Category အရေးတော်ပုံဂျာနယ်

သတင်းနှင့် မှတ်ချက်

သတင်းနှင့် မှတ်ချက် (၂၉-၁၁-၂၀၁၆) – ကာချုပ်က နိုဝင်ဘာလ ၂၆ ရက်နေ့က ကာကွယ်ရေးတက္ကသိုလ်မှာ ပြောသောမိန့်ခွန်းတွင် ‘အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်”အကြောင်း ထည့်သွင်းပြောဆိုပြီး မျက်ရိပ်ပြလိုက်သည်။ – ၁၃ ပါတီတို့က အမျိုးသားကာကွယ်ရေးှနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံး ခေါ်ဆိုရန် နိုဝင်ဘာ ၂၈ ရက်နေ့မှာ နှပ်ကြောင်းပေး လမ်းခင်းလိုက်ပြန်သည်။ – ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အရ အာဏာအားလုံးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချုပ်ကိုင်ခွင့် ရယူတော့မှာလား။ – ရခိုင်ပြည်နယ် အရေးအခင်း၊ အရှေ့မြောက်ဒေသ…

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ ရဲဘော်ခင်မောင်ဝင်း ၁၉၇၀ ခု ရန်ကုန်တက္ကသိုလ် ရွှေရတုအထိမ်းအမှတ် လှုပ်ရှားမှုကြောင်း ကျွန်တော် ပုဒ်မ ၅ နဲ့ အဖမ်းခံရပြီး ၁၉၇၃ ဧပြီ (၁၃) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်လာတယ်။ ထောင်ကလွတ်ပြီး ၆ လကျော်လောက်ရှိတော့ လာရှိုးကား လမ်းကနေ ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်မြောက်ရေးအခြေခံဒေသ ကိုးကန့်ခရိုင်သို့ ပြည်သူဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ဖို့ တောခိုခဲ့တယ်။ ကိုးကန့်ခရိုင် ရှေ့တန်းတပ်မှူး ရဲဘော်ညွန့်မောင် ကူညီမှုနဲ့ ကိုးကန့်ခရိုင်ရုံးကို ရောက်ခဲ့တယ်။ ခရိုင်မှူး ရဲဘော်ရဲဒင်…