Category Archives: သတင်း

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား ရုပ်သံမှတ်တမ်းများ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား (ရုပ်/သံ) ပြည်သူ့တပ်မတော် စစ်ချီတေး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ပြည်သူ့တပ်မတော် စစ်ချီတေးကို မျိုးဆက်သစ်ရဲဘော်များက ပြန်လည်ဆန်းသစ်ကာ သီဆိုတင်ဆက်လိုက်ပါကြောင်း ပြည်သူများ၊ ရဲဘော်များအား အသိပေးအပ်ပါသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကျင်းပ

မတ် ၁၅၊ ၂၀၂၅ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်နေ့က လွတ်မြောက်ဒေသ တနေရာတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ ပြည်သူ့တပ်မတော်သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။ အခမ်းအနားနောက်ဆုံး အစီအစဉ်အနေဖြင့် အင်တာနေရှင်နယ်သီချင်းကို သံပြိုင်သီဆို အလေးနီပြုကာ ၄ နှစ်မြောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယနေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။… Read More »

ဗြိတိသျှလက်အောက် ရခိုင်ပြည်

“အမှာ” “ဗြိတိသျှလက်အောက် ရခိုင်ပြည်” ဆိုတဲ့ ဒီစာအုပ်ကို ဦးဘတင်ရေးပြီး ဦးကျော်မြ ဘာသာပြန်တယ်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တို့ကို ရခိုင်ပြည်နယ်နဲ့ ဗမာပြည်တဝန်းမှ တိုက်ထုတ်အပြီး ဗမာပြည်တွင်း ပြန်လည် ဝင်ရောက်လာတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ ရခိုင်ပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုကို ထင်ထင်လင်းလင်း မြင်သာအောင် ဒီစာအုပ်ထဲမှာ ခိုင်မာတဲ့အချက်အလက်များနဲ့ အသေးစိတ် ဖော်ပြထားတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့ရဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခဆင်းရဲမျိုးစုံကို ခံစားခဲ့ကြရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာအလွန်ကြေကွဲစရာ ကောင်းတယ်။ ဖတ်ရှုသူရဲ့ ရင်ကို အလွန် ဝမ်းနည်းထိခိုက်စေတဲ့ ဖြစ်ရပ်တွေပဲ။ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ကိုလိုနီနယ်ချဲ့စနစ်တော်လှန်ရေး၊ သူ့ကျွန်မခံရေးနဲ့ ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် ရခိုင်တော်လှန်ရေးသမားများစွာရဲ့ သူရဲကောင်းပီသတဲ့ ဘာမထီစိတ်ဓာတ်ကို ဒီစာအုပ်ကနေ လေ့လာသင်ယူနိုင်ကြပါလိမ့်မယ်။ ကိုလိုနီနယ်ချဲ့သမားတွေဟာလည်း ပြည်သူလူထုကို ဖိနှိပ်ရာမှာ ဖက်ဆစ်နည်းတွေ ကျင့်သုံးကြတာ ဒီစာအုပ်ထဲမှာ ပေါ်လွင်တယ်။ နယ်ချဲ့စနစ်ရဲ့ ဖောက်ပြန်မှု လိမ်ညာလှည့်ဖြားမှုတို့ရဲ့ အခြေခံဗီဇကို ဒီစာအုပ်ထဲမှာ ဖွင့်လှစ်ပြသထားတယ်။ ဒီလို ဖိနှိပ်မှုတွေကြောင့် ဗမာပြည်က လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ ရခိုင်ပြည်သူတွေဟာ နယ်ချဲ့စနစ်နဲ့ သူ့နောက်လိုက်တွေကို… Read More »

ခေါင်းမာသော လူသားများ

တနေ့တာသည်၊ ကမ္ဘာမျှပင်ကြာအံ့ထင်သည်၊ နေဝင်နေထွက်ရက်ဆက်လညောင်း၊ သံချောင်းခေါက်သံအမိန့်သံနှင့်၊ ဆဲသံဟောက်သံရိုက်နှက်သံ များနားမှာ ယဉ်ပါးခဲ့ပြီလေ။ သံတိုင်တံတိုင်း၊ ပြိုင်းရိုင်း မားမတ်ခြံခတ်ပိတ်ဆီး၊ လမ်းခရီးမှာခေါင်းမြီးခြုံကာ၊ သွားလာဝင်ထွက်နှိပ်စက် ညှဉ်းပန်း၊ မေးမြန်း စစ်ကြောသေလုမျောမေ့၊ ငရဲနေ့များ။ လွတ်လပ်မှုကို၊ လိုလားသူများနှောင်ထားထောင်သွင်း၊ ကြိုးတိုက်တွင်းမှာကျဉ်းကျပ်နာကျင်၊ မချိတင်ကဲအံခဲ ခံစားနေရပကောလား။ လူဆိုသည်မှာ၊ ခေါင်းမာရန်ကောစိတ်ဇောထန်သည်း၊ နာကြည်းမှုများအင်အားအဖြစ်၊ ပြောင်းပစ်တုံ့ပြန်ကြံ့ကြံ့ခံကာ၊ နက်ဖြန်မိုးသောက်တို့ခေတ်ရောက်က၊ လွတ်မြောက်ငြိမ်းချမ်းပန်းပေါင်းတရာ၊ ဝေဆာထုံမြပွင့်ကုန်ကြလိမ့်၊ မုချမသွေ …ယုံကြည်နေဆဲပါတကား။ ။ ရဲဘော် မောင်မောင်လတ် ဩဂုတ်လ၊ ၁၉၇၈ ခုနှစ်(ရက်ပေါင်း ၇၀၀ ကျော် စစ်ပုလိပ်ငရဲခန်း မှတ်တမ်းများမှ) (ဒီကဗျာအကြောင်း။ ။ ၁၉၇၈ ကာလ RIT ကျောင်းသားခေါင်းဆောင် ကိုအေးသောင်နှင့် အမှုတွဲ စစ်ကြောရေးကာလ၊ တိုက်ထဲက ဝါးဖျာပေါ်မှာ ဘယ်သူမှန်းမသိ သံချွန်နဲ့ရေးခဲ့တဲ့ကဗျာကို ကိုစိုးမြင့်(တိမွေးကု)တွေ့ပြီး သီချင်းအဖြစ် အသံသွင်းခဲ့တယ်။ ဂီတသင်္ကေတ Notes ဖြင့် ထောင်ပြင်ထုတ်ခဲ့တယ်။ ကိုစိုးမြင့်အကို ကိုရန်လင်းမှ ပြန်လည်အသံသွင်းပြီး အရှေ့မြောက်ပြည်သူ့အသံမှ ရဲဘော်လေးမောင်သီဆို အသံလွင့်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ နောင် လူချင်းဆုံမှ မူရင်းကဗျာရေးသူ… Read More »

အဓိပ္ပာယ်ရှိသောရှင်သန်ခြင်း (သို့မဟုတ်) ရဲဘော်လေးမောင်

ထွန်းမြတ်ကျော် (၁) သာမန် လူတယောက်အတွက် သက်တမ်းမည်မျှရှင်သန် နေထိုင်သွားကြရပါသနည်း။ သည့်အတွက် အဖြေကတော့ ရက်သတ္တပတ် ၄၀၀၀ (လေးထောင်) ပါ။ ကျန်းမာသောပုံမှန် လူတယောက် အသက်အရွယ် အပိုင်းအခြားအရဆိုပါမူ အသက် ၈၀ နှစ်။ အသက် ၄၀ နှစ် ရှိသောလူတယောက်အတွက်မူ သူအသက်ရှင် နေထိုင်ရန် ကျန်ရှိမည့် ရက်မှာရက်သတ္တပတ် ၂၀၀၀ (နှစ်ထောင်) သာကျန်ရှိတော့မည်။ ကျနော်တို့ အသက်ရှင်နေထိုင်ခဲ့ပြီးသော အချိန်များ။ဆက်လက်ရှင်သန် နေထိုင်ရဦးမည့် နေ့ရက်များအတွက် ဘာတွေလုပ်ပြီးခဲ့ပြီလဲ။ ဘယ်သူ့အတွက် ဘာတွေဆက်လုပ်ပြီး ရှင်သန်ကြမှာလဲ။ အဓိပ္ပါယ်ရှိသောရှင်သန်ခြင်းဖြင့် နေထိုင်ခဲ့ကြပြီးပြီဆိုလျှင်လည်း ကျန်ရှိရက်သတ္တပတ်များအတွက် ဘယ်လိုအဓိပ္ပါယ်ရှိရှိရှင်သန်နေထိုင်ကြမည်နည်း။ တချို့လူများသည် သက်တန်းစေ့ မနေထိုင်လိုက်ရသော်လည်း ရှင်သန်နေစဉ် ကာလတိုလေးကို လူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက် မိမိအသက်ကိုပေးဆပ်သွားခဲ့ကြပြီး အာဇာနည်သူရဲကောင်းများအဖြစ် ကျဆုံးသွားခဲ့ကြသည်။ မပြည့်စုံသေးသော အာဇာနည်များ၏ သမိုင်းမော်ကွန်းရေးထိမှု အနေဖြင့် ဖော်ပြရပါက အသက်ငယ်ငယ်နှင့် ကျဆုံးသွားသူများ အများအပြား ရှိကြပါလိမ့်မည်။ ကျနော် မှတ်မိသမျှထဲမှ ဥပမာအဖြစ် အာဇာနည်တချို့ကို ဖော်ပြရမည်ဆိုပါက- ဗိုလ်တင်အောင် (၁၂)နှစ် ၁၃၀၀… Read More »

အာဏာသိမ်းစစ်အုပ်စုရဲ့ ထွက်ပေါက်ရှာရေးအိပ်မက်ကို ရိုက်ချိုးတိုက်ဖျက်ပစ်ကြစို့။

ဥဩချို ရခိုင်ပြည်နယ်နေ့ကို အခွင့်ကောင်းယူပြီး မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်စွန့်ဖို့ ပြောလာတယ်။ ငါးဖယ်လန် ပြောင်းပြန်ပြောနည်းပဲ။ တိုက်တိုင်းရှုံး မအလ က ရခိုင်ပြည်နယ်မှာ အောင်ပွဲဆက်တိုက်ရနေတဲ့ အေအေကို လက်နက်ချဖို့ ပြောနေတာပဲ။ မိစ္ဆာတပ် စစ်အုပ်စုခေါင်းဆောင်တွေထဲမှာ မအလဟာ အညံ့ဆုံးလို့ ဆိုလောက်တဲ့ စစ်ခေါင်းဆောင်ပဲ။ သေသည်အထိ ဒါမျိုးပြောပြီး အသေထွက် ထွက်သွားမယ့်သူတွေပဲ လို့ ပထမတော့ ဒီအတိုင်း သာမန် တွေးမိတယ်။ ဒီနောက်တော့ သူ ဘာအားကိုးနဲ့ ဒီလို မဖြစ်နိုင်တဲ့တောင်းဆိုချက်နဲ့ အစချီတာလဲ လို့ စဉ်းစားမိပြန်တယ်။ သူက သူအားကိုးအားထားပြုဖို့ရာ သူ့ဘက်ပါနိုင်တဲ့ အင်အားကြီးနိုင်ငံတွေ ဆိုတဲ့ အမှီကို ရှာတာပဲ။ အဲဒီအားကိုးနဲ့ သူ ဒီလို စကားပြောထွက်လာတာလား။ နောက်တချက်ကတော့ သူ့ထွက်ပေါက် လမ်းစအပေါ်မှာ သူမျှော်လင့်ချက်ကြီးကြီးထားပြီး တော်လှန်ရေးအင်အားစုတွေကို လက်နက်စွန့်ဖို့ ပြောနေတာလား။ သူ့ထွက်ပေါက်ထဲမှာ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပြီး ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် အသုံးချချင်တဲ့အချက်လည်း ပါတယ်။ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်အုပ်စုအုပ်စိုးမှုဟာ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့… Read More »