Category စိန်ရတုအထိမ်းအမှတ်

ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့

ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့ (လတ်တလောအခြေအနေ သုံးသပ်ချက်) မြစမ်းအေးယူကရိန်းစစ်ပွဲက ရုရှားနဲ့ ယူကရိန်းဖြစ်တာ၊ ပြည်ပကဝင်ရောက် တိုက်ခိုက်တာ။ ဗမာပြည်မှာက ပြည်တွင်းစစ်။ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်လာတဲ့ စစ်အစိုးရကို လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက လက်နက်ကိုင်ဆန့်ကျင်လာတဲ့ နွေဦးတော်လှန်ရေး ဖြစ်တယ်။နောက်ခံအကြောင်းချင်း မတူဘူး။ ယူကရိန်းက ဆိုဗီယက်ပြိုကွဲပြီး ပေါ်ပေါက်လာတဲ့နိုင်ငံ။ အနောက်အုပ်စုက sponsor ပြု၊ ပံ့ပိုးထားတဲ့ အရောင်တော်လှန်ရေးနဲ့အတူ မင်းပြောင်းမင်းလွှဲ regime change ဖြစ်လာတဲ့နိုင်ငံ။ ဗမာပြည်က လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သော်လည်း၊ နယ်ချဲ့ပေါင်းစုံကိုမှီခိုပြီး အချိန်အခါအလိုက် အရောင်ပြောင်းတတ်တဲ့ ဖက်ဆစ်စစ်အစိုးရ…

လူထုဟာ သမိုင်းဖန်တီးသူပါ

လူထုဟာ သမိုင်းဖန်တီးသူပါညီဌေးကျော် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန် Prak Sokhonm ရဲ့ မြန်မာပြည်ခရီး (မတ်၂၁-၂၃)ဟာ အူကြောင်ကြောင်နဲ့ ပြီးဆုံးသွားပါတယ်။ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်က (မြန်မာ့အရေးက ရှုပ်ထွေးတဲ့အတွက် ဒါကိုဖြေရှင်းဖို့ အချိန်ကြာကြာလိုအပ်တယ်။ ဒါ့ကြောင့် ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဒီနှစ်အတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး) လို့ ပြောပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံခေါင်းဆောင်များအပြင် အမေရိကန်၊ အီးယူ၊ တရုတ်၊ ဂျပန်၊ ကုလ စတဲ့ နိုင်ငံအသီးသီးက ခေါင်းဆောင်များ…

၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း

၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း အခြေခံကျကျကြည့်ရင် ကာလရှည်ကြာ စုပုံလာခဲ့ပြီး ပိုမိုသည်းသန်လာဆိုးဝါးလာနေတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ တခြားလူမှုရေးဒုက္ခများအပြင် ကိုဗစ်ရောဂါကပ် ဒဏ်များကြောင့် မခံမရပ်နိုင်ဖြစ်လာတဲ့ ပြည်သူများရဲ့ ခုခံဆန့်ကျင်မှုကို ဗြောင်ကျတဲ့ ဖက်ဆစ်အာဏာနဲ့ရင်ဆိုင်ဖို့အတွက်၊ တိုက်ရိုက် နိုင်ငံရေး အရကြည့်ရင် ရွေးကောက်ပွဲရလဒ်ဖျက်ဖို့အတွက် စစ်အုပ်စုက အာဏာသိမ်းလိုက်တာပဲ။ ဒါပေမဲ့ တကယ် ပျက်သုဉ်းတဲ့လမ်းကြောင်းပေါ် ရောက်သွားတာ သူတို့ပဲ။ ပြည်သူ့ ခုခံဆန့်ကျင်မှုကြောင့် သူတို့အာဏာ ထိန်းချုပ်မရအောင်၊ မတည်ငြိမ်အောင် ပျက်သွားတယ်။ “စစ်အုပ်စု ကို နိုင်ငံရေး ဦးဆောင်နေရာ မပေးရုံမက စစ်အာဏာရှင်စနစ်ကို…

ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် ကိုတူး ဗမာပြည်အရေး ကြားဝင်လာတဲ့ ကမ္ဘောဒီးယားသမ္မတဟွန်ဆန် နဲ့ ကုလအထူးသံ နိုလင်းဟေဇာတို့က မင်းအောင်လှိုင် ဖက်ဆစ်စစ်တပ်ကို လျစ်လျူရှုလို့ မရ၊ ညှိနှိုင်းဆွေးနွေးဖို့လိုကြောင်း ထုတ်ဖော်လာမှုဟာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတရပ်လုံးရဲ့ ဝိုင်းဆန့်ကျင်တာခံရလို့ ပြန်ရုပ်သိမ်းသွားပါတယ်။ ဗမာပြည်နွေဦးတော်လှန်ရေး တနှစ်ပြည့်မြောက်ချိန်မှာ မြို့တွေပေါ်မှာ တိတ်ဆိတ်ငြိမ်သက်သပိတ်နဲ့ လူငယ်များရဲ့နီရဲတဲ့သွေး လှုပ်ရှားမှုများနဲ့အတူ တပြည်လုံးအနှံ့ပျံ့နှံ့လာတဲ့ လက်နက်ကိုင်တော်လှန်ရေး သေနတ်သံတွေက ပြည်သူတရပ်လုံး ပိုမိုသွေးစည်းညီညွတ်ပြီး စစ်အုပ်စုကို ရန်-ငါစည်းပြတ်ကြောင်း သိသာပါတယ်။ စစ်ကောင်စီက တန်ပြန်သပိတ်အဖြစ် ငွေထုပ်ပိုက်ပြီး အမိန့်ထုတ် လူစည်အောင်လုပ်ပေမယ့် ကျီးနဲ့ဖုတ်ဖုတ်ပါပဲ။ နွေဦးတော်လှန်ရေးအတွင်း ပြည်သူတွေဟာ…

နွေဦးတော်လှန်ရေး သမိုင်းဆိုင်ရာ•

နွေဦးတော်လှန်ရေး သမိုင်းဆိုင်ရာ• မောင်သန်းမြရွှေ မီဒီယာ က ကြားသိရတဲ့သတင်းတွေအရ မင်းအောင်လှိုင်ရဲ့ စစ်ဆင်ရေးတွေ အထိအခိုက်အကျအဆုံး များလာတယ်။ ခြေလျင်တပ်တွေ အထိနာလာလို့ လေကြောင်းနဲ့ လက်နက်ကြီးအကူ မပါရင် မတိုက်ရဲဘူးဖြစ်လာတယ်။ အထိအခိုက်များလာတော့ စစ်ကောင်စီနဲ့ ကြေးစားတပ်ဟာ ပိုကြမ်းလာတယ်။ ကြွက်မနိုင်ကျီမီးနဲ့ရှို့ လုပ်နေတယ်။ မြို့တွေရွာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး လုယက်သတ်ဖြတ်တာတွေ၊ လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေ၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ကျေးလက်မှာသာမက မြို့ပေါ်တွေမှာပါ ရက်ရက်စက်စက် လုပ်လာတယ်။ ဒါ‌တွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၅၈…

(သခင်ဘဟိန်းကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်)

(သခင်ဘဟိန်းကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်)မော်ကွန်းတိုက်သုတေသီတဦး(၁)”တော်လှန်ရေး မဆုံးမီ ကွယ်လွန်ရရှာသည့် – အယ်ဒီတာချုပ်- ရဲဘော်ဘဟိန်း” ဆိုတဲ့ ခေါင်းစီးနဲ့ သခင်ဘဟိန်းကွယ်လွန်မှု ဝမ်းနည်းအထိမ်းအမှတ် စာတမ်းကို “ပြည်သူ့အာဏာ” အတွဲ ၂၊ အမှတ် ၂၀။ (၂၃-၁၁-၄၆) မှာ ဖော်ပြခဲ့တယ်။ငါတို့ ပြည်သူ့အာဏာ အယ်ဒီတာချုပ် ဖြစ်သော ရဲဘော်ဘဟိန်းသည် ၂၀ -၁၁-၄၆ ရက်နေ့နံနက် ၆ နာရီ အချိန်တွင် မန္တလေးမြို့ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စရောက်ခဲ့လေပြီ။ရဲဘော်ဘဟိန်းသည် ငါတို့ဆရာဖြစ်သည်။ရဲဘော်ဘဟိန်းသည် ငါတို့ခေါင်းဆောင်ဖြစ်သည်။ထို့ကြောင့်ငါတို့သည် ယူကြုံးမရ တသဝမ်းနည်းခြင်းဖြစ်ကြရသည်။ ရဲဘော်ဘဟိန်းကွယ်လွန်ခြင်းသည် ငါတို့အဘို့…