Category ဆောင်းပါး

ရှေ့ကိုဆက်လက်ချီ၊ (တင်ဝင်း)

ရှေ့ကိုဆက်လက်ချီ၊ (တင်ဝင်း) စင်တင်ပေးခဲ့သူ မဲဆန္ဒရှင်များရဲ့မျှော်လင့်ချက်နဲ့ဆန့်ကျင်စွာ ၂၀၁၅ အစိုးရသက်တမ်းကာလမှာ စစ်အုပ်စုနဲ့ရင်ကြားစေ့ရေးဘက်လှည့်သွားတဲ့ NLD ရဲ့ ပေါ်လစီများကြောင့် စစ်အုပ်စုရဲ့ပြည်သူအပေါ် ဖိနှပ်စစ်ပြုတဲ့လုပ်ရပ်များဟာ ပိုအတင့်ရဲလာတယ်။ လက်ဝါးကြီးအုပ်အရင်းရှင်များရဲ့ လုပ်သားပြည်သူများအပေါ်  သွေးစုပ်မှုဟာလည်း ပိုပြင်းထန်ခဲ့တယ်။ ပြည်သူလူထုရဲ့ ဘဝအထွေအထွေအခြေအနေဟာလည်း ပိုဆိုးဝါးလာတယ်။ ဒီနောက်ခံမှာ အုပ်စိုးသူက စီမံခန့်ခွဲတဲ့ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးအစီအစဉ်အရ ၂၀၂၀ ရွေးကောက်ပွဲအတွင်း(၂၀၀၈ ခြေဥ ချည်မန်းကွင်းမှာ) NLD အပြတ်အသတ်အနိုင်ရသွားတယ်ဆိုတာ၊ သူ့အပေါ် လူထုက ဘယ်လောက်အားထားသလဲဆိုတဲ့သဘောဖော်ပြချက်သက်သက်အဖြစ် အပိုင်အနိုင်ကောက်ချက်ချလို့မရပါဘူး။ စစ်အုပ်စုအပေါ် လူထုက ဘယ်လောက်ဆန့်ကျင်သလဲဆိုတဲ့သဘောကို ရောင်ပြန်ဟပ်တာလည်း အဓိကကျတဲ့အကြောင်းရင်းအနေနဲ့ ပါနေမှာဖြစ်ကြောင်း အသေအချာပြောနိုင်ပါတယ် စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေးလုပ်ခဲ့တဲ့ NLD ကိုယ်တိုင်အပါအဝင် နိုင်ငံရေးပါတီများအပြင် စစ်အုပ်စုပါ ဒီအချက်ကို…

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း)

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း) အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ကိုဌေးလှဟာ ၁၉၆၁ ခုနှစ်မှာ ကျွန်တော်နဲ့အတူတူ တက္ကသိုလ်ကိုရောက်တာပါ။ ဒါပေမဲ့ သူဟာ တက္ကသိုလ်မရောက်ခင်ကတည်းကပဲ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ လက်ဝဲအင်အားစုတွေနဲ့တွဲမိ၊ ဆက်မိနေပါပြီ။ သာမန်ဆက်မိရုံမဟုတ်ပဲ သူ့ညီတယောက်အပါ အပေါင်းအသင်းတွေ အုံနဲ့ကျင်းနဲ့ဆက်မိကြတာပါ။ ၁၉၆၆ ခုနှစ်မှာ သူနဲ့ကျွန်တော်အဖမ်းခံရတော့ အဲဒီအထဲကတချို့ လည်း အဖမ်းခံရပါတယ်။ အဲဒီတချို့ဟာ ကိုကိုးကျွန်းအထိပါလာပါတယ်။ ပါလာသူတွေထဲမှာ ကဗျာဆရာ ကိုလေးမောင်လည်း ပါတာပေါ့။ သူ့(ရဲဘော်ဌေးလှရဲ့) စိတ်ဓာတ်၊ သူ့ကျဆုံးမှုဟာ ကိုကိုးကျွန်း တိုက်ပွဲတွေအပေါ်ဂယက်ရိုက်၊ အကျိုးပြုတယ်လိုဆိုရင်မမှားဘူးထင်ပါတယ်။ (ကျွန်တော်တို့တတွေ ရက်လေးဆယ် အစာငတ်ခံတိုက်ပွဲ အောင်ပွဲရပြီးတဲ့နောက်…

တက္ကသိုလ်ရာပြည့် ရောက်တော့မယ် (ခင်မောင်ဝင်း)

တက္ကသိုလ်ရာပြည့် ရောက်တော့မယ်။ (ကိုယ်တွေ့ သမိုင်းဖြစ်ရပ်မှန်) (ခင်မောင်ဝင်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ကျွန်တော်က အင်္ဂလိပ်ကိုလိုနီကျွန်ဘဝမှာ မွေးဖွားခဲ့ရသူပါ။ ဓမ္မတာအတိုင်း ကိုလိုနီပညာရေးစနစ်အောက်မှာ ကြီးပြင်းခဲ့ရတယ်။ တက္ကသိုလ်ရောက်တော့လည်း ပါလီမန်စနစ်က စစ်အာဏာရှင်စနစ်အကူးအပြောင်းကာလဆိုတော့ ငြိမ်းချမ်းစွာပညာသင်ကြားရေးကို မရရှိခဲ့ပါဘူး။ ပြေးရင်းလွှားရင်း တံတိုင်းကျော်ရင်း ကျည်ဆန်တွေကြားမှာ တက္ကသိုလ်ပညာ သင်ခဲ့ရပါတယ်။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုဟာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်တိုက်ပွဲ။ ဒါဟာ ကိုလိုနီခေတ် ပထမဆုံးပညာရေး တိုက်ပွဲပဲ။ ကျောင်းသားအခွင့်အရေးတိုက်ပွဲပဲ။ ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့…

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု (မြစမ်းအေး)

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု (မြစမ်းအေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး စာမျက်နှာ ၄၀၅ မျက်နှာရှိ အေဗဟင်လင်ကွန်းရဲ့ ရေးသားချက်နဲ့မိန့်ခွန်းများဆိုတဲ့စာအုပ်ထဲမှာ ဇန္နဝါရီ ၁၉၊ ၁၈၆၃ ရက်စွဲနဲ့ ပေးစာတစောင်ပါရှိပါတယ်။ “မန်ချက်စတာ အင်္ဂလန်အလုပ်သမားများသို့”လို့ လိပ်မူပြီး ‘ယခုလအစောပိုင်းမှာ ကျွန်ုပ်ထံ ပေးပို့လိုက်သော သင်တို့၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ဆုံးဖြတ်ချက်များကို လက်ခံရရှိတဲ့အတွက် အသိအမှတ်ပြု ဂုဏ်ယူပါတယ်’ လို့ အစချီထားပါတယ်။  ဒီစာမှာ လင်ကွန်းက မန်ချက်စတာ ချည်စက်အလုပ်သမားများရဲ့ မုန်တိုင်းထန်သော ၁၈၆၂ နှစ်ကုန် ပိုင်းမှာကျင်းပခဲ့တဲ့ လွတ်လပ်စွာကုန်သွယ်ရေး မြို့တော်ခန်းမဆောင်ညီလာခံဆုံးဖြတ်ချက်ကို…

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ် (ကိုထွေး)

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ်။ (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄)မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှု မတားဆီးနိုင်ခြင်းမှာ ပြည်ပက ကူညီမှုတွေရှိနေတာကြောင့်လို့ သူ့ရဲ့ ရုရှားမီဒီယာတခုနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒီပြောဆိုပုံဟာ ကိုယ့်ကြောင့် ဖြစ်နေတာဆိုတဲ့အကြောင်းရင်းကို ဖုံးကွယ်ပြီး ကိုယ့်အပြစ်ကိုသူများတွေအပေါ် ပုံချလိုက်တဲ့ အပြောပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။  ဒီလိုစကားကို ရုရှားနိုင်ငံမှာ၊ မီဒီယာမှာ၊ ခုလို ရွေးကောက်ပွဲ အကြိုကာလမှာ ပြောလိုက်တယ်ဆိုတော့ သူ့မှာ တခြားရည်ရွယ်ချက် တွေလည်း ရှိလိမ့်မယ်ဆိုတာ အားလုံးက သဘောပေါက်ကြမှာပါပဲ။ ဒီမှာ သူ့ရဲ့တခြားရည်ရွယ်ချက်များအကြောင်းမပြောဘဲ ငြိမ်းချမ်းရေးမရ ရတဲ့အကြောင်းကိုပဲ ပြောချင်ပါတယ်။ အင်တာဗျူးမှာပြောတဲ့သူ့စကားကို အဓိပ္ပာယ်ကောက်ရရင်…

ကမ္ဘာကြီးကို စစ်နှုတ်ခမ်းဆွဲပို့နေတဲ့အိမ်ဖြူတော်နဲ့ပင်တာဂွန်ကအာဏာရှိသူတွေ

စစ်အေးစစ်ပွဲဆိုတာကြီး ပြီးသွားတာ အနှစ်သုံးဆယ်နီးပါး ရှိပြီဖြစ်ပေမယ့် စစ်အေးစစ်ပွဲပြီးဆုံးသွားတာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နယ်မြေလုပွဲတွေကတော့ ဒီနေ့အထိ မပြီးဆုံးနိုင်တာကို ကမ္ဘာအနှံ့အပြားမှာ တွေ့နေကြရပါတယ်။ စစ်အေးစစ်ပွဲနဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့အကြားမှာ မတူတာတခုက တကယ်အားပြိုင်တဲ့ဘက်နှစ်ဘက်တို့ တဦးနဲ့တဦး ထိပ်တိုက်စစ်ရေးအရ မရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ကမ္ဘာစစ်တွေဟာ နယ်မြေလုတဲ့စစ်ပွဲလို့ ခေါ်ဆိုနိုင်သလို စစ်ကြီးတွေ ပြီးသွားတဲ့အခါမှာလည်း ကိုလိုနီ၊ ဒါမှမဟုတ် ကိုလိုနီတပိုင်းနိုင်ငံတွေ၊ သြဇာခံနယ်မြေတွေ ခွဲဝေပြီးသားဖြစ်သွားပေမယ့် စစ်အေးစစ်ပွဲ ပြီးသွားတဲ့နောက်မှာတော့ နယ်မြေလုပွဲ၊ သြဇာခံဒေသလုပွဲတွေဟာ ဒီတော့မှ စတယ်လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို…