Category ဆောင်းပါး

စာတည်းအဖွဲ့အမှာ

စာတည်းအဖွဲ့အမှာ အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် (၆) စာတည်းအဖွဲ့အမှာ (အပိုင်း ၁) (နိဒါန်း) (မင်းအောင်လှိုင်တို့ရဲ့ သွေးခွဲနည်းပရိယာယ်ခြေလှမ်းတွေကို သတိထားနိုင်ဖို့ လျှို့ဝှက်ချက်တခုကို မိတ်ဆက်ပေးပါမယ်။ မင်းအောင်လှိုင်က ကျွန်တော်တို့ပါတီဆီကို စိတ်ချရတဲ့ ပုဂ္ဂိုလ်တဦးကတဆင့် အတွင်းစကားတခု ပို့ဖူးတယ်။ “ကျွန်တော်တို့အတွင်းမှာ ဒီငါတကောကော လုပ်တဲ့မိန်းမကြီးနဲ့တော့ အလုပ်တွဲလုပ်သွားလို့ မဖြစ်တော့ဘူး”တဲ့။ (အေး-မင်းပြောတာတွေ ငါကတော့ ပါတီကို အစီရင်ခံရမှာပဲ)ဆိုတော့ “ခင်ဗျားတို့ပါတီ သိစေချင်လို့ ပြောတာပဲ”တဲ့။ ဒါဟာ ကြောင်လက်နဲ့ ပြာပူ အယက်ခိုင်းတဲ့ ကိစ္စ၊ လမ်းစဉ်မတူကြလို့ NLD နဲ့…

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ(တော်လှန်ရေး ရုပ်ပုံလွှာ)မောင်လှဝင်း(မြင်းခြံ)အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်-၅ မှာ ဖော်ပြမယ့်ဆောင်းပါး> ဗမာပြည်ကွန်မြူနစ်ပါတီပါတီရဲ့ “တော်လှန်ရေးဂျာနယ်”(၁၉၅၀ ခုနှစ်ထုတ်)ထဲမှာ ဒို့ခေါင်းဆောင်ကြီး သခင်သန်းဖေဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ဖူးတယ်။ ဆောင်းပါးရဲ့အဆုံးသတ်မှာ (သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့)လို့ ဥဒါန်းကျူးရင့်ခဲ့တယ်။ ဂျာနယ်ကျော် ဒေါ်မမလေးဟာ သူ့ရဲ့ “သွေး”နဲ့ “ရင်နင့်အောင်မွှေး”ဝတ္တုတွေ ဂျပန်ဘာသာပြန်ဆိုဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဂျပန်ပြည်ကို သွားရောက်ခဲ့တယ်။ ဗမာပြည် စစ်အတွင်းကာလတုန်းက ကင်ပေတိုင်စစ်ဗိုလ်လုပ်ခဲ့ဖူးတဲ့ ဂျပန်တယောက်နဲ့ ဂျပန်ပြည်မှာတွေ့ဆုံမိတော့ “သခင်သန်းဖေ ရှိသေးလား”လို့ စိတ်ဝင်တစား မေးမြန်းတယ်။ ဂျာနယ်ကျော် ဒေါ်မမလေးက…

ကမ္ဘာမကြေတဲ့တိုင်းပြည်

ကမ္ဘာမကြေတဲ့တိုင်းပြည်(မောင်သန်းမြရွှေ) မင်းအောင်လှိုင်စစ်ကောင်စီက ဖိနှိပ်ရေးလက်တံ တိုးချဲ့လာနေတယ်။ အပစ်အခတ်ရပ်စဲရေး ၂၀၂၂ ကုန်အထိ ၁၀လတိုးတယ်ဆိုသော်လည်း ထိုးစစ်တွေမရပ်တဲ့အပြင် လူနေရပ်ရွာတွေကို မြေလှန်မီးရှို့နေတယ်။ အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ် လူမဆန်တဲ့ ရက်စက်မှုမျိုးကိုလည်း လက်ရဲဇက်ရဲ ကျူးလွန်လာတယ်။ အရပ်သားတွေကို ဓားစာခံလုပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တယ်။ လူနေအိမ်တွေကို လက်စားချေ ဗုံးကြဲပစ်ခတ် မီးရှို့ဖျက်စီးနေတယ်။ ရွာတွေထဲဝင် အဖိုးတန်ပစ္စည်းတွေယူ ရွာလုံးကျွတ်နီးပါး အိမ်တွေမီးရှို့နေတယ်။ ဒါတွေဟာ လူထုကြီးကို ငြိမ်ဝပ်ပိပြား ကြောက်လန့်တကြားဖြစ်အောင် ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေပါပဲ။ Data for…

မျက်မှောက်အခြေအနေသုံးသပ်ချက်

မျက်မှောက်အခြေအနေသုံးသပ်ချက် (၁) နိုင်ငံတကာ့အခြေအနေ။ ၈၈ နဲ့ မတူဘူး။ ၈၈ တုန်းက ဆိုဗီယက်ပြို၊ ICM ဒီရေနိမ့်၊(ယခုလည်း ICM ဒီရေမြင့် ရောက်ပြီဟု မဆိုလို) လစ်ဘရယ်ဒီမိုကရေစီ ကမ္ဘာပတ်နေ၊ သမိုင်းနိဂုံးချုပ်ပြီလို့ သုံးသပ်ကြ။ ယခုက ၂၀၀၈-၁၀ အရင်းရှင်စီးပွားကပ် ရှည်ကြာလာ၊ အမေရိကန် စူပါဝါ အကျ စည်းစနစ်ဟောင်းတွေအလုပ်မဖြစ် စည်းစနစ်သစ်လည်း မပေါ်ပေါက်သေး၊ ၂၁ရာစု ဂလိုဘယ်စီးပွားရေးနဲ့ နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ကာလ၊ COVID ဒဏ်သင့်နေတဲ့ကာလ။ လွန်ခဲ့တဲ့ နှစ်၁၀၀ လောက်က ပထမကမ္ဘာစစ် မတိုင်မီကာလလိုပဲ…

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)—-ထွန်းဇင်အောင် ၁၉၀၆ ခု စက်တင်ဘာ ၃၀ ရက်စွဲဖြင့် Proletary, No. 5 မှာပါရှိတဲ့ လီနင်ရဲ့ Guerrilla Warfare ‘ပြောက်ကျားစစ်’ ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။ ပြောက်ကျားစစ်ဆင်ရေးကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီရော၊ အလုပ်သမားတွေရော အတော်လေး စိတ်ဝင်စားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အလွတ်သဘောလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ။ အခု ကျွန်တော်တို့ ကတိပြုခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့အမြင်တွေကို ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့တင်ပြပါရစေ။ အပိုင်း (၁)အစကပဲ စပြောကြရအောင်။ တိုက်ပွဲပုံစံတွေနဲ့ဆိုင်တဲ့ပြဿနာအပေါ်…

နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး)

နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် -၅ မှာ ဖော်ပြမယ့်ဆောင်းပါး ကွန်မြွန်း(ဘုံအဖွဲ့)အဓွန့်ရှည်ပါစေဆိုတဲ့ မိုးခြိမ်းသံနဲ့အတူ မတ်လ ၁၈ (၁၈၇၁) မှာ ပဲရစ်ဟာ နိုးထလာတယ်။ သာမန်အလုပ်သမားများဟာ အုပ်စိုးသူအခွင့်ထူးခံလူတန်းစားရဲ့ သဘာဝအရစိုးမိုးမှုဆိုတာကို ပထမဆုံးအကြိမ် ချိုးဖျက်အန်တုလိုက်တဲ့အခါ … မြို့တော်ခန်းမထက်မှာလွင့်ပျံနေတဲ့ အလုပ်သမားသမ္မတနိုင်ငံတော်ရဲ့သင်္ကေတ အနီရောင်အလံတော်အောက်မှာ ကမ္ဘာဟောင်းဟာ ကြောက်လန့်ချောက်ချား အလူးလူးအလဲလဲ ဖြစ်သွားတယ်။ (ကားလ်မာ့က်စ်၊ ပြင်သစ်ပြည်တွင်းစစ်)” ပြင်သစ်-ပရပ်ရှား(ယခုဂျာမနီ)စစ်ပွဲ ပြီးဆုံးတဲ့ကာလပိုင်း ၁၈၇၁ မတ်လ ၁၈…