Category ဆောင်းပါး

ဂျင်နီ့ဘဝရုပ်ပုံလွှာ(သိန်းထွန်းနိုင်)

ဂျင်နီ့ဘဝရုပ်ပုံလွှာ (သိန်းထွန်းနိုင်) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —— မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ…

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ)

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၀ သြဂုတ် ၅ နေ့စွဲနဲ့ သတင်းတပုဒ်ဖတ်ရတယ်။ လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ဦးအား ခံဝန်ဝရမ်းထုတ်ပြီး ရုံးချိန်းထပ်မံပျက်ကွက်ပါက ဒဏ်ငွေသိန်း၅၀ ဆောင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့ဆိုတယ်။ မလာရင်ခွင့်မဲ့ဝရမ်းထုတ်မယ်။ တရားခံပြေး အဖြစ်ကြေညာမယ်။ ရဲကိုလွှတ်လိုက်ပြီး ရှာမယ်။ ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် တွေ့တဲ့နေရာဖမ်းမယ်လို့ ဆိုတယ်။ ဖြစ်စဉ်မှာ ဆန္ဒပြသပိတ်စခန်းဖွင့်တောင်းဆိုမှုကြောင့် အလုပ်သမား ၉၇ ဦးအား လှိုင်သာယာမြို့နယ် အလဆဦးစီးမှုးဦးသိန်းမင်းထွန်းက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ…

ကိုဗစ်လွန် ပုံမှန်အနေအထားသစ်(ညီဌေးကျော်)

ကိုဗစ်လွန် ပုံမှန်အနေအထားသစ် (ညီဌေးကျော်) ဩဂုတ်လလယ်မှာစတင်လာတဲ့ COVID-19 ဒုတိယလှိုင်းဟာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ရန်ကုန်ကို ဗဟိုပြုပြီး အကြီးအကျယ်ပျံ့နှံ့နေပါပြီ။ (၁၆−၁၀−၂၀၂၀ ည ၈ နာရီသတင်းအရ စုစုပေါင်းအတည်ပြုလူနာ ၃၃၄၈၈ ဦး၊ သေဆုံး ၇၉၉ ဦး ရှိပြီဖြစ်ပါတယ်)။ ဘယ်လောက်ထိ တိုးဦးမလဲ၊ ဘယ်တောါ့ထိန်းချုပ်နိုင်မလဲက ရေရေရာရာမရှိပါဘူး။ သာမန်လူထုသာမက ဆေးဝန်ထမ်းတွေ ဘုန်းကြီးတွေ သီလရှင်တွေ စစ်သားရဲသားတွေ ဝန်ထမ်းနဲ့အလုပ်သမားတွအထိ ပျံ့နှံ့နေပါပြီ။ ကျောင်းတွေပိတ်ထားလို့ တော်တော့တယ်။ (ရွေးကောက်ပွဲက ကိုဗစ်နဲ့တန်းတူမက ပိုအရေးကြီးတာကြောင့်) လူစုလူဝေးနဲ့ ဟေးလားဝါးလား မဲဆွယ်ပွဲတွေတော့ခွင့်ပြုထားပါတယ်။      ကုလသမဂ္ဂကော ပြည်သူတရပ်လုံးကပါ ရခိုင်စစ်ပွဲရပ်ဖို့…

၂၀၂၀ ရွေးကောက်ပွဲလွန် အရွေ့(ကိုတူး)

၂၀၂၀ ရွေးကောက်ပွဲလွန် အရွေ့ (ကိုတူး) ရွေးကောက်ပွဲ ၈ နိုဝင်ဘာမှာ ပြီးသွားပြီ။ ရွေးကော် UEC က မဲဆန္ဒနယ်တချို့ရဲ့အနိုင်အရှုံးကို တတိတိကြေညာနေသော်လည်း   အပြီးသတ်အနိုင်အရှူံးကို  ပြတ်ပြတ်သားသားမကြေညာနိုင်သေးဘူး။ တခြားပါတီများထံမှ ဘာသံမှမကြားရပေမယ့် ကြံ့ဖွံ့ကတော့ ရလဒ်ကိုလက်မခံသေးပဲ မဲမသမာမှုများရှိနေသဖြင့် ပြန်လည်စိစစ်ပေးရန်တောင်းဆိုထားတယ်။ ခရီးက မပြီးဆုံးသေးဘူးလို့ဆိုတယ်။  ဒီချုပ်ဘက်ကတော့ အစိုးရဖွဲ့နိုင်တာထက် ကျော်လွန်တဲ့ပမာဏနဲ့ တောင်ပြိုကမ်းပြိုတင်မက မိုးကောင်းကင်ပြိုကျသလို သူတို့ ပြတ်ပြတ်သားသား အနိုင်ရတယ်လို့ဆိုတယ်။    ၁၁ ရက်နေ့ညနေမှာ ရွေးကော်နဲ့ကြံ့ဖွံ့ အပြိုင်သတင်းစာရှင်းပွဲ လုပ်ကြတယ်။ ရွေးကော်က အမျှတဆုံးကျင်းပပေးခဲ့တဲ့ရွေးကောက်ပွဲဖြစ်ကြောင်း အငြင်းပွားမှုရှိရင် ရွေးကောက်ပွဲဥပဒေအရ ဒီမိုကရေစီနည်းကျဖြေရှင်းကြဖို့ ပြောသွားတယ်။ အနိုင်အရှုံးမဲရလဒ် အပြည့်အစုံကြေညာဖို့ ၅-၇…

ရွေးကောက်ပွဲပြီးတော့ဘာရမလဲ(ရဲဘော်ဖိုးသံချောင်း)

ရွေးကောက်ပွဲပြီးတော့ဘာရမလဲ (ရဲဘော်ဖိုးသံချောင်း) ငါးနှစ်တကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲကြီးတော့ပြီးသွားပြီ။ ဘယ်သူမှမျှော်လင့်မထားတဲ့ အဖြေတွေတွေ့ကြရပါတယ်။ ဒီချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကထက်တောင် ပိုပြတ်အောင်နိုင်ခဲ့ပါတယ်။ အများထင်မှတ်မထားတဲ့အဖြေလို့ဆိုရင်မမှားပါဘူး။ အများမျှော်လင့်ထားတဲ့ အကြိတ်အနယ်ပြိုင်ကြတဲ့မဲဆန္ဒနယ်ဆိုတာတွေလည်း မရှိသလောက်ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကတောင် အကုန်ထွက်မလာသေးဘူး အစိုးရရဲ့ထုတ်ပြန်ချက်၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲရလဒ်ကိုလက်ခံမယ်ဆိုတဲ့ ပြောကြားချက်၊ စစ်တပ်ရဲ့ထုတ်ပြန်ချက်၊ ဒီချုပ်ရဲ့ထုတ်ပြန်ချက်၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ပြောကြားချက်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ပြန်ကြားချက်စတာတွေ အလျှိုလျှိုထွက်လာကြတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကပဲ ဒီအဖွဲ့အစည်း အသီးသီးအတွင်းမှာ ဆွေးနွေးပြီး၊ ဆုံးဖြတ်ချက်ကျပြီးများဖြစ်နေသလား စဉ်းစားစရာ။ သဘာဝကျစွာပဲ ဗမာပြည်သားများနဲ့ ဗမာပြည်အရေးကိုစိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားများကတော့ ဒီရွေးကောက်ပွဲအလွန်မှာ ဗမာပြည်မှာ ဘာအပြောင်းအလဲတွေများတွေ့ရမလဲလို့ တွေးကြပါတယ်။ ဒီတခါရွေးကောက်ပွဲမှာဝင်ပြိုင်ကြတဲ့ ဒီချုပ်အပါ အဖွဲ့အစည်းကြီးတွေဟာ၂ဝ၁၅ရွေးကောက်ပွဲမတိုင်မီကပြောကြသလို သူတို့သာအစိုးရဖြစ် ရင်…

ရွေးကောက်ပွဲနောက်ကွယ်မှာ (မောင်သန်းမြရွှေ)

ရွေးကောက်ပွဲနောက်ကွယ်မှာ မောင်သန်းမြရွှေ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၅ နိုဝင်ဘာနေ့စွဲနဲ့ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ဒီချုပ်က ပြည်သူ့လွှတ်တော် ၂၅၈၊ အမျိုးသားလွှတ်တော် ၁၃၈ (ပြည်ထောင်စုလွှတ်တော် ၃၉၆ နေရာ)၊ ကြံ့ဖွံ့က ပြည်သူ့လွှတ်တော် ၂၆၊ အမျိုးသားလွှတ်တော် ၇ (ပြည်ထောင်စုလွှတ်တော် ၃၃ နေရာ) အနိုင်ရရှိပြီး၊ ကျန်နေရာများကတော့ တိုင်းရင်းသားပါတီ ၁၇ ပါတီတို့ အသီးသီးရရှိကြပါတယ်။ ဒီချုပ်ဟာ ဒုတိယအကြိမ် တောင်ပြိုကမ်းပြို ထမ်မံအနိုင်ရရှိတာဖြစ်ပြီး ပထမအကြိမ် (၂၀၁၅)ထက် ပိုမိုအနိုင်ရရှိတာလည်းဖြစ်တယ်။ ဒီချုပ်နိုင်တဲ့မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ပါတယ်၊…