ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို TM MEDIA မှ အင်တာဗျူး
ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို TM MEDIA မှ အင်တာဗျူး (စာသားဖြင့် ဖော်ပြချက်) မေးခွန်း။ ။PLA ရဲ့ စစ်ရေးနိုင်ငံရေးသင်တန်းတွေကို ဘယ်မှာပေးခဲ့သလဲ။ ဖြေဆိုချက်။ ။ PLA ရဲ့ စစ်ရေးသင်တန်းတွေကို အစပိုင်းက PLA ဖွဲ့စည်းတည်ထောင်မှုကို လက်ခံအားပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့တည်ရှိရာမှာ သင်တန်းပေးခဲ့ပါတယ်လို့ ယေဘုယျ ဖြေပါရစေ။ နောက်ပိုင်းမှာ မိမိရောက်ရှိရာဒေသတဝိုက်မှာ စစ်သင်တန်းတွေဖွင့်တာကို ကြိုးစားဆောင်ရွက်နေကြပါတယ်။ PLA ရဲ့နိုင်ငံရေးသင်တန်းတွေကိုတော့ စစ်ရေးသင်တန်းတက်ရောက်ချိန် အခွင့်သာတဲ့ဒေသမှာ သင်တန်းပေးပါတယ်။ ပြောရရင် PLA ကို နိုင်ငံရေးအရတည်ဆောက်ဖို့ နေရာဒေသမရွေး…
