ဂျင်နီ့ဘဝရုပ်ပုံလွှာ(သိန်းထွန်းနိုင်)
ဂျင်နီ့ဘဝရုပ်ပုံလွှာ (သိန်းထွန်းနိုင်) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —— မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ လေ့လာလိုက်စားတယ်။ ငယ်စဉ်ကတည်းက ကျားမတန်းတူရေးအမြင်တွေလည်းရှိတယ်။ သူတို့နှစ်ယောက် လက်ထပ်တဲ့အခါ အဖေတွေ မရှိကြတော့ဘူး။ ဆွေမျိုးသားချင်းတွေ ဖေးမတဲ့အကူအညီ နည်းနည်းပါးပါးကလွဲလို့ ကိုယ့်ဒူးကိုယ့်ချွန် ရုန်းကန်ရတယ်။ လက်ထပ်ပြီးနောက် ဇနီးမောင်နှံနှစ်ယောက် ပါရီကိုသွားကြတယ်။ ရက်ဒီကယ်တွေနဲ့ဝိုင်းဖွဲ့မိတယ်။ မာ့က်စ်နဲ့အိန်ဂယ် တသက်တာ ရဲဘော်ရဲဘက်တွေအဖြစ် စပြီးလက်တွဲမိတာ အဲဒီကာလမှာပါ။ ပြင်သစ်အာဏာပိုင်တွေက မာ့က်စ်တို့မိသားစုကို ပါရီကနေ နှင်ထုတ်တယ်။ ဂျင်နီလည်း အိမ်ထောင် ပရိဘောဂတွေ အကုန်ရောင်းချပစ်ရတယ်။ ဒါတောင် အိမ်ငှားခ… Read More »