Category စိန်ရတုအထိမ်းအမှတ်

မိခင်ကြယ်နီ

မိခင်ကြယ်နီ -အနာဂတ်ကို မျှော်တွေး ၁၃၀၀ပြည့် အတွေ့ကြုံ သင်ခန်းစာ ပြုရင်း တော်လှန်သော အတွေးခေါ် ပါတီတခု တိုးတက်သော ခေါင်းဆောင်မှုကို အသိပြုရင်း အောင်ဆန်း ဗဟိန်း သန်းထွန်း ဇင် ချစ် ဗသိန်းတင် တို့ခေါင်းဆောင်မှုနှင့် အတွေးခေါ်သစ် ရပ်တည်ချက်မှန်မှန် လူထုကို ဗဟိုပြု ဖက်ဆစ်ကို မြေလှန် နယ်ချဲ့ကို သဂြိုလ်ပစ်ရေး မာ့က်စ်လီနင် မော်အတွေး ဦးထိပ်ပန်ရင်း သွေးသစ်တွေလောင်း တိုက်ပွဲထဲက ပါတီ လူထုထဲက ပါတီ ဖေါက်ပြန်သူတို့ အကြံယုတ်နှင့် ဟန်လုပ်ပြီး ဝါဒတွေဖြန့်…

တော်လှန်တဲ့သဘောတရားနဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစု

တော်လှန်တဲ့သဘောတရားနဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစု နီအောင်ဝေ (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် ဆောင်းပါး) အင်္ဂလိပ်-ဗမာ ပထမအကြိမ် စစ်ဖြစ်တော့ နှစ်နှစ်နီးပါး ကြာတယ်၊ ဒုတိယအကြိမ်ဖြစ်တော့ ကိုးလခွဲလောက် ကြာတယ်၊ တတိယအကြိမ်ဖြစ်တော့ သုံးပတ်လောက်ပဲ ကြာတယ်။ ဗမာကိုတိုက်ရတာ တဆင့်ပြီးတဆင့် ပိုလွယ်လာတယ်၊ ရေမြေထီးနန်းလည်း တစတစနဲ့ ပိုပြီးတော့ပဲ့ပါသွားတယ်။ ဒါပေမဲ့ တပြည်လုံးအင်္ဂလိပ်လက်အောက်ကျပြီးမှ ပေါ်လာတဲ့ အနယ်နယ်အရပ်ရပ်က ပြောက်ကျားစစ်က ၁၈၈၅ ခုနှစ်မှ ၁၈၉၅ ခုနှစ်အထိ ဆယ်နှစ်ကြာတယ်။ ပြောက်ကျားစစ်ကိုနှိမ်နင်းရတာ ပိုခက်တယ်၊ ပိုကြာတယ်၊…

တဖြည်းဖြည်းတအိအိပြိုဆင်းလာနေတဲ့ –ဗမာ့တပ်မတော်။

တဖြည်းဖြည်းတအိအိပြိုဆင်းလာနေတဲ့ –ဗမာ့တပ်မတော်။ လှကျော်ဇော (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီနေ့အထိမ်းအမှတ် ဒီမိုကရေစီသစ်ဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ——-စစ်တပ်ဆိုတာပစ်ရင်-မှန်အောင်ပစ်တာ။ ——-အပေါ်ထောင်ပစ်တာ မပါဘူး။ ဒါကြောင့် နောင်ဆူဆူပူပူလုပ်မယ့်လူတွေ သတိသာထားကြပေတော့။—- ဒါတွေကတော့ ဗမာပြည်နဲ့ပြည်သူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲများအတွင်းကပေါ်ထွက်ခဲ့တဲ့ မျိုးချစ်ပြည်ချစ်ဗမာ့တပ်မတော်ကြီးကို ကြေးစားတပ်ကြီးအဖြစ်ပြောင်းလဲစေပြီး စစ်အာဏာရှင်စနစ်ရဲ့အကာအကွယ်ဒေါက်တိုင်လုပ်ပစ်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့စကားများပါ။ အလားတူ မင်းအောင်လှိုင်ကလည်း လုသတ် မီးရှို့ ဗုံးကြဲ၊ မြေကျန်ရင် ရပြီ။ လူတွေကတော့ အကုန်သေလည်း အရေးမကြီးဆိုတဲ့ ပေါ်လစီနဲ့ ပြည်တွင်းစစ်ကို တိုးချဲ့နေပါတယ်။ ဒီစကားများက ဗမာ့တပ်မတော်ကြီးဟာ ပြည်သူကိုရန်သူလို…

“ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့ အနှစ်(၂၀)ကျော်ခရီး”

“ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့ အနှစ်(၂၀)ကျော်ခရီး” (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး) ပြည်ချစ်ဝါဒလမ်းစဉ်ကို ပါတီက ၂၀၀၁ ခုနှစ် မှာချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီလမ်းစဉ်ရဲ့ခရီးဟာ အနှစ်(၂၀) ကျော်ခဲ့ပါပြီ။ အကွေ့အကောက် အတက်အဆင်းတွေ အခက်အခဲတွေနဲ့ဖြတ်ကျော်ခဲ့ရတဲ့ ဒီခရီးဟာ ပြည်ချစ်ဝါဒလမ်းစဉ်အတွက်တော့ သမိုင်းဖြတ်သန်းမှုထဲမှာ အစမ်းသပ်ခံရင်း မှတ်ကျောက်တင်ခဲ့ရတဲ့ စာမျက်နှာတွေပဲ ဖြစ်ပါတယ်။ ပါတီရဲ့အခြေခံလုပ်ငန်းစဉ်ဟာ ဗမာပြည်လူ့အဖွဲအစည်းကြီးရဲ့ မျက်မှောက်သမိုင်းခေတ်ကာလကြီးကို မာ့က်စ်ဝါဒ ရပ်တည်မှု၊ အမြင်၊ နည်းနာနဲ့ ပိုင်းခြားစိတ်ဖြာသုံးသပ်ပြီး ချမှတ်ထားတဲ့လမ်းစဉ်(ဝါ) (ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး PDR) ဖြစ်ပါတယ်။…