လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည်(စိုးပိုင်)
လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည် (စိုးပိုင်) အရေးတော်ပုံဂျာနယ် ၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုအာဏာ သက်ဇိုး(ဆိုး)ရှည်ဖို့အတွက် နအဖစစ် အုပ်စုက စိတ်ကြိုက်အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်တယ်။ ဒီ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးအရ ရှေ့တန်းခံကတုတ်တခုပဲ။ နောက်ဆုံးအခိုင်အမာ ခံကတုတ်ကတော့ သူတို့ပြောနေတဲ့ “တပ်မတော်ဆိုတဲ့ ခါးပိုက်ဆောင်ကြေးစားစစ်တပ်ပဲ။ စစ်အုပ်စုကို “စစ်သုံးစစ်” (စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရစီ ယန္တရား)လို့ ပြောတာဟာ စစ်အုပ်စုရဲ့သရုပ်ကို ပေါ်လွင်စေဖို့ဖြစ်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ စစ်အုပ်စုကိုယ်စားပြု ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီး ဒီချုပ်တောင်ပြိုကမ်းပြို အနိုင် ရကာ ရင်ကြားစေ့အစိုးရအဖြစ် အသွင်ပြောင်းသွားသော်လည်း၊ (စစ်အုပ်စုနှင့်အတူ) စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရား(ကြေးစားတပ်အပါ)တို့ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဒီရှေ့တန်းခံကတုတ်ကျလည်း နောက်ဆုံးခံကတုတ်ကိုအသုံးချပြီး သူတို့အာဏာကို အသေအလဲ ခုခံကာကွယ်ဦးမှာပဲဖြစ်တယ်။ ရှေ့တန်းခံကတုတ် ကျိုးပေါက်သွားရင် ပိုမိုစိတ်ချရအောင် တိုင်းပြည်နဲ့ပြည်သူလူထုဆီက လုယက်ရသမျှငွေတွေနဲ့ “ပြည်တွင်းရန်” ကိုချေမှုန်းဖို့ “စွမ်းအားပြည့်ဝတဲ့ ခေတ်မီတပ်မတော်ကြီး” ကိုတည်ဆောက်နေကြတာ အများမျက်မြင်ပဲ။ ၂၀၀၈အခြေခံဥပဒေနဲ့အညီ “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်” အရ“တရားဝင်”မှတ်ပုံတင်ကြရတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေ၊ ပေါ်ပေါက်လာတဲ့အစိုးရတွေ၊ လွှတ်တော်တွေဟာ၊ အမှန်တကယ်တော့ စစ်အာဏာရှင်စနစ်ကို အထောက်အကူဖြစ်စေဖို့ တည်ဆောက်ထားတဲ့ အသုံးချယန္တရားတွေသာဖြစ်တယ်။… Read More »