Category Archives: ထုတ်ပြန်ကြေညာချက်
ဦးဝင်းတင် ကွယ်လွန်ခြင်းအပေါ်
ဦးဝင်းတင် ကွယ်လွန်ခြင်းအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့် ရှိသူ၏ ထုတ်ပြန်ကြေညာချက် (၁/၂၀၁၄) (၂၃ – ၄ – ၂၀၁၄) ၁။ ခေတ်တိုင်းခေတ်တိုင်းမှာ ပြည်သူက ချစ်၊ ပြည်သူက ယုံကြည်၊ ပြည်သူက အားကိုးအားထား အပြုခံရတဲ့ ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လေ့ ရှိပါတယ်၊။ အမှောင်ခေတ်မှာ ပိုပေါ်တတ်ပါတယ်။ သူတို့ ကွယ်လွန်တဲ့အခါကျတော့လည်း အစားထိုး မရတဲ့သူတွေအဖြစ် နှမြောတသမိခဲ့တာချည်းပဲ။ ဒါပေမဲ့ ဦးဝင်းတင်ကိုကျတော့ ကရုဏာပိုခဲ့ကြတယ်။ သူဟာ ထောင်ထဲမှာ (၁၉) နှစ်ကျော် နည်းမျိုးပေါင်းစုံ အငြိုးကြီးကြီးနဲ့ နှိပ်စက်ခံခဲ့ရပြီး ပြောင်ပြောင်မြောက်မြောက် ထွက်လာနိုင်သူ ဖြစ်လို့ပဲ၊ ဒါပေမဲ့ (၆) နှစ်တောင် မကြာလိုက်ဘဲ ခုတော့ ကွယ်လွန်သွားခဲ့ပါပြီ။ ဖြစ်စဉ်ကိုကြည့်ရင် ရှင်းပါတယ်။ သူ့ကို စစ်အစိုးရအဆက်ဆက်က သတ်လိုက်တာ ဖြစ်တယ်။ ၂။ သူ ထောင်က ထွက်လာတော့ ပြည်သူ့အတွက် ပိုလုပ်နိုင်တော့မှာဆိုပြီး ပါတီက ကြိုဆိုခဲ့တယ်။ အမှန်ပဲ၊ ထောင်ပြင်ပ (၅) နှစ်ကျော် ကာလအတွင်းမှာလည်း မကျေပျက်နိုင်တဲ့… Read More »