ်လ၈ရက်နေ့မှာကာလီဖိုးနီးယားအခြေစိုက်ဆီးလ်ဗားဂိတ်ဘဏ် (Silvergate)စပြိုပါတယ်။အဲဒီဘဏ်ကခရစ်တိုကာရင်စီ(crypto currency)လို့ခေါ်တဲ့လျှို့ဝှက်ငွေကြေးစနစ်အတွက်ဝန်ဆောင်မှုပေးတာကိုအဓိကထားလုပ်ကိုင်တဲ့ဘဏ်ဖြစ်တယ်။နောက်၂ရက်အကြာမှာတော့ဆီလီကွန်တောင်ကြားဘဏ် (Silicon Valley Bank)ပြိုလဲပါတယ်။ဒီဘဏ်ကရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားဖြစ်ပြီးသူ့ပိုင်ဆိုင်မှုတန်ဖိုး (assets)က၂၀၆ဘီလျံရှိပြီးအမေရိကန်ဘဏ်တွေထဲမှာအဆင့်၁၆ရှိတဲ့ဘဏ်ဖြစ်တယ်။ဒီဘဏ်ကနည်းပညာဆိုင်ရာအစပျိုးလုပ်ငန်းတွေ (startups)ကိုအရင်းအနှီးထုတ်ချေးတာမျိုးတွေအဓိကထားလုပ်ပါတယ်။၂၀၀၈ခုနှစ်ကပြိုလဲခဲ့တဲ့ (assets)တန်ဖိုးအမေရိကန်ဒေါ်လာ၃၀၇ဘီလျံရှိဝါရှင်တန်အကျိုးတူဘဏ် (Washington Mutual)နောက်ပိုင်းဒုတိယအကြီးဆုံးဘဏ်ပြိုလဲမှုပဲဖြစ်ပါတယ်။တတိယပြိုလဲတဲ့ဘဏ်ကတော့ Signature Bankဖြစ်ပါတယ်။သူ့အက်ဆက်တန်ဖိုးကအမေရိကန်ဒေါ်လာ၁၁၈ဘီလျံရှိပြီးအမေရိကန်သမိုင်းမှာတတိယအကြီးဆုံးပြိုလဲတဲ့ဘဏ်ပဲဖြစ်ပါတယ်။ဒီဘဏ်ကလည်းခရစ်တိုငွေကြေးလုပ်ငန်းတွေနဲ့ဆက်စပ်လုပ်ကိုင်မှုများတယ်။ ခရစ်တိုက ဘဏ်စနစ်ကို ကျော်ခွနိုင်သလား ကိုဗစ်၁၉ကပ်ဘေးမတိုင်မီနဲ့ကပ်ဘေးကာလအတွင်းမှာအမေရိကန်ဘဏ်ကြီးတွေအတော်များများဟာခရစ်တိုငွေကြေးနဲ့ခရစ်တိုငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းကြီးတွေမှာမြှုပ်နှံမှုတွေလုပ်ခဲ့ကြတာတွေ့ရတယ်။ ခရစ်တိုငွေကြေးဆိုတာဒစ်ဂျစ်တယ်ငွေကြေးဖြစ်တယ်။ရွေးချယ်စရာငွေကြေးတမျိုးလို့ဆိုတယ်။ဘဏ်တွေမလို၊အစိုးရထိန်းချုပ်မှုမရှိတဲ့ငွေကြေးလို့ဆိုကြတယ်။ငွေချေ၊ငွေလွှဲရာမှာဘဏ်တွေကိုဖြတ်သန်းစရာမလိုတော့ဘူးလို့ဆိုတယ်။ တကယ့်လက်တွေ့မှာခရစ်တိုငွေကြေးကိုင်မယ်ဆိုရင်ကိုယ့်မှာရှိတဲ့ဒေါ်လာနဲ့ခရစ်တိုငွေကိုဝယ်ရတယ်။ဥပမာခရစ်တိုငွေကြေးဖလှယ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ FTXမှာဝယ်ပြီးခရစ်တိုငွေစာရင်းဖွင့်နိုင်တယ်။ကိုယ့်ငွေဒေါ်လာကိုဘဏ်ကထုတ်ပြီးဝယ်တယ်။ FTXကခရစ်တိုငွေကြေးရောင်းလိုက်လို့ရလာတဲ့ဒေါ်လာကိုဘဏ်မှာပဲပြန်အပ်တာ၊ဒါမှမဟုတ်စတော့ဝယ်တာစသဖြင့်လုပ်တာပါ။အများစုကတော့ဘဏ်မှာအပ်တာ၊အစိုးရငွေချေးစာချုပ်တွေဝယ်ကြတာပါ။ခရစ်တိုသုံးပြီးငွေပေးချေတာ၊ငွေလွှဲတာတွေလုပ်တဲ့အခါမှာလည်းခရစ်တိုကုမ္ပဏီကြီးတွေကဘဏ်တွေကိုပဲပြန်သုံးကြတာများတယ်။ဒါကြောင့်ခရစ်တိုငွေကြေးသုံးသူတွေဟာသူစွန့်ခွာလာခဲ့တယ်လို့ထင်ထားတဲ့ဘဏ်တွေဆီမှာပဲပြန်ရောက်နေတာဖြစ်ပါတယ်။ ခရစ်တို ဖလှယ်ရေး ကုမ္ပဏီများ အားထားတဲ့ ဘဏ် တကယ်တော့ခရစ်တိုငွေကြေးဟာအလွန်ကြီးမားတဲ့ငွေမဲခဝါချတဲ့ဖြစ်စဉ်ကြီးပါ။ဘဏ်တွေနဲ့အစိုးရငွေကြေးတွေကိုရှောင်ရှားလိုက်တာဆိုတဲ့စိတ်ကူးယဉ်မှုဖြစ်ပြီးလက်တွေ့မှာတော့ခရစ်တိုကိုဘဏ်တွေနဲ့အစိုးရငွေကြေးတွေကပဲနောက်ကပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ခရစ်တိုငွေကြေးဖလှယ်ရေးကုမ္ပဏီ FTXကိုထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)ဟာလိမ်လည်မှုတွေလုပ်ခဲ့တယ်လို့နာမည်ထွက်လာပြီးနောက်ဖောက်သည်တွေကသူတို့ရဲ့ခရစ်တိုငွေကြေးတွေပြန်လည်ထုတ်ယူကြရာကနေ၂၀၂၂ခုနှစ်နိုဝင်ဘာလမှာ FTXဟာဒေဝါလီခံလိုက်တယ်။ (Silvergate)ဘဏ်ဟာ၁၉၈၈ခုနှစ်စထောင်စဉ်ကငွေစုငွေချေးလုပ်ငန်းတွေနဲ့စတင်ခဲ့တာဖြစ်တယ်။၂၀၁၀ခုနှစ်တွေမှာတော့ခရစ်တိုငွေကြေးဈေးကွက်မှာဝင်ကစားနေကြသူတွေကိုဘဏ်ဝန်ဆောင်မှုစပေးခဲ့တယ်။၂၀၂၂ခုနှစ်စတုတ္ထ၃လပတ်မှာဘဏ်အပ်နှံငွေ၉၀%ဟာခရစ်တိုငွေကြေးနဲ့ဆက်စပ်နေတယ်။အပ်နှံငွေအမေရိကန်ဒေါ်လာ၁ဘီလျံကျော်ဟာ FTXထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)နဲ့သက်ဆိုင်နေတယ်။…

(ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး)

(ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး) စာသားဖြင့် တင်ပြခြင်း။ အမေး – မတ်လ ၂၈ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်တော်လှန်ရေးလုပ်လာတာ ၇၅ နှစ်ရှိပါပြီ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လိုပြန်သုံးသပ်ပါသလဲ။ မှန်သလား။ မှားသလား။ အဖြေ – ကျနော်ပြောချင်တာက ကျနော်တို့တတွေ လက်နက်ကိုင်တော်လှန်ရေးသာ မလုပ်ခဲ့သော် ဆိုတဲ့ စဉ်းစားမှုမျိုးက ကျနော်တို့ တော်လှန်ရေးရဲ့အကွေ့အကောက်တွေအများကြီးထဲမှာ ခဏခဏ စဉ်းစားခဲ့ကြတဲ့ဟာတွေပါ။ ဘယ်အချိန်မှာ စဉ်းစားတိုင်း စဉ်းစားတိုင်း “ငါတို့သာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ခဲ့လို့ရှိရင် အခုချိန်မှာ ငါတို့ရှိမှာတောင်မဟုတ်တော့ဘူး” ဆိုတဲ့ အဲဒီအဖြေအထိ ထွက်တာပဲ။ ဒီနေ့…