ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ်
ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ် ကျော်ဇင်မင်း အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇ အညာကိုမရောက်တာကြာပြီဖြစ်သော ကျွန်တော့်အတွက် ညောင်ပြာသာဒ်ကြီးကို တွေ့လိုက်ရသည်နှင့် ခံစားချက်တို့ ထက်မြက်နိုးကြား လာလေသည်။ ညောင်ပြာသာဒ်ပင်ကြီးကား ခန်းနားကြီးကျယ်လှသည်။ အုံ့အုံ့ဆိုင်းဆိုင်းရှိလှသည်။ အံ့ဘနန်း ထူးခြားဆန်းကြယ်လှသည်။ ညောင် ပင်ကြီးမှသည် ကြီးမားထယ်ဝါသော အကိုင်းကြီးတွေ အဖက်ဖက်သို့ ဖြာထွက်နေသည်။ ထိုဖြာထွက်နေသောအကိုင်းကြီးတွေမှသည် ညောင်မုတ်ဆိတ်တွေ မြေသို့ တွဲရရွဲကျဆင်းနေကြသည်။ ညောင်မုတ်ဆိတ်တို့သည် အမြစ်မှသည် ပင်စည်အဖြစ်သို့ ကြီးထွား သန်မာ လာပြန်သောအခါ ညောင်ပင်ကြီး အောက်တွင် ညောင်ပင်တွေ အများကြီးပေါက်နေသလို ဖြစ်နေသည်။…
