Category သတင်းနှင့်မှတ်ချက်

စိတ်ဝင်စားစရာ သတင်းတိုထွာ

စိတ်ဝင်စားစရာ သတင်းတိုထွာ မြစမ်းအေး အိုင်ယာလန်ဘိုးဘိုးအောင် Apple ၂၀၁၅ အိုင်ယာလန် GDP ၂၆ ဒဿမ ၃ ရာခိုင်နှုန်း တိုးကြောင်း အိုင်ယာလန်ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်က စီးပွားရေးပညာရှင်များအကြား ရယ်စရာဟာသတပုဒ် ဖြစ်နေတယ်။ စီးပွားရေးနိုဘယ်ဆုရှင် ပေါလ်ခရုမန် က ‘ဘိုးဘိုးအောင်စီးပွားရေး’ Leprechaun economics လို့လှောင်တယ်။ ကုန်စည် တိုးထုတ်လို့လား။ လူထုဝင်ငွေ တိုးလာလို့လား။ နိုင်ငံတော်ထုတ်ကုန် တိုးလာလို့လား။ တခုမှမဟုတ်ပါ။ တကယ်တော့ EU အဖွဲ့ဝင် အိုင်ယာလန်ဟာ ကြွေးဝန်ပိနေတဲ့ စီးပွားရေးကပ်ဒဏ်သင့် PIIGS (ပေါ်တူကီ…

အနှစ်မဲ့တဲ့ ကြက်ဆူပင်ပါလား

(နိုင်ငံတခုရဲ့အသက်က ဒီအခြေခံဥပဒေပဲ။) တဲ့။   ဗိုလ်မင်းအောင်လှိုင်က သူ့ရဲ့ အင်တာဗျူးထဲမှာ အဲသလို ထည့်သွင်းပြောကြားသွားတယ်။ အခြေခံဥပဒေရဲ့ အမှားအမှန် ပြဿနာကို ထည့်ပြောမသွားဘူး။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ဖို့။ တနည်းဆိုရင် အာဏာကို သူတို့သားစဉ်မြေးဆက် ချုပ်ကိုင်ထားဖို့ ရေးဆွဲထားတဲ့ ဥပဒေလား၊ ပြည်သူတွေရဲ့ ဘဝ လုံခြုံရေး အေးချမ်းသာယာရေး၊ တိုင်းပြည်စည်ပင်ဝပြောစေရေးအတွက် ရေးဆွဲထားတဲ့ ဥပဒေလားဆိုတာတော့ ခွဲခြားပြောဆိုဖို့ ဝေလာဝေး၊ သူကိုယ်တိုင်မှ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေမှာတောင် မဟုတ်ပါ။ ပြည်သူလူထုအကျိုး နက်နက်ရှိုင်းရှိုင်း အကျိုးပြုမယ်ဆိုတဲ့ စိတ်ဓာတ်မရှိတာကတော့ သေချာပါတယ်။   ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတခုရဲ့ အသက်-လို့ သူပြောတဲ့အတိုင်းပါပဲ။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ရေးကို တံတိုင်းလို…

ကြီး ၁၄ ကြီး

ကြီးဆယ့်လေးကြီးတဲ့။             ဗိုလ်သိန်းစိန်စစ်အစိုးရက ကြီးကိုးကြီးအစည်းအဝေး ကျင်းပမယ်လို့  ကြေညာလိုက်တော့ ဆရာရွှေပြည်ဧရေးပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ နပမ်းဆံသီချင်းထဲက “နောက်တခါလာပြန်ပြီတမျိုး”ဆိုတာကို သတိရလိုက်မိတယ်။             ဗိုလ်နေ၀င်းလက်ထက်တုန်းက စပါးပြီးစပါး-မယားပြီးမယားဆိုတဲ့ ဆိုရိုးစကား ပေါ်ထွက်ခဲ့သလို အခု ဗိုလ်သိန်းစိန် လက်ထက်မှာတော့ အစည်းအဝေးပြီးအစည်းအဝေး၊ ကော်မရှင်ပြီးကော်မရှင်လို့ ပြောရမလို ဖြစ်နေပါကလား။ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို မပြီးနိုင်မစီးနိုင် နှစ်နဲ့ချီအချိန်ဆွဲထားပြီး စစ်အစိုးရအတွက် နိုင်ငံရေးအမြတ်၊ သူတို့လူတဦးချင်းအတွက် စီးပွားရေးအမြတ်တွေ ထွက်လာအောင်ဖန်တီးနိုင်တာဟာ ကမ္ဘာမှာဒီအစိုးတခုရပဲ ရှိမယ်ထင်တယ်။             ဒီတခါထိုးဇာတ်က အမေရိကန်သမ္မတအိုဘားမား လာမယ့်အချိန်နဲ့ တွက်ပြီးလုပ်တာ…

မဖြူနှင်းထွေးအရေး

မဖြူနှင်းထွေးအရေး ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ လူတွေသတိအပြုဆုံး၊ အာရုံအစိုက်ဆုံး သတင်းတခုကတော့ မဖြူနှင်းထွေးသတင်း ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် ဒီအရေးကိစ္စဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ တကယ့်သရုပ်သကန်ကို ထင်ဟပ်နေတယ်၊ ကိုယ်စားပြုနေတယ်လို့လည်း ပြောလို့ရပါတယ်။ ၁။ ဒီနေ့ ဗမာပြည်မှာ အထင်ရှားဆုံးဖိနှိပ်မှု နှစ်မျိုးရှိပါတယ်။ တခုက တိုင်းရင်းလူမျိုးစုဒေသတွေမှာ လက်နက်ကိုင်တပ်တွေနဲ့ စစ်ပြုနေတာ၊ နောက်တခုက မြို့ပြနဲ့ကျေးလက်တွေမှာ ဆင်းရဲတဲ့ အလုပ်သမား၊ လယ်သမားတွေကို သူတို့ကိုယ်ပိုင် ရုပ်ဝတ္ထုပစ္စည်း၊ ဥပမာ- လယ်၊ အိမ်ယာ စတာတွေနဲ့ ရုပ်ဝတ္ထုမဟုတ်တဲ့ သူတို့ကိုယ်ပိုင် အခွင့်အရေးတွေကို…

ပထမအင်တာနေရှင်နယ် အနှစ် ၁၅၀ မြောက်

ပထမအင်တာနေရှင်နယ် အနှစ် ၁၅၀ မြောက် 150 th anniversary of the 1st International နိုင်ငံတကာအလုပ်လုပ်သူများအစည်းအရုံး (International Working Men’s Association) ကို လွန်ခဲ့တဲ့ အနှစ် ၁၅ဝ၊ ၁၈၆၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ လန်ဒန်က စိန့်မာတင် (Saint Martin’s Hall) ခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးကို နိုင်ငံ ၆ ခုက တော်လှန်ရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်က…