ရွေးကောက်ပွဲပြီးတော့ဘာရမလဲ(ရဲဘော်ဖိုးသံချောင်း)
ရွေးကောက်ပွဲပြီးတော့ဘာရမလဲ (ရဲဘော်ဖိုးသံချောင်း) ငါးနှစ်တကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲကြီးတော့ပြီးသွားပြီ။ ဘယ်သူမှမျှော်လင့်မထားတဲ့ အဖြေတွေတွေ့ကြရပါတယ်။ ဒီချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကထက်တောင် ပိုပြတ်အောင်နိုင်ခဲ့ပါတယ်။ အများထင်မှတ်မထားတဲ့အဖြေလို့ဆိုရင်မမှားပါဘူး။ အများမျှော်လင့်ထားတဲ့ အကြိတ်အနယ်ပြိုင်ကြတဲ့မဲဆန္ဒနယ်ဆိုတာတွေလည်း မရှိသလောက်ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကတောင် အကုန်ထွက်မလာသေးဘူး အစိုးရရဲ့ထုတ်ပြန်ချက်၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲရလဒ်ကိုလက်ခံမယ်ဆိုတဲ့ ပြောကြားချက်၊ စစ်တပ်ရဲ့ထုတ်ပြန်ချက်၊ ဒီချုပ်ရဲ့ထုတ်ပြန်ချက်၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ပြောကြားချက်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ပြန်ကြားချက်စတာတွေ အလျှိုလျှိုထွက်လာကြတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကပဲ ဒီအဖွဲ့အစည်း အသီးသီးအတွင်းမှာ ဆွေးနွေးပြီး၊ ဆုံးဖြတ်ချက်ကျပြီးများဖြစ်နေသလား စဉ်းစားစရာ။ သဘာဝကျစွာပဲ ဗမာပြည်သားများနဲ့ ဗမာပြည်အရေးကိုစိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားများကတော့ ဒီရွေးကောက်ပွဲအလွန်မှာ ဗမာပြည်မှာ ဘာအပြောင်းအလဲတွေများတွေ့ရမလဲလို့ တွေးကြပါတယ်။ ဒီတခါရွေးကောက်ပွဲမှာဝင်ပြိုင်ကြတဲ့ ဒီချုပ်အပါ အဖွဲ့အစည်းကြီးတွေဟာ၂ဝ၁၅ရွေးကောက်ပွဲမတိုင်မီကပြောကြသလို သူတို့သာအစိုးရဖြစ် ရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကိုရအောင် ပြင်မယ်၊ ငြိမ်းချမ်းရေး ရအောင်ယူပေးမယ်စတဲ့ အခိုင်အမာကတိမျိုးတွေ မပေးခဲ့တာကိုလည်းမစဉ်းစားဘဲမနေနိုင်ကြဘူး။ သူတို့တတွေအနေနဲ့ ၂ဝ၁၅ရွေးကောက်ပွဲအတွေ့အကြုံအရ ရွေးကောက်ပွဲမှာအပြတ် အသတ်အနိုင်ရလည်း ဘာမှမလုပ်နိုင်ဘူးဆိုတာကို သဘောပေါက်လက်ခံလိုက်ကြတဲ့ သဘောလားပဲ။ စစ်တပ်(စစ်အုပ်စု) အင်အားနဲ့ ဒီမိုကရေစီအင်အားစုများဆိုတဲ့ အထဲကပဲ ရွေးစရာရှိတဲ့အခြေအနေအောက်မှာ ပြည်သူတွေက ဒီချုပ်ကို အပြတ်ရွေးသွားကြတာလို့ပဲ မြင်ပါတယ်။ အခုတော့ ရွေးကောက်ပွဲကိစ္စက ပြီးသွားပါပြီ။ ဘာများ မျှော်လင့်စရာ ရှိပါသလဲ ။ ပြီးခဲ့ငါးနှစ်တာအတွေ့အကြုံအရ တိုင်းပြည်ကြီးမွဲသထက်မွဲလာတာ၊… Read More »




