Category စိန်ရတုအထိမ်းအမှတ်

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့ ငြိမ်းမောင်ဦး (ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်ပါတီမွေးအထိမ်းအမှတ်အဖြစ်ထုတ်ဝေမည့် အရေးတော်ပုံဂျာယ်နယ်တွင် ထည့်သွင်းဖော်ပြမည့် ဆောင်းပါး) ၁၉၈၉-ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဆုံးရှုံးမှုကြီးဟာ ပါတီသမိုင်းမှာ အကြီးမားဆုံးအထိနာမှုကြီးဖြစ်ခဲ့တယ်။ ထိချက်ပြင်းလှတဲ့ တော်လှန်ရေးလောကဓံမှာ ပါတီဟာအလူးအလဲခံခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေး(AS) ဆုံးရှုံးခဲ့ရသလို အခြေခံဒေသ၊ တပ် အားလုံးနီးပါးဆုံးရှုံး ပျောက်ကွယ်သွားခဲ့ရပေမယ့် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး(PDR) အလံကို ဆက်လက်ကိုင်စွဲပြီး( UG ) မြေအောက်ပါတီအနေနဲ့ ဆက်လက်ရပ်တည်ခဲ့တယ်။ ရန်သူကလက်နက်နဲ့ဖိနှိပ်လာရင် လူထုကလက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်တာတရားတယ်ဆိုတဲ့မူကိုတလျှောက်လုံး ရပ်ခံခဲ့တယ်။ ရေရှည်မြှုပ်နှံ အခွင့်အခါကောင်းကိုစောင့် ဆိုတဲ့လမ်းညွှန်အတိုင်း အခွင့်အလမ်းကောင်းကိုစောင့်ရင်း (AS) လက်နက်ကိုင်တော်လှန်ရေးပြန်လည်ရှင်သန်လာဖို့အခိုင်အမာ စည်းရုံးပြင်ဆင်ခဲ့တယ်။ အနှစ်…

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ အပိုင်း(၁) ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ရောက်လျှင် မိမိတို့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သက်တမ်းသည် ၈၅ နှစ်တင်းတင်း ပြည့်ပါတော့မည်။ မိမိတို့အနေနှင့် ဗမာပြည်နိုင်ငံရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံးပါတီကြီးတရပ်အဖြစ် ဂုဏ်ပြုရင်း ဥဒါန်းရင့်ကျူးရမည့်ကာလ၊ တဆက်တည်း …ကျလာသည့်တာဝန်များကို ၂ ဆတိုး ကြိုးပမ်းရမည့်ကာလ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ကလှန်ပစ်ရမည့်ကာလလည်း ဖြစ်နေသည်ကို သတိမူကြစေလိုသည်။ ဗမာပြည်ကဲ့သို့သော ခေတ်ပြောင်းခေတ်လွှဲ မင်းပြောင်းမင်းလွှဲများသော နိုင်ငံမျိုးတွင် ဤမျှ သမနိရှည်ကြာသော…

“တော်လှန်တဲ့အကောင်းမြင်ဝါဒ ကိုင်စွဲကြ”

“တော်လှန်တဲ့အကောင်းမြင်ဝါဒ ကိုင်စွဲကြ” အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါမှာ..အောင်မြင်ချက်ကိုလှမ်းမြင်နိုင်တာ….သိပ်သည်းတဲ့အမှောင်ထုထဲကျရောက်နေရချိန်မှာ..တောက်ပတဲ့အလင်းရောင်ကိုတွေ့အောင်ရှာနိုင်တာ…. ပြင်းထန်တဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ရချိန်မှာ…ဖောက်ထွက်ဖို့အခွင့်အလမ်းကို ညွှန်ပြနိုင်တာ…. ဒါတွေဟာ တော်လှန်တဲ့အကောင်းမြင်ဝါဒရဲ့  အတွင်းသဘောတွေပဲဖြစ်ပါတယ်။ တော်လှန်ရေးဟာ ဖိနှိပ်သွေးစုပ်တဲ့စနစ်ဟောင်းကိုဖြိုချတာဖြစ်လို့ လူ့သမိုင်းမှာအကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးအရေးတော်ပုံကြီးဖြစ် ပါတယ်။ ဖေါက်ပြန်တဲ့ဖိနှိပ်သူလူတန်းစားကလည်း ခေါင်းမာမာနဲ့ မီးကုန်ယမ်းကုန်ခုခံမှာဖြစ်လို့ ပြင်းထန်သည်းသန်တဲ့ ရန်ငါပဋိပက္ခတိုက်ပွဲအတွင်းမှာ မိမိဖက်ကလည်း ကြီးမားတဲ့ပေးဆပ်ရမှုတွေ စွန့်လွှတ်ရတာတွေ မုချရှိပေလိမ့်မယ်။ ကြိုတင်မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေ တွေ့ကြုံရနိုင်တယ်။ အတက်အဆင်းအကွေ့အကောက်တွေများတဲ့ ရေရှည်ခရီးကြမ်း ဖြစ်လို့ သားစဉ်မြေးဆက် တဗိုလ်ကျတဗိုလ်တက် တိုက်ပွဲဆင်သွားကြရမှာဖြစ်တယ်။  တော်လှန်ရေးခရီးကြမ်းကြီးမှာ တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ နောက်ဆုံးအောင်ပွဲရတဲ့အထိ ချီတက်သွားနိုင်ဖို့ မလွဲသာမရှောင်သာ ရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေကို တော်လှန်တဲ့ အကောင်းမြင်ဝါဒနဲ့ ကျော်လွှားသွားကြရမှာဖြစ်တယ်။…

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့ ၁၉၄၅ မေ ၉၊  ဒုတိယကမ္ဘာစစ်ပြီးဆုံးတယ်။ နာဇီဂျာမန်တပ်ဖွဲ့များဟာ ဆိုဗီယက်တပ်နီတော်နဲ့ မဟာမိတ်တပ်ဖွဲ့များထံ ၁၉၄၅ မေ ၈ မှာ လက်နက်ချတယ်။ ဂျပန်ဖက်ဆစ်များက ၁၉၄၅ ဩဂုတ် ၁၅ မှာ ဂျပန်ဘုရင့်အမိန့်ဖြင့် လက်နက်ချတယ်။ ဟစ်တလာက ၃၀ ဧပြီ(၁၉၄၅) က တည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မူဆိုလိုနီကို အစောပိုင်းကတည်းက လက်ရ ဖမ်းဆီးမိပြီး အီတလီပြောက်ကျားများက ကြိုးပေးကွပ်မျက်ခဲ့တယ်(၁၉၄၅)။ လူသားသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး အရက်စက်ဆုံးဖြစ်တဲ့ ဖက်ဆစ်ဝါဒအပေါ်…

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့ နိုင်ငံတကာသတင်းတွေမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲ (ဒီ-ဒေး) အနှစ် ၈၀ ပြည့် အထိမ်းအမှတ်သတင်းတွေ ဖော်ပြတာ တွေ့ရပါတယ်။ အနောက်အုပ်စုခေါင်းဆောင်များက ရုရှား-ယူကရိန်းစစ်ပွဲကိုအကြောင်းပြပြီး ဒုတိယကမ္ဘာစစ်အတွင်းက ကြီးမြတ်ဂုဏ်ပြောင်တဲ့ ဆိုဗီယက်ယူနီယံရဲ့အခန်းကို တညီတညွတ်တည်း ချန်လှပ်ဖုံးကွယ်ထားကြတယ်။ သမိုင်းကို ပုံဖျက်ပြောဆိုတာ ဖုံးကွယ်တာတွေလုပ်လို့ရနိုင်ပေမယ့် ဖြစ်တည်ပြီးခဲ့တဲ့အရှိတရားကိုတော့ ပြန်ပြင်ချင်လို့မရပါဘူး။  ဆိုဗီယက်တပ်နီတော်သာ အသက်သွေးချွေး အမြောက်အမြားပေးဆပ်ပြီးမတိုက်ခဲ့ရင် နော်မန်ဒီက အနောက်အုပ်စု စစ်သင်္ချိုင်းဟာ အခုထက် ပိုကြီးမယ့်အပြင် ရှုံးပွဲကြီးအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မှာပါ။ စတာလင်က အရှေ့နဲ့အနောက် စစ်မျက်နှာနှစ်ခုဖွင့်ပြီး ဂျာမနီကိုညှပ်တိုက်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အနောက်အုပ်စုမဟာမိတ်တွေ…

အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့

(ဗမာပြည်ကွန်မြူနစ်ပါတီ  စတင်တည်ထောင်ခဲ့တာ    ၈၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ်  ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်နဲ့ အရေးတော်ပုံဂျာနယ်တို့ကို ထုတ်ဝေမှာဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး ဖြစ်ပါတယ်။) အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့ ……. (၁) နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations – CFR) ဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံတကာဆက်ဆံရေးကို အထူးအလေးထားတဲ့ ကျွမ်းကျင်တဲ့ အမေရိကန်နိုင်ငံက ပညာရှင်အဖွဲ့တခုဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်တယ်။ လွတ်လပ်ပြီး ပါတီစွဲမရှိတဲ့ အမြတ်အစွန်းမရှာတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။…