ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း)
ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း) အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ကိုဌေးလှဟာ ၁၉၆၁ ခုနှစ်မှာ ကျွန်တော်နဲ့အတူတူ တက္ကသိုလ်ကိုရောက်တာပါ။ ဒါပေမဲ့ သူဟာ တက္ကသိုလ်မရောက်ခင်ကတည်းကပဲ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ လက်ဝဲအင်အားစုတွေနဲ့တွဲမိ၊ ဆက်မိနေပါပြီ။ သာမန်ဆက်မိရုံမဟုတ်ပဲ သူ့ညီတယောက်အပါ အပေါင်းအသင်းတွေ အုံနဲ့ကျင်းနဲ့ဆက်မိကြတာပါ။ ၁၉၆၆ ခုနှစ်မှာ သူနဲ့ကျွန်တော်အဖမ်းခံရတော့ အဲဒီအထဲကတချို့ လည်း အဖမ်းခံရပါတယ်။ အဲဒီတချို့ဟာ ကိုကိုးကျွန်းအထိပါလာပါတယ်။ ပါလာသူတွေထဲမှာ ကဗျာဆရာ ကိုလေးမောင်လည်း ပါတာပေါ့။ သူ့(ရဲဘော်ဌေးလှရဲ့) စိတ်ဓာတ်၊ သူ့ကျဆုံးမှုဟာ ကိုကိုးကျွန်း တိုက်ပွဲတွေအပေါ်ဂယက်ရိုက်၊ အကျိုးပြုတယ်လိုဆိုရင်မမှားဘူးထင်ပါတယ်။ (ကျွန်တော်တို့တတွေ ရက်လေးဆယ် အစာငတ်ခံတိုက်ပွဲ အောင်ပွဲရပြီးတဲ့နောက် အိမ်နဲ့အဆက်အသွယ်ရတဲ့အခါ သူ့ညီ ကိုဌေးမောင်မှာပေးလို့ အိမ်ကပို့ပေးတဲ့ သူ့ဓာတ်ပုံကို ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲဆင်နွှဲတော့ ပန်းချီဆွဲပြီး တိုက်ပွဲဆောင်(၁) နံရံမှာ ချိတ်ပြီး အားမာန်တက်ခဲ့ကြရပါတယ်။) မန္တလေးတက္ကသိုလ်ကို ရောက်တယ်ဆိုရင်ပဲ သူနဲ့ကျွန်တော်ဟာ ဘဝ၊ ဘဝကရေစက်ပါသလို ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂစတာတို့မှာ တွဲမိသွားကြပါတယ်။ အဲဒီတုန်းက ဒီလောကမှာ ကျွန်တော်ဟာ အငယ်ဆုံး လို့ဆိုရမလိုဖြစ်နေတော့ သူကကျွန်တော့် ကိုမင်းနဲ့ငါနဲ့ပြော၊ အားမနာတမ်းတောင်းဆို၊ ဝေဖန်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ခင်ဗျားကျွန်တော် နဲ့ပဲပြောပါတယ်။ သူစီနီယာကျတာကို အသိအမှတ်ပြုပါတယ်။ တိုက်ဆိုင်ချင်တော့… Read More »