ဒီနေ့အထိ မှန်ကန်နေတဲ့ မာ့က်စ်ရဲ့ပြောဆိုရေးသားချက်တွေ
(တစ်) စီးပွားရေးထိုင်းမှိုင်းမှုကြီး- အရင်းရှင်စနစ်ရဲ့ထိန်းမနိုင်သိမ်းမရလက္ခဏာ မာ့က်စ်ရဲ့ရေးသားချက်တွေထဲမှာ သန္ဓေအရကိုပဲ ထိန်းမနိုင်သိမ်းမရဖြစ်တတ်မှု၊ အကျပ်အတည်းတွေ ပြွမ်းတီးမှု လက္ခဏာတွေရှိတဲ့ အရင်းရှင်စနစ်အကြောင်းဟာ အဓိကအပိုင်းတခုဖြစ်ပါတယ်။ အမြတ်အစွန်းအတွက် မနားမနေ လုံးပမ်းမှုကနေ ကုမ္ပဏီတွေဟာ သူတို့ရဲ့အလုပ်ရုံတွေမှာ စက်တွေ တပ်ဆင်လာကြလိမ့်မယ်။ ဒီလိုနဲ့ တဖက်မှာ အလုပ်သမားတွေရဲ့ လစာတွေကို ဖြစ်ညှစ်ထားပြီး တဖက်မှာ ကုန်ပစ္စည်းတွေကို များသထက်များအောင် ထုတ်လိုက်တာ အလုပ်သမားတွေဟာ သူတို့ထုတ်လုပ်တဲ့ပစ္စည်းကို သူတို့ဝယ်လို့မနိုင်အောင်ဖြစ်လာမယ်လို့ သူကဆိုခဲ့ပါတယ်။ အမှန်ပါပဲ။ ခေတ်သစ်သမိုင်းရဲ့ ဖြစ်ရပ်တွေ- စီးပွားရေးကပ်ကြီး (၁၉၃၀ စုနှစ်များ) ကနေ ဒီနေ့ ဒေါ့ကွန်ဗူဗောင်း(dot.com bubble) ပြဿနာအထိ၊ ဒီဟာတွေရဲ့ဇာစ်မြစ်ကို မာ့က်စ်ရဲ့အသုံးအနှုန်းအရ “လက်တွေ့မတည်ရှိတဲ့ စိတ်ကူးထဲက အရင်းအနှီး (fictitious capital)”- ဘဏ္ဍာရေးကိရိယာတွေဖြစ်တဲ့ စတော့ခ်လက်မှတ်၊ ပြန်မဆပ်နိုင်တဲ့ ငွေပေးချေမှု- စတာ တွေမှာ ခြေရာခံလို့ ရပါတယ်။ ထုတ်လုပ်ပြီးရင်း ထုတ်လုပ်လိုက်တာ နောက်ကျတော့ ကိုယ့်ကုန်တွေကို ၀ယ်မယ့်လူ မရှိတော့ဘူး။ ဈေးကွက်အသစ်တွေလည်း မရှိတော့၊ ငွေချေးပေးတာလည်း မရှိတော့ဘူး။ ဒီသံသရာကြီးဟာ ကျွန်တော်တို့ မျက်စိရှေ့မှာပဲ… Read More »
