Category ဆောင်းပါး

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ် (ကိုထွေး)

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ်။ (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄)မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှု မတားဆီးနိုင်ခြင်းမှာ ပြည်ပက ကူညီမှုတွေရှိနေတာကြောင့်လို့ သူ့ရဲ့ ရုရှားမီဒီယာတခုနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒီပြောဆိုပုံဟာ ကိုယ့်ကြောင့် ဖြစ်နေတာဆိုတဲ့အကြောင်းရင်းကို ဖုံးကွယ်ပြီး ကိုယ့်အပြစ်ကိုသူများတွေအပေါ် ပုံချလိုက်တဲ့ အပြောပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။  ဒီလိုစကားကို ရုရှားနိုင်ငံမှာ၊ မီဒီယာမှာ၊ ခုလို ရွေးကောက်ပွဲ အကြိုကာလမှာ ပြောလိုက်တယ်ဆိုတော့ သူ့မှာ တခြားရည်ရွယ်ချက် တွေလည်း ရှိလိမ့်မယ်ဆိုတာ အားလုံးက သဘောပေါက်ကြမှာပါပဲ။ ဒီမှာ သူ့ရဲ့တခြားရည်ရွယ်ချက်များအကြောင်းမပြောဘဲ ငြိမ်းချမ်းရေးမရ ရတဲ့အကြောင်းကိုပဲ ပြောချင်ပါတယ်။ အင်တာဗျူးမှာပြောတဲ့သူ့စကားကို အဓိပ္ပာယ်ကောက်ရရင်…

ကမ္ဘာကြီးကို စစ်နှုတ်ခမ်းဆွဲပို့နေတဲ့အိမ်ဖြူတော်နဲ့ပင်တာဂွန်ကအာဏာရှိသူတွေ

စစ်အေးစစ်ပွဲဆိုတာကြီး ပြီးသွားတာ အနှစ်သုံးဆယ်နီးပါး ရှိပြီဖြစ်ပေမယ့် စစ်အေးစစ်ပွဲပြီးဆုံးသွားတာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နယ်မြေလုပွဲတွေကတော့ ဒီနေ့အထိ မပြီးဆုံးနိုင်တာကို ကမ္ဘာအနှံ့အပြားမှာ တွေ့နေကြရပါတယ်။ စစ်အေးစစ်ပွဲနဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့အကြားမှာ မတူတာတခုက တကယ်အားပြိုင်တဲ့ဘက်နှစ်ဘက်တို့ တဦးနဲ့တဦး ထိပ်တိုက်စစ်ရေးအရ မရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ကမ္ဘာစစ်တွေဟာ နယ်မြေလုတဲ့စစ်ပွဲလို့ ခေါ်ဆိုနိုင်သလို စစ်ကြီးတွေ ပြီးသွားတဲ့အခါမှာလည်း ကိုလိုနီ၊ ဒါမှမဟုတ် ကိုလိုနီတပိုင်းနိုင်ငံတွေ၊ သြဇာခံနယ်မြေတွေ ခွဲဝေပြီးသားဖြစ်သွားပေမယ့် စစ်အေးစစ်ပွဲ ပြီးသွားတဲ့နောက်မှာတော့ နယ်မြေလုပွဲ၊ သြဇာခံဒေသလုပွဲတွေဟာ ဒီတော့မှ စတယ်လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို…

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ ရဲဘော်ခင်မောင်ဝင်း ၁၉၇၀ ခု ရန်ကုန်တက္ကသိုလ် ရွှေရတုအထိမ်းအမှတ် လှုပ်ရှားမှုကြောင်း ကျွန်တော် ပုဒ်မ ၅ နဲ့ အဖမ်းခံရပြီး ၁၉၇၃ ဧပြီ (၁၃) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်လာတယ်။ ထောင်ကလွတ်ပြီး ၆ လကျော်လောက်ရှိတော့ လာရှိုးကား လမ်းကနေ ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်မြောက်ရေးအခြေခံဒေသ ကိုးကန့်ခရိုင်သို့ ပြည်သူဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ဖို့ တောခိုခဲ့တယ်။ ကိုးကန့်ခရိုင် ရှေ့တန်းတပ်မှူး ရဲဘော်ညွန့်မောင် ကူညီမှုနဲ့ ကိုးကန့်ခရိုင်ရုံးကို ရောက်ခဲ့တယ်။ ခရိုင်မှူး ရဲဘော်ရဲဒင်…

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား (ဖောင်ပိတ်) ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။ (၁) ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြလို့ အရှိန်ရစ ပြုနေချိန် ဒီသတင်းကို ဖုံးလွှမ်းသွားတဲ့…

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး ဒုတိယပိုင်း ဗတိုးရှိန် (မုံရွာ) အရှေ့မြောက် နယ်စပ်အခြေခံဒေသမှာ ၁၉၇၅ ခုနှစ် မေလတွင် သခင်ဗသိန်းတင် ခေါင်းဆောင် ပြန်လည်ဖွဲ့စည်းတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ ရဲဘော်ဖေသောင်း ဗဟိုကော်မတီဝင် အပြည့်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက်မှာ ပါတီဗဟိုကော်မတီ ပြန်လည် ရွေးကောက်တင်မြှောက်ရေး အမည်စာရင်းနဲ့ အတူ အရွေးခံမယ့် ရဲဘော်ရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြ ရတယ်၊ အဲဒီ ကွန်ဂရက်မှာ…