ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဟောင်း တိုက်ဖော်တိုက်ဖက်ဟောင်းများမှ ပေးပို့သော
ရဲဘော်ကိုထက်နဲ့ တကွ တော်လှန်ရေးအတွင်း ကျဆုံးသူ ရဲဘော်အပေါင်းကို အလေးပြုလိုက်ပါတယ်
ကျော်ဇင်မင်း PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အဖွဲ့ဝင် အလုပ်သမားတော်လှန်ရေးသမား ရဲဘော်ကိုထက်ဟာ အလုပ်သမား၊ လယ်သမားလူတန်းစားလွတ်မြောက်ရေးအတွက် ရှေ့တန်းကနေလက်နက်ကိုင်တိုက်ခိုက်ရင်း သူရဲကောင်းပီသစွာကျဆုံးသွားခဲ့ပါတယ်။ အဖိနှိပ်ခံဆင်းရဲသားပြည်သူလူထုကြီးအတွက် ရဲဘော်ကိုထက် အသက်ပေးလှူသွားတာဟာ ရဲဘော်အားလုံးအတွက် ဂုဏ်ပြုဦးညွတ်စရာ ဖြစ်ပါတယ်။ ပခုက္ကူမြို့အနီးက ရေလာလေးပျူစောထီးကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်ဖွဲ့ PDO/PDA ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ၊ ကမ္မတော်လှန်ရေးတပ်ဖွဲ့ KMRF ၊ ကျောင်းသားလက်ရုံးတပ်တော် SAF ၊ ပခုက္ကူစုဖွဲ့မှုတို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘုန်းကြီးကျောင်းတကျောင်းထဲမှာခိုလှုံနေခဲ့ကြပါတယ်။ အဲဒီဘုန်းကြီးကျောင်းဟာ မဘသဘုန်းကြီးကျောင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဘုန်းကြီးတွေနေထိုင်ပါတယ်။ ပျူစောထီးတွေကိုသင်တန်းပေးပါတယ်။ ဘုန်းကြီးတွေကပျူစောထီးစစ်ဗိုလ်တွေအဖြစ်နဲ့ညွှန်ကြားဦးဆောင်ပါတယ်။ ဘုန်းကြီးကျောင်းအနီးချဉ်းကပ်ပြီးတိုက်ခိုက်ကြစဉ်မှာ ရဲဘော်ကိုထက်ရဲ့ဦးခေါင်းကိုကျည်ဆန်ထိမှန်ခဲ့ပါတယ်။ တိုက်ပွဲအောင်မြင်ပြီး လက်နက်ခဲယမ်းအများအပြားအပြင် သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ပေမဲ့ PLA ရဲဘော်ကိုထက်နဲ့ SRF ရဲဘော်တဦးတို့အသက်ပေးလှူခဲ့ကြရပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့တပ်မတော်ဖြစ်ပြီး အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံဆင်းရဲသားပြည်သူလူထုကြီးရဲ့အကျိုးစီးပွားကို အဓိကရှေ့တန်းတင်ဆောင်ရွက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရောက်လာစဉ်က တော်လှန်ရေးရဲဘော်တွေထဲမှာ ကျောင်းသားတွေတော်တော်များများပါဝင်ကြလို့… Read More »
ကျွန်တော့်ဆရာရဲဘော်စောထို
ထွန်းမြတ်ကျော် (၁) ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေရဲ့ ဝှက်စာစက် အင်နက်ဂမာ ကပေးပို့တဲ့ စစ်သတင်းကြေးနန်းများကို ဗြိတိသျှ စစ်ထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်နိုင် ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ဒုတိယကမ္ဘာစစ်ဟာ ၂နှစ် စောပြီး ပြီး ဆုံးခဲ့သလို လူဦးရေ (၁၄) သန်းရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခက်အခဲအမျိုးမျိုးကြားထဲက ၂ နှစ်အကြာ ကြိုးစားလုံးပန်းခဲ့ရာမှာ နာဇီဂျာမနီရဲ့ အင်နက်ဂမာ စက်ထဲက စစ်သတင်းတွေကို ကြားဖြတ် ဖော်ထုတ် နိုင်ခဲ့တဲ့ သင်္ချာပညာရှင်ကတော့ အလန်ကျူရင်း (Alan Turing)ဆိုသူပဲ ဖြစ် ပါတယ်။ (၂) ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ရန်သူ့ကြေးနန်းသတင်းများကိုစက်ထဲကတဆင့်ကြားဖြတ်ဖမ်းယူရာတွင်ကီးကျွမ်းကျင်ဖို့ လိုပါတယ်။ ရရှိတဲ့ ဝှက်စာ များကို ဖော်ယူဖို့ သင်္ချာဉာဏ်အခြေခံနဲ့တီထွင်ကြံဆချက်တွေ ရှိရပါမယ်။ တစုံတရာ အတွေ့အကြုံနဲ့ ဇွဲလုံ့လဝိရိယရှိရပါမယ်။ အချက်တချက်အနေနဲ့ ကတော့ ပါတီအတွက် စစ်ရေးအရ လိုအပ်ချက် ဖြည့်ဆည်းမယ်ဆိုတဲ့သန္နိဋ္ဌာန် ရှိရပါမယ်။ ကိုစောထိုက အထက်ဖော်ပြပါအချက်တွေနဲ့ ပြည့်စုံကျော်လွန်တဲ့ ကျွန်တော်တို့ ဗဟိုကြားဖြတ်အဖွဲ့ရဲ့ အဖွဲ့မှူး ဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုစောထိုကို (ကစထ)လို့နာမည်ပြောင်ခေါ်ပါတယ်။… Read More »
ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရ အမှတ်(၂) နဲ့ အင်တာဗျူး(စာသားဖြင့်)
လက်ရှိဗမာနိုင်ငံရေးအခြေအနေနှင့် ပတ်သတ်ပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ် မေးမြန်းတဲ့အခါမှာ ခါတိုင်းဖြေနေကျ ရဲဘော်ဖိုးသံချောင်းအစား ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နံပါတ်(၂) ရဲဘော်မင်းနိုင်က ဖြေဆိုပေးထားပါတယ်။ TM Media – ဟုတ်ကဲ့ ရဲဘော်မင်းနိုင်ခင်ဗျ … ပထမဆုံးအနေနဲ့ မေးချင်တာကတော့ ရဲဘော်မင်းနိုင်အကြောင်းပါ။ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေက တော်တော်လျှို့ဝှက်ကြတယ်ဆိုတော့ ရဲဘော်မင်းနိုင်ကို သိသူနည်းပါလိမ့်မယ်။ ကျနော်လည်း သိချင်သလို အများပြည်သူတွေကလည်း ရဲဘော်မင်းနိုင်အကြောင်းကို သိချင်မှာပါ။ ဒီတော့ပြောနိုင်သလောက် ပြောပြပေးပါခင်ဗျ။ ရဲဘော်မင်းနိုင် ။ ။ ကျနော်က ၇၄/၇၅/၇၆ကျောင်းသားမျိုးဆက်ဟောင်းတယောက်ပါ။အဲဒီကာလမှာ အခြားကျောင်းသားတွေ လိုပဲကျနော်တို့ လည်း လှုပ်ရှားမှုတွေမှာ ဝင်ပါကြတယ်။ ဝင် လှုပ်ရှားကြတယ်။ အဲလိုလုပ်ရင်းကနေပြီးတော့ ပါတီနဲ့ အဆက်ရခဲ့တာပေါ့ ၊အဲဒီကနေမှ နောက်ပိုင်းတော့ ပါတီကိုရောက်လာတာပေါ့။ လောလောဆယ်တော့ ခုလောက်ပဲ ပြောလို့ရဦးမယ်။ အတိုချုံးပေါ့။ TM Media ။ ။ ကျနော်တို့ သတင်းသမားတွေကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆိုလို့ရှိရင် ရဲဘော်ဖိုးသံချောင်းလို့ သိထားတာ နှစ်ပေါင်း ၂၀လောက်ရှိပါပြီ။ ခုလည်း ရဲဘော်ဖိုးသံချောင်းနဲ့ မေးရလိမ့်မယ်လို့ အစကထင်ထားတာပါ။အခု… Read More »
ရဲဘော်စောထိုအတွက် ဂုဏ်ပြုနှုတ်ဆက်ခြင်း နှင့် ဝမ်းနည်းသဝဏ်လွှာ
ရဲဘော်စောထို မမျှော်လင့်ဘဲ ရုတ်တရက်ဆုံးပါးသွားခြင်းအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီအနေဖြင့် ရဲဘော်စောထို၏ မိသားစုနှင့်ထပ်တူ ရဲဘော်စောထို၏ ရဲဘော်ရဲဘက်များနှင့်အတူ ထပ်တူထပ်မျှ များစွာ ကြေကွဲဝမ်းနည်းမှု ဖြစ်ရပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။ ရဲဘော်စောထိုသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုနဲ့ အရှေ့မြောက်စစ်ဒေသကြီးကို ပန်ဆန်းမှာ ကာလတခုတည်ငြိမ်အေးဆေးစွာအခြေစိုက်နိုင်အောင်အလွန်ကြီးမြတ်တဲ့ကောင်းမှုတွေပြုခဲ့သူ- သူရဲကောင်းရဲဘော်ကြီးတဦးဟု ရဲဘော်များ စိတ်ထဲ မှတ်ယူမိခဲ့ကြပါသည်။ ရဲဘော်စောထိုသည် ဗဟိုရဲ့ကြားဖြတ်ကြေးနန်းအဖွဲ့တာဝန်ခံပါ။ အရှေ့မြောက်စစ်ဒေသ စစ်ဆင်ရေးကြီးများမှာ သူရဲ့ကောင်းမှုပြုချက်တွေကြီးမားပါသည်။ ၁၉၇၈-၇၉ –မင်းရန်အောင်ထိုးစစ်အတွင်း သူဦးဆောင်သော(သူကအဓိကပါ။) အဖွဲ့၏ကြိုးပမ်းအားထုတ်မှုများက ကြီးမားသော အခန်းမှ ပါဝင်ခဲ့သည်ဟု ပြောရပါမည်။(သူတို့အဖွဲ့အနေဖြင့် အမြဲသိုသိုသိပ်သိပ်နေရ၍့ စစ်ဆင်ရေးကြီးတွေအပြီးမှာကျင်းပလေ့ရှိသည့် ဂုဏ်ပြုပွဲတွေမှာ တက်တာမတွေ့ရသော်လည်း သူတို့ကိုဗဟိုခေါင်းဆောင်များက ကန့်လန့်ကာနောက်ကွယ်က အညတြသူရဲကောင်းများ ဆိုပြီးသီးခြားဂုဏ်ပြုလေ့ရှိပါသည်။) သူကအလွန်ခေါင်းဆောင်ပီသပါသည်။သိပ်အရေးကြီးချိန်များမှာကျန်ရဲဘော်များကိုနားခိုင်းပြီးသူကတညလုံးနားထောင်ပေးသူ ဖြစ်သည်။သူကအဲဒီအလုပ်မှာအလွန်လည်း ကျွမ်းကျင်ထူးချွန်သဖြင့် ကျန်ရဲဘော်များကလည်း သူ့ကိုပဲအားကိုးကြရပါသည်။ဗဟိုခေါင်းဆောင်များကလည်း သူ့ကိုအလွန်တန်ဖိုးထားပါသည်။သူ့ကျန်းမာရေးနေထိုင်ရေးဘဝတွေကိုလည်းပါတီခေါင်းဆောင်များကဂရုတစိုက်ရှိပါသည်။ ရဲဘော်စောထိုအပါ ည ကြားဖြတ်တာဝန်ကျရဲဘော်များအတွက် အထူးရိက္ခာစီစဉ်ပေးတတ်ပါသည်။ အခြေအနေပေးသမျှထဲက အတတ်နိုင်ဆုံး ဂရုစိုက်ပေးခဲ့ပါသည်။ ၁၉၈၂-၈၃ စစ်ဆင်ရေးကာလအလွန်အရေးကြီးလို့ တညလုံး ထိုင် ကြားဖြတ်နားထောင်ရာမှ မနက်မိုးလင်းချိန် ကုလားထိုင်ကအထ ဆီးတွေသွားရာမှာသွေးတွေချည်းပါလာပြီး သတိလစ်သွားပါတော့သည်။ကမန်းကတန်းကယ်ဆယ်ရပြီး သူအခြေအနေတည်ငြိမ်လာတော့ ဆက်လက်ဆေးစစ်ဖို့… Read More »