၂၁ ရာစု ကမ္ဘာနဲ့ ဗမာပြည်နွေဦးတော်လှန်ရေး
၂၁ ရာစု ကမ္ဘာနဲ့ ဗမာပြည်နွေဦးတော်လှန်ရေး ညီဌေးကျော် စစ်ကောင်စီဟာ အာဏာကိုလွယ်လွယ်သိမ်းခဲ့ပေမယ့် ဗမာပြည်သူလူထုကြီးရဲ့ ခုခံဆန့်ကျင်တော်လှန်မှုက ကြာလေကြီးမားပြင်းထန်လေဖြစ်လာတာကြောင့် အကျပ်အတည်း ကြီးသထက်ကြီးကာ အရူးမီးဝိုင်းဖြစ်နေပါတယ်။ မင်းအောင်လှိုင်ရုရှားမသွားခင် (၂၁ ဇွန်) ပြောခဲ့တဲ့ ကြည်းရေလေစစ်ဆင်ရေး လေးလပတ် အစည်းအဝေး (ပေါက်ကြားလာတဲ့)မိန့်ခွန်းမှာ – ကြေးစားတပ် ထိခိုက်ကျဆုံးများကြောင်း၊ တပ်နေရာ ချထားမှု ချီတက်ရှင်းလင်းမှု တပ်တည်-လိမ်လည်တင်ပြမှု မမှန်ကန်မှုများကြောင့်ဖြစ်ပြီး၊ တိုက်ပွဲမှာ ဦးဆောင်သည့်ခေါင်းဆောင်များရဲ့ အားနည်းချက် အများကြီးတွေ့ရကြောင်း၊ လုပ်ရဲကိုင်ရဲ သတ္တိမရှိဘဲကြောက်ရွံ့ကာ အမိန့်နာခံမှုမရှိသည့် ဖြစ်စဉ်များ တွေ့နေရကြောင်း စသဖြင့် ပြောသွားပါတယ်။…
