နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ
နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ (၁) သြဇာနဲ့အာဏာ ပြည်တွင်းပြည်ပ နှစ်နေရာလုံးမှာ ဒေါ်အောင်ဆန်းကြည် သြဇာရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါ။ ရွေးကောက်ပွဲကလည်း နိုင်ထားပြီးဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သူအာဏာရပြီ….ပေါ့၊ ဒါပေမဲ့ ဗမာပြည်မှာ ဒါမျိုး ဖြစ်မလာခဲ့ဘူး။ သြဇာရှိလို့ အာဏာ ရှိတာလား၊ အာဏာရှိလို့ သြဇာရှိတာလား၊ ဗမာပြည် စစ်အုပ်စုကတော့ အာဏာရှိခဲ့လို့ သြဇာရှိခဲ့ကြတာ အထင်အရှားပဲ။ ဒေါ်အောင်ဆန်းစုကြည် အဖို့တော့ သြဇာရှိတာနဲ့ အာဏာရှိတာ တခြားစီဖြစ်နေတယ်၊ သူကိုယ်တိုင် သူ့ပါတီ NLD မှာ သြဇာလည်းရှိတယ်၊ အာဏာ လည်း ရှိတယ်၊ ဒါပေမဲ့ တိုင်းပြည် နိုင်ငံရေးမှာကျတော့ သြဇာက အာဏာကို လက်ညှိုး မညွှန်နိုင်ဘူး၊ ၂၀၀၈ ခြေဥက ဒါကို ခွင့်မပြုဘူး။ ဒါကို ဆုပ်မိကိုင်မိ ရှိကြတဲ့ ပြည်ပ နိုင်ငံတွေက (နိုင်ငံချင်းဆက်ဆံရေးမှာ) သတိထား ဆက်ဆံလာကြတာ တွေ့ရတယ်၊ ကာချုပ်ကို သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ထပ်တူ ဦးတိုက်ခံစာရင်းထဲ ထည့်ထားကြရတယ်။ ကာချုပ်ကလည်း ၂၀၀၈ ခြေဥထဲက အနှစ်အသားဖြစ်တဲ့… Read More »