Category Archives: အရေးတော်ပုံဂျာနယ်

ငါးနှစ်ပြည့်ခဲ့ပြီ

(အရေးတော်ပုံ စာတည်းအဖွဲ့ အာဘော်) ၂၀၂၁ – ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့်ပြီ။ပြည်သူလူထုကြီး အသက်သွေးချွေး အိုးအိမ်မြေယာတွေ စွန့်လှူပြီး မိတကွဲ ဖတကွဲ ဖြတ်သန်းရတဲ့ ငါးနှစ်တာပဲ။ ပြည်သူ့သားသမီးတွေ အာဇာနည်သူရဲကောင်းအဖြစ် အသက်ပေးတိုက်သွားခဲ့ကြတဲ့ ငါးနှစ်တာပဲ။ ဦးစွာ သည် ၂၀၂၁ တော်လှန်ရေးကြီးကို ရရာလက်နက်ကိုင်စွဲ စတိုက်သူတွေလဲ ဖြစ်၊ အဓိက ထောက်ပံ့ပေးသူလဲ ဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် မလျှော့သော ဇွဲလုံ့လနဲ့ ဆက်တိုက်နေသူလဲ ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူနဲ့ တော်လှန်နေသူအပေါင်းကို အလေးအနက် အမွန်အမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ သည်ငါးနှစ်မှာ တော်လှန်ရေးဟာ မရှိရာက ရှိလာတယ်။ တော်လှန်ရေးအင်အားတွေ တိုးလာတယ်။ လက်နက်ကျည်ဆန်တွေ လက်မဲ့ကနေ လက်ရှိ ဖြစ်လာတယ်။ ပြောက်ကျားနယ်မြေတွေ၊ တော်လှန်ရေးဒေသနဲ့ အခြေခံစခန်းတွေ၊ စိုးမိုးနယ်မြေတွေ တိုးလာတယ်။ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူလူထု အတွင်းမှာလည်း သာမန်ကာလတွေမှာထက် တော်လှန်‌ရေးကာလ အတွင်းမှာသာ အလျင်အမြန် ရှင်းရှင်းလင်းလင်း ရရှိနိုင်တဲ့ နိုင်ငံရေး အသိတွေကို လည်း ရရှိလာတယ်။ သို့သော် တော်လှန်ရေးကား မအောင်သေး။… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၃) အမှတ် (၇)

အရေးတော်ပုံဂျာနယ်အညွှန်း သန်းထိုက်အောင်

အရေးတော်ပုံဂျာနယ်အညွှန်း

အရေးတော်ပုံဂျာနယ်အညွှန်း သန်းထိုက်အောင် ဇွန် ၂၀၂၄ (ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်မှာ ဖော်ပြမယ့်ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သုတေသီ သန်းထိုက်အောင် ရေးသားပြုစုတဲ့ အရေးတော်ပုံဂျာနယ်အညွှန်းရဲ့ နိဒါန်းပိုင်းသာဖြစ်ပါတယ်။ အရေးတော်ပုံဂျာနယ်အညွှန်း သုတေသနစာတမ်းအပြည့်အစုံကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဝဘ်ဆိုက်မှာ ဖော်ပြထားမှာ ဖြစ်ပါတယ်။) အပိုင်း (၁) ၁။ နိဒါန်း ကျနော်တို့တတွေ အကြောင်းအရာတရပ်ကိုသိလိုတဲ့အခါ စာအုပ်စာပေစုံလင်လှတဲ့ စာကြည့်တိုက်ကြီးတွေဆီ မဖြစ်မနေ သွားရပါတယ်။ ကိုယ်ရှာဖွေတဲ့အကြောင်းအရာကို ရှာဖွေစမှာ မျက်စေ့သူငယ်နားသူငယ် ဖြစ်နေတာကို စာကြည့်တိုက်နဲ့ စာကြည့်တိုက်ဝန်ထမ်းတွေကနှစ်သိမ့်ပေးရင်း မျက်စိဖွင့် နားဖွင့်ပေးပါတယ်။ စာကြည့်တိုက်မှူးတွေ စာကြည့်တိုက်သမားတွေဟာ ကျနော်တို့အားကိုးရာပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သူတို့တွေကို လူကိုယ်တိုင် မမေးမြန်းဖြစ်နိုင်ခဲ့ရင်တောင် စာကြည့်တိုက်ပညာရပ်နဲ့ သူတို့တွေပြုစုထားတဲ့စာစုစာရင်းတွေ၊ အညွှန်းတွေကလည်း ကျနော်တို့အတွက် ရတနာသိုက်မြေပုံတွေဖြစ်ပါတယ်။ စာကြည့်တိုက်ပညာရဲ့အရေးပါပုံတခုက စာရှာစာပြုသူတွေ လွယ်ကူစေဖို့ စာကြည့်တိုက်သမားတွေက ကြိုးကုတ်အားထုတ်ပြီးပြုစုပေးတဲ့ အညွှန်းတွေ၊ စာစုစာရင်းတွေပါ။ ခေတ်သစ်မြန်မာ့အရေးကိုလေ့လာမယ်ဆိုရင် အစဉ်အလာကြီးမားလှတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အခန်းကဏ္ဍကို လုံးဝချန်လှပ်ထားလို့ မရပါဘူး။ ခေတ်သစ်မြန်မာ့သမိုင်းကို ယထာဘူတကျကျ ဆင်ခြင်သုံးသပ်နိုင်ဖို့နဲ့ သက်တမ်းအရှည်ကြာဆုံးနိုင်ငံရေးပါတီကြီးဖြစ်တဲ့ ကွန်မြူနစ်ပါတီအကြောင်းတို့ကို ဂဃနဏ သိရှိနိုင်ဖို့ရာ… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၃) အမှတ် (၆)

အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ် (၅)

အရေးတော်ပုံဂျာနယ် အတွဲ (၃) အမှတ် (၄)