Category Archives: ဆောင်းပါး

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု (မြစမ်းအေး)

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု (မြစမ်းအေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး စာမျက်နှာ ၄၀၅ မျက်နှာရှိ အေဗဟင်လင်ကွန်းရဲ့ ရေးသားချက်နဲ့မိန့်ခွန်းများဆိုတဲ့စာအုပ်ထဲမှာ ဇန္နဝါရီ ၁၉၊ ၁၈၆၃ ရက်စွဲနဲ့ ပေးစာတစောင်ပါရှိပါတယ်။ “မန်ချက်စတာ အင်္ဂလန်အလုပ်သမားများသို့”လို့ လိပ်မူပြီး ‘ယခုလအစောပိုင်းမှာ ကျွန်ုပ်ထံ ပေးပို့လိုက်သော သင်တို့၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ဆုံးဖြတ်ချက်များကို လက်ခံရရှိတဲ့အတွက် အသိအမှတ်ပြု ဂုဏ်ယူပါတယ်’ လို့ အစချီထားပါတယ်။  ဒီစာမှာ လင်ကွန်းက မန်ချက်စတာ ချည်စက်အလုပ်သမားများရဲ့ မုန်တိုင်းထန်သော ၁၈၆၂ နှစ်ကုန် ပိုင်းမှာကျင်းပခဲ့တဲ့ လွတ်လပ်စွာကုန်သွယ်ရေး မြို့တော်ခန်းမဆောင်ညီလာခံဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောဆိုတာဖြစ်တယ်။ (တောင်ပိုင်းခွဲထွက်)ကွန်ဖက်ဒရေစီများရဲ့ အတ္တလန်တိတ်ဆိပ်ကမ်းများကို (မြောက်ပိုင်းယူနီယံ) ပြည်ထောင်စုတပ်များကပိတ်ဆို့ထားမှုကို ထောက်ခံတဲ့အနေနဲ့ တောင်ပိုင်းကျွန်တွေ စိုက်ပျိုးဆွတ်ခူးပေးရတဲ့ ဝါဂွမ်းထုပ်တွေကို (အင်္ဂလိပ်အလုပ်သမားများက) သယ်ပို့ပေးဖို့ ငြင်းဆန်တာဖြစ်တယ်။ ထိုစဉ်က ဗြိတိသျှနန်းရင်းဝန် လော့ပါမာစတန် Lord Palmerston က ဗြိတိသျှ ချည်စက်ပိုင်ရှင်များနဲ့ သင်္ဘောကုမ္ပဏီများရဲ့တောင်းဆိုချက်အတိုင်း ပိတ်ဆို့မှုအား အင်အားသုံးဖြိုခွဲဖို့ တော်ဝင်ရေတပ်ကိုအမိန့်ပေးတယ်။ ကျွန်ပြည်နယ်များအပေါ် အမှီပြုကာ တင်သွင်းလာတဲ့ဝါဂွမ်းထုပ်များ ပြတ်လပ်မှုကြောင့် ထိခိုက်နေတဲ့ ဗြိတိသျှချည်ထည်လုပ်ငန်းရဲ့အနာဂတ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့… Read More »

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ် (ကိုထွေး)

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ်။ (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄)မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှု မတားဆီးနိုင်ခြင်းမှာ ပြည်ပက ကူညီမှုတွေရှိနေတာကြောင့်လို့ သူ့ရဲ့ ရုရှားမီဒီယာတခုနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒီပြောဆိုပုံဟာ ကိုယ့်ကြောင့် ဖြစ်နေတာဆိုတဲ့အကြောင်းရင်းကို ဖုံးကွယ်ပြီး ကိုယ့်အပြစ်ကိုသူများတွေအပေါ် ပုံချလိုက်တဲ့ အပြောပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။  ဒီလိုစကားကို ရုရှားနိုင်ငံမှာ၊ မီဒီယာမှာ၊ ခုလို ရွေးကောက်ပွဲ အကြိုကာလမှာ ပြောလိုက်တယ်ဆိုတော့ သူ့မှာ တခြားရည်ရွယ်ချက် တွေလည်း ရှိလိမ့်မယ်ဆိုတာ အားလုံးက သဘောပေါက်ကြမှာပါပဲ။ ဒီမှာ သူ့ရဲ့တခြားရည်ရွယ်ချက်များအကြောင်းမပြောဘဲ ငြိမ်းချမ်းရေးမရ ရတဲ့အကြောင်းကိုပဲ ပြောချင်ပါတယ်။ အင်တာဗျူးမှာပြောတဲ့သူ့စကားကို အဓိပ္ပာယ်ကောက်ရရင် ပြည်ပက ကူညီမှုတွေမရှိခဲ့ရင်တော့ စစ်တပ်က ပြည်တွင်းရှိ လက်နက် ကိုင်အင်အားစုအားလုံးကို အပြတ်ချေမှုန်းနိုင်ပြီး သူတို့လိုချင်တဲ့ပုံစံနဲ့ခင်းပေးထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်နိုင်မှာပဲလို့ ပြောလိုက်တာဖြစ်ပါတယ်။  အဓိက- က ဒီစိတ်ဓာတ်၊ ဒီစိတ်နေသဘောထား၊ ဒီအတွေးအခေါ်ကြောင့်ပဲ ပြည်တွင်းစစ် အဆုံးမသတ်နိုင်ဘဲ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်တာဖြစ်ပါတယ်။ ဒီစိတ်ဓာတ်မျိုးကိုကိုင်စွဲနေသမျှ ခုခံဆန့်ကျင်တိုက်ပွဲဝင်နေသူများက ဆက်လက်တိုက်ပွဲဝင် နေမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ရဖို့ကလည်း အလှမ်းဝေးနေဦးမှာသာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတာရဲ့ အရင်းခံပြဿနာဟာ ဒီမိုကရေစီရေးနဲ့အမျိုးသားတန်းတူရေးမရှိလို့ဆိုတာ စစ်အုပ်စုက မှန်ကန်တဲ့ စိတ်ရင်းသဘောထားနဲ့ လက်ခံတာမျိုး မရှိပါ၊… Read More »

ကမ္ဘာကြီးကို စစ်နှုတ်ခမ်းဆွဲပို့နေတဲ့အိမ်ဖြူတော်နဲ့ပင်တာဂွန်ကအာဏာရှိသူတွေ

စစ်အေးစစ်ပွဲဆိုတာကြီး ပြီးသွားတာ အနှစ်သုံးဆယ်နီးပါး ရှိပြီဖြစ်ပေမယ့် စစ်အေးစစ်ပွဲပြီးဆုံးသွားတာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နယ်မြေလုပွဲတွေကတော့ ဒီနေ့အထိ မပြီးဆုံးနိုင်တာကို ကမ္ဘာအနှံ့အပြားမှာ တွေ့နေကြရပါတယ်။ စစ်အေးစစ်ပွဲနဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့အကြားမှာ မတူတာတခုက တကယ်အားပြိုင်တဲ့ဘက်နှစ်ဘက်တို့ တဦးနဲ့တဦး ထိပ်တိုက်စစ်ရေးအရ မရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ကမ္ဘာစစ်တွေဟာ နယ်မြေလုတဲ့စစ်ပွဲလို့ ခေါ်ဆိုနိုင်သလို စစ်ကြီးတွေ ပြီးသွားတဲ့အခါမှာလည်း ကိုလိုနီ၊ ဒါမှမဟုတ် ကိုလိုနီတပိုင်းနိုင်ငံတွေ၊ သြဇာခံနယ်မြေတွေ ခွဲဝေပြီးသားဖြစ်သွားပေမယ့် စစ်အေးစစ်ပွဲ ပြီးသွားတဲ့နောက်မှာတော့ နယ်မြေလုပွဲ၊ သြဇာခံဒေသလုပွဲတွေဟာ ဒီတော့မှ စတယ်လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို အနှစ်လေးဆယ်ကျော် ပြဋ္ဌာန်းခဲ့တယ်လို့ ဆိုနိုင်လောက်တဲ့ စစ်အေးစစ်ပွဲဟာ ဆိုဗီယက်ယူနီယံနဲ့ ဝါဆောအုပ်စုပြိုကွဲပြီးတဲ့နောက်မှာ ပြီးဆုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။ ထူးခြားတာက စစ်အေးစစ်ပွဲလို့ ဆိုတဲ့အတိုင်း ကမ္ဘာစစ်ကြီးတွေလို ပစ်တာခတ်တာ၊ ဗုံးကြဲတာ၊ ဒုံးပစ်တာတွေနဲ့ ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အေးစစ်ပွဲ ပြီးဆုံးသွားတဲ့နောက်မှာ ဆက်လက်ဖြစ်ပေါ်လာတာက အရင်စစ်ပွဲတွေပြီးဆုံးတဲ့နောက်မှာလိုပဲ (ကိုလိုနီ မဟုတ်ပေမယ့်) ကိုယ်ထင်သလိုလုပ်နိုင်တဲ့ သြဇာခံနယ်ပယ်တွေ လုယက်တာ၊ တိုးချဲ့တာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ နည်းနာတွေကလည်း စုံလှပါတယ်။… Read More »

ကာစတရို သို့မဟုတ် အနောက်တိုင်းက မီးရှူးတန်ဆောင်

> castro

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ ရဲဘော်ခင်မောင်ဝင်း ၁၉၇၀ ခု ရန်ကုန်တက္ကသိုလ် ရွှေရတုအထိမ်းအမှတ် လှုပ်ရှားမှုကြောင်း ကျွန်တော် ပုဒ်မ ၅ နဲ့ အဖမ်းခံရပြီး ၁၉၇၃ ဧပြီ (၁၃) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်လာတယ်။ ထောင်ကလွတ်ပြီး ၆ လကျော်လောက်ရှိတော့ လာရှိုးကား လမ်းကနေ ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်မြောက်ရေးအခြေခံဒေသ ကိုးကန့်ခရိုင်သို့ ပြည်သူဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ဖို့ တောခိုခဲ့တယ်။ ကိုးကန့်ခရိုင် ရှေ့တန်းတပ်မှူး ရဲဘော်ညွန့်မောင် ကူညီမှုနဲ့ ကိုးကန့်ခရိုင်ရုံးကို ရောက်ခဲ့တယ်။ ခရိုင်မှူး ရဲဘော်ရဲဒင် (ရဲဘော်ထွန်းလွင်၊ နောင် ၇၅ ဗဟိုကော်မတီ၊ ၈၅ တတိယအကြိမ် ကွန်ဂရက် ဗဟိုကော်မတီ)ရဲ့ လုံခြုံရေးဌာနမှာ ခေတ္တနေပြီး ခရိုင် လက်ဖက်ခြောက်စက်ရုံနဲ့၊ အရက်ချက်စက်ရုံမှာ ရဲဘော်မောင်ကြည်ဆိုတဲ့ မြင်းခြံသားတယောက်နဲ့ အတူနေထိုင်ရင်း ရဲဘော်များနဲ့ အ တူ ထင်းခွေရေခပ် နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ ကိုးကန်းခရိုင်ပါတီရဲ့ ဆက်သွယ်ပေးမှုနဲ့ ပါတီဗဟိုနဲ့ အဆက် အသွယ်ရလာပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသ၊… Read More »

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား (ဖောင်ပိတ်) ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။ (၁) ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြလို့ အရှိန်ရစ ပြုနေချိန် ဒီသတင်းကို ဖုံးလွှမ်းသွားတဲ့ အဖြစ်အပျက် တခု ပေါ်လာခဲ့တယ်။ အဲဒါကတော့ မောင်းတောဘက်က ရဲကင်းစခန်း ဝင်စီးခံရတဲ့ ကိစ္စ ဖြစ်တယ်။ ရဲ ၉ ဦးသေဆုံးသွားပြီး သေနတ် ( နောက်ဆုံးစာရင်းအရ ၆၄ ) လက်နဲ့ ခဲယမ်းမီးကျောက် အချို့ ယူဆောင်သွားခဲ့တယ်။ ခုတော့ ဒီပြဿနာက နိုင်ငံတကာ ပြဿနာ ဖြစ်သွားပါပြီ။ ဒီဆောင်းပါးမှာ စစ်တပ်၊ အစိုးရ၊ ကုလသမဂ္ဂနဲ့… Read More »

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး ဒုတိယပိုင်း ဗတိုးရှိန် (မုံရွာ) အရှေ့မြောက် နယ်စပ်အခြေခံဒေသမှာ ၁၉၇၅ ခုနှစ် မေလတွင် သခင်ဗသိန်းတင် ခေါင်းဆောင် ပြန်လည်ဖွဲ့စည်းတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ ရဲဘော်ဖေသောင်း ဗဟိုကော်မတီဝင် အပြည့်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက်မှာ ပါတီဗဟိုကော်မတီ ပြန်လည် ရွေးကောက်တင်မြှောက်ရေး အမည်စာရင်းနဲ့ အတူ အရွေးခံမယ့် ရဲဘော်ရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြ ရတယ်၊ အဲဒီ ကွန်ဂရက်မှာ ရဲဘော်ဖေသောင်း ကိုယ်တိုင် ရေးသားတင်ပြထားတဲ့ ကိုယ်ရေးအကျဉ်းကို တာဝန်ရှိ ရဲဘော်က ဖတ်ကြားရာမှာ “ ဗမာပြည် ကွန်မြူနစ်ပါတီကနေ အလံနီပါတီ ခွဲထွက်တဲ့အချိန် ဗန်းမော် ကိုကိုကြီး က အလံနီ ဖြစ်သွားတဲ့အခါ ကျွန်တော်လည်း အလံနီ ဖြစ်သွားတယ် ” ဆိုတဲ့ တင်ပြချက် ဖတ်ကြားတာ ကြားလိုက်ရတယ်၊ ကျွန်တော် ကွန်ဂ ရက် ခန်းမလုံခြုံရေး တာဝန်ယူနေစဉ်… Read More »