Category Archives: ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နားထောင်ပါ့မလား

ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နားထောင်ပါ့မလား။ ကိုထွေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်စီအေ) လက်မှတ်ရေးထိုးခြင်း နှစ်ပတ် လည် အခမ်းအနား ကို အောက်တိုဘာလ(၁၅)ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က မိန့်ခွန်း ပြောခဲ့ကြပါတယ်။ သူတို့ပြောကြတဲ့ မိန့်ခွန်းတွေထဲမှာ အင်စီအေ စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ကြဖို့နဲ့ စာချုပ်မှာပါ ဝင်လက် မှတ် မထိုးကြသေးတဲ့ အဖွဲ့တွေ ပါဝင်လာရေးကိုရည်ရွယ်ပြီး ကိုယ့်ရှုထောင့်နဲ့ကိုယ် ပြောသွားကြတာ တွေ့ရပါတယ်။ စာချုပ်က တစ်နိုင်ငံလုံးလို့ ချီထားပေမယ့် ခုထိ ပါဝင်လက်မှတ်ထိုးတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းက တည်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ထက်ဝက် တောင် မရှိသေးပါဘူး။ ဘာကြောင့်ပါလဲ။ လက်မှတ် ထိုးလိုက်ရုံနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်လိမ့်မယ်လို့ မယုံကြည်ကြတာက အဓိက အကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ ၂၇နှစ်အတွင်း… Read More »

ဘာလုပ်ကြမလဲ မှတ်စုများ

download_what-is-to-be-done

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ ရဲဘော် ထွန်းလှ ဦး(ဗိုလ်)သိန်းစိန် အစိုးရလက်ထက်ကစလို့ပဲ ဒေါ်အောင်ဆန်းစုကြည် တယောက် ပြည်တွင်း ပြည်ပ ခရီးတွေ မကြာခဏ သွားပါတယ်။ အာရှ၊ ဥရောပ၊ အမေရိက ကမ္ဘာအနှံ့ခြေဆန့်ပါ တယ်။ အခုလို အသက်အရွယ်နဲ့မလိုက် ကျန်းမာရေး အထိခိုက်ခံပြီး အားကြိုးမာန်တက် လုပ်ကိုင်သွားလာနေတာ ကရုဏာသက်စရာပါ။ အိုပေမယ့် စွမ်းသလောက် လုပ်ကိုင်ရှာတယ်။ သူကျန်းမာသန်စွမ်းတုန်း သူလုပ်နိုင်သရွေ့လုပ်သွားမယ်လို့ ပိုင်းဖြတ်ထားပုံရပါတယ်။ ဒါပေ မဲ့ သူလုပ်နေတာတွေက ဘယ်သူတွေအတွက် ဖြစ်နေလဲ။ သူ့ကြိုးစားအားထုတ်မှုတွေကနေ ဘယ်သူတွေ ဘယ်လောက် အမြတ်ရနေသလဲ။ သူ့ကြိုးစား အားထုတ်မှုတွေ အပေါ်မှာ ဘယ်သူတွေ ဘယ်လို သွေးစုပ် အမြတ်ထုတ်နေကြပါသလဲ။ “လူထုအတွက် အနစ်နာခံဖို့လိုရင် အနစ်နာခံမယ်”လို့သူဆိုခဲ့တဲ့အတိုင်း လုပ်ကိုင်နေပုံ ရပါ တယ်။ သို့ပေမဲ့ အခုအချိန်ထိတော့ သူ့အနစ်နာခံမှုတွေ၊ သူ့အားထုတ်မှုတွေရဲ့အသီးအပွင့် တွေကို လူထုက မရရှိမခံစားနိုင်သေးပါဘူး။ နောင်အခါမှာလည်း ရရှိခံစားနိုင်မယ့် အလားအ လာသိပ်မရှိပါဘူး။ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတဲ့ စစ်အုပ်… Read More »

ဗမာပြည်က ခရိုနီတောဝါ

ကမ္ဘာ့နိုင်ငံရေးနဲ့စီးပွားရေးလောက၊ နောက်ပြီး မီဒီယာလောကမှာ ခရိုနီဆိုတဲ့အသုံးအနှုန်းကို ပေါပေါများများ သုံးတာဟာ ၁၉၉ဝ စုနှစ် အစပိုင်းက စခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အထွတ်အထိပ်ရောက်တဲ့ အာရှတိုက် ငွေကြေးအကျပ်အတည်းက စတယ်လို့ ပြောကြပါတယ်။ တကယ်က အဲဒီလိုခရိုနီလို့ ခေါ်ရမယ့်လူတွေက စောစောကတည်းက ပေါ်နေတာပါ။ အထူးသဖြင့် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေ၊ စစ်အာဏာရှင်နိုင်ငံတွေမှာ အများဆုံးနဲ့အဆိုးဆုံး ဖြစ်ပါတယ်။ ဗမာပြည်မှာကတော့ ဗမာပြည်ရဲ့ စစ်အုပ်စုပထမမျိုးဆက်လို့ ခေါ်ရမယ့် ဗိုလ်နေဝင်း-ဗိုလ်အောင်ကြီးတို့ရဲ့ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲလောက်ကစပြီး သန္ဓေတည်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ကူမင်တန် တရုတ်ဖြူနဲ့တိုက်တဲ့ စစ်တပ်တွေထဲက ထိပ်သီးတချို့ဟာ ဘိန်းရာဇာတွေနဲ့ ချိတ်ဆက်မိကြ၊ ယိုးဒယားနဲ့ ဆက်တဲ့ မှောင်ခိုလမ်းကြောင်းတွေ အကာအကွယ်ပေးကြနဲ့ ခရိုနီမွေးပြီး စားရသောက်ရတဲ့အရသာကို စပြီးခံတွင်းတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ တပြိုင်နက်တည်းလိုမှာလည်း ဂျပန်စစ်လျော်ကြေးထဲက စားပေါက်တွေကို ကြုံရပြန်တော့ စစ်တပ်ထိပ်သီးတွေရဲ့ ခရိုနီတွေ စပေါ်လာပါတော့တယ်။ ဒီနေ့ ဗမာပြည်က ခရိုနီတွေထဲမှာ နာမည်ကြီးတဦးဖြစ်တဲ့ ဦးတေဇရဲ့ယောက်ခမ ဒေါ်ထူးတို့ဟာ အဲဒီတုန်းက စစ်အုပ်စုရဲ့ခရိုနီတွေလို့ သတင်းကြီးခဲ့ပါတယ်။ သည့်အရင်တုန်းက ဖဆပလ၊… Read More »

ပူးဝင်နေတဲ့ သရဲ တစ္ဆေ ဆိုတာ

ပူးဝင်နေတဲ့ သရဲ တစ္ဆေ ဆိုတာ (စိုးထွန်းအောင်) မယမင်း – အသက် ( ၈ လ ) (သေဆုံး) မလှနှင်းရွှေ – အသက် (၂) နှစ် (သေဆုံး) မောင်နေလလင်း (ခ) တစ်တို – အသက် (၃ ) နှစ် (သေဆုံး) မသင်းသင်းစိုး – အသက် (၄) နှစ် ဖော်ပြပါ ကလေးငယ် ၄ ယောက်ဟာ ပိန်းကြာဖက်ပေါ်က ရေစင်ရေပေါက်ကလေးတွေလို ပီဘိ ကလေးငယ်လေးများ သာ ဖြစ်ပါတယ်။ အဲဒီကလေး ၄ ယောက်အနက် မယမင်း၊ မလှနှင်းရွှေ၊ မောင်နေလလင်း (ခ) တစ်တိုတို့ကတော့ ကြေကွဲဖွယ် သေဆုံးသွား ခဲ့ကြရရှာပါပြီ။ (၄)နှစ်အရွယ် သမီးလေး သင်းသင်းစိုးတစ်ယောက်ပဲ မသေကောင်းမပျောက်ကောင်း အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ အခုချိန်မှာ တော့ သမီးလေး သင်းသင်းစိုးဟာ တွံတေးမြို့နယ်ဆေးကနေတဆင့် ရန်ကုန်ဆေးရုံကြီးသို့ပြောင်းပြီး အတွင်းလူနာအဖြစ် ဆေးကုသခံ နေရပါတယ်။ အပြစ်ကင်းစင်တဲ့၊ ဖြူစင်လှတဲ့… Read More »

ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ။ဆောင်းပါးအမှတ်(၄၁)

ဖေဖေရဲ့ ငြိမ်းချမ်းရေးခရီးစဉ်များ လှကျော်ဇော အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး ဖေဖေရဲ့ပြည်တွင်းမြေပေါ်နိုင်ငံရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်မှုတွေထဲမှာ အကျော်ကြားဆုံးနဲ့ အထိရောက်ဆုံးလုပ်ငန်းကတော့ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းပါပဲ။ ဖေဖေကိုယ်တိုင်လည်း ဒီလှုပ်ရှားမှုကာလတွေအတွင်း လူရောစိတ်ပါအတော်ပင်ပန်းရပေမယ့် ပျော်တော့ပျော်တယ်လို့ ပြောခဲ့ဖူး ပါတယ်။ ဖေဖေက ၁၉၅၈ ခုနှစ်လောက်က စပြီး ဆရာကြီးမှိုင်းရဲ့-ပြည်တွင်းငြိမ်းချမ်းရေး ရှစ်ဦးကော်မတီနဲ့ပူးပေါင်းပြီး စတင်လှုပ်ရှားပါတယ်။ ဒါပေမဲ့ ၁၉၅၈-အောက်တိုဘာမှာ ဗိုလ်နေဝင်းရဲ့(စစ်အာဏာသိမ်း)အိမ်စောင့်အစိုးရပေါ်ပေါက်လာပြီး လှုပ်ရှားမှုတွေခက်ခဲလာတဲ့အတွက် အဲဒီ ရှစ်ဦး ကော်မတီကိုဖျက်သိမ်းလိုက်ရပါတယ်။ ၁၉၆ဝခုနှစ်-ရွေးကောက်ပွဲများအပြီး ဦးနုရဲ့သန့်ရှင်းအစိုးရတက်လာပြီးမှ ဖေဖေတို့ပြန်ပြီး လှုပ်ရှားနိုင် ပါတော့တယ်။ အဲဒီကာလမှာ ဆရာကြီးမှိုင်း မျက်စိတိမ်ခွဲဖို့ အရှေ့ဂျာမနီကိုသွားခဲ့ရပြီး ပြန်လာတော့လည်း အသက်အရွယ်အရ သိပ်မလှုပ်ရှား နိုင်တော့လို့ ဖေဖေနဲ့ တခြားပုဂ္ဂိုလ်များပဲဒိုင်ခံလုပ်ဆောင်ကြရပါတော့တယ်။ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်လည်း ပြည်တွင်းစစ်ရှည်ကြာလေ-စစ်တပ်ဩဇာကြီးလေ ဖြစ်မှန်းသိလို့ ငြိမ်းချမ်းရေးလုပ်ငန်းဘက် လှည့်လာပါတယ်။ ဦးနုက ပါလီမန်မှာပေးတဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်အသစ်တွေ ပါလာလို့ ဖေဖေတို့က ဒါကိုအခွင့်ကောင်းယူပြီး ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဒုတိယအကြိမ်အဖြစ်ဖွဲ့ဖို့ ပြင်ဆင်လှုပ်ရှားပါတော့တယ်။ အဲသလိုပြင်ဆင်နေစဉ်မှာပဲ တခြားအမျိုးသားရေးပြဿနာတရပ် ပေါ်လာပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့နောက်တကြိမ် တရုတ်ဖြူ… Read More »

ဝတောင်တန်းက လွမ်းပန်းချီ။ ဆောင်းပါးအမှတ်(၃)။

ဝတောင်တန်းက လွမ်းပန်းချီ။ ဆောင်းပါးအမှတ်(၃)။ ကျွန်မသား–ညီရှင်း သို့မဟုတ် ကလေးစစ်သားပြဿနာ ရဲဘော်ရှုယဉ် အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး (၁) ဒီနှစ်(၂၀၁၆)ထဲ တရုတ်ပြည်တဝန်းမှာကျင်းပတဲ့–အနှစ်(၈၀)ပြည့် ခရီးရှည်ချီတက်ပွဲ(Long March) အခမ်းအနားတွေမှာ အသက်(၉၀) ပတ်လည် တပ်နီတော်သား (Red Army)ဟောင်းတွေ တက်ရောက်လာကြပါတယ်။ (၁၀၄)နှစ်ရွယ် ရဲဘော်ဟောင်းကြီးတဦးတောင် ပါသေး။ ခရီးရှည်ချီတက်ပွဲဆိုတာက-တရုတ်ကွန်မြူနစ်တွေ ဦးစီးတဲ့ တပ်နီတော်က အဲဒီကာလ တရုတ်ပြည်ကို အုပ်ချုပ်နေတဲ့ ချန်ကေရှိတ်-ကူမင်တန် တပ်များရဲ့ ပြင်းထန်လှတဲ့ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ချေမှုန်းမှုများကို မခံနိုင်တော့တဲ့အဆုံး ဒီတိုက်ခိုက်မှုများကို ရှောင်ရှားရေးအတွက် သူတို့ တတွေ တည်ဆောက်ထားတဲ့ တရုတ်ပြည်တောင်ပိုင်းမှာ ရှိတဲ့ အခြေခံဒေသတွေ (ကျင်ကန်းစန်း အပါအဝင်) ကို စွန့်ပစ်ပြီး ဟိုးအရှေ့မြောက် ဘက်ဒေသ (ယင်အန်း)ကို တတပ်လုံး သေနင်္ဂဗျူဟာ ရွှေ့ပြောင်းချီတက်မှုပါ။ ၁၉၃၄-အောက်တိုဘာလက စလို့ ၁၉၃၅-အောက်တိုဘာလ ကုန်အထိ-တနှစ် ကျော်ကြာတဲ့ ခရီးရှည်ကြီးပါ။ မိုင်ပေါင်း(၅၀၀၀)ကျော်ရှည်လျားပြီး အလွန်ခက်-အလွန်ခေါင်တဲ့အရပ်တွေကို ခက်ခက်ခဲခဲ ဖြတ်ရရုံမက လိုက်လံတိုက်ခိုက်တာ-အမျိုးမျိုးကိုလည်း တွန်းလှန်တိုက်ခိုက်ရတာလည်းဖြစ်တာကြောင့်… Read More »