မေဒေးအစဉ်အလာ ထွန်းပြောင်စေရမယ်
မေဒေးဆိုတာကို ၁၈၉ဝ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြတာဆိုတော့ အခုဆိုရင်ဒီကမ္ဘာပေါ်မှာမေဒေးအခမ်းအနားကို ကျင်းပဆင်နွှဲကြတာဟာ နှစ်အားဖြင့်၁၂၆နှစ်မြောက်၊ အကြိမ်အားဖြင့် ၁၂ရကြိမ်မြောက်ဖြစ်ပါလိမ့်မယ်။ တနေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုချက်နဲ့ စတင်ကျင်းပခဲ့တဲ့ကမ္ဘာ့အလုပ် သမားနေ့မေဒေး ဆိုတာဟာ ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြတဲ့ အလုပ်သမားတိုက်ပွဲတွေရဲ့အဆက်၊ မှတ်တိုင်တခုသာဖြစ်ပါတယ်။ စက်မှုတော်လှန်ရေး (ဗြိတိန်မှာ ၁၇၆ဝ စုနှစ်များ၊ ပြင်သစ်မှာ ၁၈ ရာစုအကုန်ပိုင်းနဲ့ အမေရိကန်မှာ ၁၈၁ဝ ခုနှစ်) ကနေ စက်မှုလုပ်ငန်းကို နိုင်ငံတကာ ဖြန့်ကြက်ခဲ့တာနဲ့အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ အလုပ်သမားလူတန်း စားပေါ်ပေါက်လာ၊ အလုပ်သမားလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အရင်းရှင်စနစ် ဖြစ်ပေါ်တိုးပွားမှုနဲ့အတူ ဖြစ်ပေါ်တိုးပွားလာတဲ့ ဒီအလုပ်သမား လှုပ်ရှားမှုတွေဟာ ၁၈၃ဝစုနှစ်များ၊ ၁၈၄ဝစုနှစ်များ စသည်တို့ ကစပြီးအရှိန်ရခဲ့ကြပါတယ်။ ဒီအထဲမှာ ၁၈၃၁နဲ့ ၁၈၃၄ခုနှစ်တို့က လီယွန် (ပြင်သစ်နိုင်ငံ)အုံကြွမှုများနဲ့ ၁၈၄၄ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဥရောပအလယ်ပိုင်း၊ ဆိုင်လိရှားနယ်(Silesia) (အခု ချက်နိုင်ငံနဲ့ပိုလန်မြောက်ပိုင်း) ရက်ကန်း အလုပ်သမား အုံကြွမှုတွေဟာ ပြင်းထန်ထင်ရှားပါတယ်။ အဲဒီနောက်တော့ ၁၈၇၁ခုနှစ်မှာ ပဲရစ်ဘုံအဖွဲ့ကြီးပေါ်ပေါက်လာပါတယ်။ “အမှားတွေ ရှိလင့်ကစား ပြင်သစ်ဘုံအဖွဲ့ဟာ ၁၉… Read More »
