Category ဆောင်းပါး

၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ ညိုစိန်ဝင်း

၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ညိုစိန်ဝင်းအရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီးသည် ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စု၏ စစ်အာဏာသိမ်းမှု စတင်သည်နှင့် မကြာမီအချိန်အတောအတွင်း ဆရာဝန်များက အလုပ်မတက်ဘဲ အာဏာဖီဆန်မှုဖြင့် သပိတ်မှောက်ခြင်း၊ ဗမာပြည်တဝန်း ပြည်သူအသီးသီးက မိမိတို့အိမ်တွင်းမှနေ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆန့်ကျင်သပိတ်မှောက်ခြင်းတို့ဖြင့် စတင်လိုက်ပေသည်။ သည့်နောက်များမကြာမီပင် ရန်ကုန်မြို့တွင် အလုပ်သမား၊ ကျောင်းသားလူငယ်၊ တိုင်းရင်းသားလူငယ်တို့က လမ်းပေါ်ထွက်ဆန္ဒပြမှု စတင်ဖောက်ခွဲလိုက်သည်နှင့် လူထုသပိတ်သည် တောမီးပမာ တပြည်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားကာ တပြည်လုံးလက္ခဏာဆောင်သော…

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး)

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး) အမေရိကန် စစ်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်တရုတ်ပင်လယ်ထဲကို ချင်းနင်းဝင်ရောက် သွားခဲ့ပါပြီ။ ဒါက သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ တရုတ်ပြည်ရေးရာအယူအဆကို စတင် ဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။ စစ်သင်္ဘော သီအိုဒိုရုစဗဲ့ တောင်တရုတ်ပင်လယ်ထဲ ချင်းနင်းဝင်ရောက်လာတာနဲ့အတူ ဘိုင်ဒင်အစိုးရဟာ တရုတ်ပြည်ရေးရာ ထရန့်ပေါ်လစီတချို့ကို သဘောတူကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး။ တရုတ်အစိုးရက ဝီဂါတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ထရမ့်အစိုးရအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ပြောဆိုချက်ကို ဂျိုးဘိုင်ဒင်က သဘောတူကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဝီဂါလူမျိုးတွေဟာ တရုတ်ပြည်အနောက်ပိုင်း စင်ကျန်းပြည်နယ်ထဲက အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပါ။…

မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ)

မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ) စစ်တပ်က ရွေးကောက်ပွဲရလာဒ်ကို ပြဿနာရှာနေတာ မပြီးနိုင်မစီးနိုင်။ ဒီချုပ်ပါတီကိုမဲပေးရာမှာ မဲမသမာမှုတွေဖြစ်ခဲ့တယ်ဆိုရင်တောင် အာဏာပိုင်အစစ်အမှန်ဖြစ်တဲ့စစ်အုပ်စုလက်ချက်သာဖြစ်လိမ့်မယ်။ ဒီချုပ်ဟာ ရွေးကောက်ပွဲနိုင်ဖို့ မဲခိုးရမယ့်ပါတီမဟုတ်တာ ပြည်တွင်းပြည်ပ သိသာမြင်သာတဲ့ကိစ္စပါ။ ဒါပေမဲ့ စစ်အုပ်စုက ဘာကြော င့်ပြဿနာရှာနေသလဲ။ ဒီချုပ်ဆက်ပြီး အစိုးရနေရာ၊ လွှတ်တော်နေရာတွေမှာ နေရာယူမှာကို မလိုလားတာတခုတည်းတော့မဟုတ်ဘူး။ ရွေးကောက်ခံအစိုးရမှာရှိတဲ့အာဏာဆိုတာ မဖြစ်စလောက် ယောင်ပြဆိုတာ သူတို့အသိဆုံးပဲ။ အခြေခံဥပဒေ အတည်ပြုပွဲကစလို့၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲတွေမှာ သူတို့မဲခိုး၊ မဲလိမ်၊ မဲဝယ်၊ မဲဓားပြတိုက်ခဲ့သမျှ ဘူးပေါ်သလိုပေါ်ခဲ့တာတွေအတွက် သူခိုးကလူပြန်ဟစ်ပြီး ဒီချုပ်ကို တန်းညှိချင်တာ၊ ၂၀၀၈…

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်)

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်) ၂၀၀၈ ခြေဥပေးထားချက်အောက်ကကျင်းပတဲ့ (၂၀၁၅၊ ၂၀၂၀) ရွေးကောက်ပွဲ ၂ ကြိမ်စလုံး ခွက်ခွက်လန်ရှုံးနိမ့်သွားတဲ့ စစ်အုပ်စုကိုယ်စားပြုကြံ့ဖွံ့ပါတီဟာ သူ့ရှေ့က ဗိုလ်နေဝင်းဆိုရှယ်လစ်ပါတီ(မဆလ)လိုပဲ နိုင်ငံရေးအမှိုက်ပုံးထဲရောက်သွားတော့မယ့် အခြေအခြေအနေပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ ကြံ့ဖွံ့အပေါင်းအပါများ ၂၆% ပေါင်းပြီး အစိုးရတရပ်ဖွဲ့ကာ သမ္မတလုပ်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာလည်း ပူဖေါင်းပေါက်သလို ပေါက်ကွဲလွင့်ပြယ်သွားတဲ့နောက် ဗိုလ်မင်းအောင်လှိုင်တယောက် တနေ့တမျိုးဇာတ်ထုတ်တွေခင်းလာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လို၊ မဲမသမာမှုတွေ တွေ့ရှိထား၊ ရခိုင်မှာ ရွေးကောက်ပွဲ ထပ်လုပ်ဖို့လို၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ဖို့လို၊ သမ္မတနဲ့ရွေးကော်ကို အရေးယူဖို့ တရားလွှတ်တော်ချုပ်မှာ…

အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း)

အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း) စစ်တပ်က အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ သတင်းက ရွေးကောက်ပွဲအကြိုကာလကတည်းက ထွက်နေတဲ့သတင်းပါ။ အခု ရွေးကောက်ပွဲပြီးသွားလို့ အနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်နေတဲ့ကာလအထိ ဒီလေသံ ဒီသတင်း ထွက်နေတုန်းပါပဲ။ ဒီတခါ ထူးခြားတာကတော့ ဒီချုပ်ပါတီဘက်ကပါ အာဏာသိမ်းချင်သူတွေအနေနဲ့ ဖြစ်လာမယ့်ရလဒ် အကျိုးဆက်ကို ထည့်စဉ်းစားပါလို့ တုံ့ပြန်တဲ့အထိ ဖြစ်လာရတာပါပဲ။ ဒီချုပ်အနေနဲ့က ဒီလောက်တုံ့ပြန်ဖို့ကိုတောင် အတော်အားယူကြိုးပမ်းရပုံပါ။ ရွေးကောက်ပွဲအကြိုကာ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့သတင်းတွေထွက်လာကည်းက ကြိုတင်တွက်ဆရခဲ့တာတွေရှိပါတယ်။ စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီတို့ဘက်က ရွေးကောက်ပွဲကိုတော့ ဖျက်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲရလာဒ်က သူတို့မျှော်မှန်းသလို ဖြစ်မလာရင်တော့ ရွေးကောက်ပွဲကို မသမာဘူးဆိုပြီး သူတို့ကိုယ်တိုင်က…

တော်လှန်ရေး၏ လင်းယုန်နီနှင့်အတူ(သိန်းထွန်းနိုင်)

တော်လှန်ရေး၏ လင်းယုန်နီနှင့်အတူ သိန်းထွန်းနိုင် အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့် ဆောင်းပါး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ကွန်မြူနစ်တော်လှန်ရေးသမား ရိုဇာလူဇင်ဘတ် ကျဆုံးတာ ၁၀၂ နှစ်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ သူနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ ကားလ်လိဘနက် ကျဆုံးတဲ့နေလည်း ဖြစ်တယ်။ ကျဆုံးချိန်မှာ နှစ်ယောက်လုံး အသက် ၄၇ နှစ်သာ ရှိပါသေးတယ်။ လိဘနက်ထက် လအနည်းငယ်သာပိုကြီးတဲ့ ရိုဇာလူဇင်ဘတ်က ၁၉၀၁ ခုနှစ်မှာ လီနင်နဲ့စတွေ့ဖူးတယ်။ ၁၉၀၅ ခုနှစ်နဲ့၁၉၀၆ ခုနှစ် ရုရှားနဲ့အရှေ့ဥရောပ…