Category Archives: သတင်း

ပထမအင်တာနေရှင်နယ် အနှစ် ၁၅၀ မြောက်

ပထမအင်တာနေရှင်နယ် အနှစ် ၁၅၀ မြောက် 150 th anniversary of the 1st International နိုင်ငံတကာအလုပ်လုပ်သူများအစည်းအရုံး (International Working Men’s Association) ကို လွန်ခဲ့တဲ့ အနှစ် ၁၅ဝ၊ ၁၈၆၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ လန်ဒန်က စိန့်မာတင် (Saint Martin’s Hall) ခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးကို နိုင်ငံ ၆ ခုက တော်လှန်ရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်က ကမ္ဘာပေါ်ရှိ အလုပ်သမားတိုက်ပွဲများကို တခုတည်းသော အဖွဲ့အစည်းအောက်မှာ စုရုံးကြပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို စုစည်းပေးဖို့ ဖြစ်ပါတယ်။ ဒီအစည်းအရုံးကြီးမှာ ကားလ်မာ့က်စ်က ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူဟာ ဒီဖွဲ့စည်းရေး အစည်းအဝေးကြီးမှာ မိန့်ခွန်းမပြောခဲ့ပေမယ့် မာ့က်စ်ရဲ့အသုဘမှာ အင်တာနေရှင်နယ်ကို ဖွဲ့စည်းလိုက်တာဟာ မာ့က်စ်ရဲ့ တော်လှန်ရေးလုပ်ငန်းတွေထဲမှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်တယ်လို့ အိန်ဂယ်က ပြောခဲ့ပါတယ်။ ဒီအစည်းအဝေးကြီးကနေ နိုင်ငံတကာအလုပ်သမားအစည်းအရုံးကို တည်ထောင်ဖို့ တညီအညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။… Read More »

နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲတွေရဲ့ ကံကြမ္မာဟာ ဗိုလ်တင်အေး လက်ခုပ်ထဲမှာ

အခြေအနေက ဒိုင်အကြီးအကျယ်လျှော်ရမယ့်ပွဲ။ ထိုးသားတွေကလည်း တစ်ကွက်ထဲ အပိုင်ပုံအောထားကြတယ်။ ဖဲသုံးချပ် ဒိုင်ကလည်း သူအရှုံးကြီးရှုံးတော့မယ်ဆိုတာ အတွေ့အကြုံအရ ကောင်းကောင်းသိနေပြီ။ ထွက်ပေါက်ကလည်း တခြားမရှိတော့ဘူး။ ဒီတော့ ဖဲသုံးချပ်ဒိုင်ဟာ စားပွဲပေါ် ဓါးမြှောင်စိုက်တဲ့ လူမိုက်နည်းသုံးပြီး ဒီပွဲကိုမပျက် ပျက်အောင် ဖျက်ရတော့တာပေါ့။ မကြာမီ “ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမယ်” လို့ လွှတ်တော်ထဲမှာ သူကိုယ်တိုင်ဖြေကြားပြောဆိုထားတဲ့ ဗိုလ်တင်အေးလည်း ဖဲသုံးချပ်ဒိုင်လိုပဲ “ ကြားဖြတ်ရွေးကောက်ပွဲ” ဖျက်သိမ်းလိုက်ပြီ။ တကယ်တော့ နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲတွေရဲ့ ကံကြမ္မာဟာ ဗိုလ်တင်အေး လက်ခုပ်ထဲမှာ ရှိတာပါ။ “၂၀၀၈ အခြေခံဥပဒေ” ၊ ပုဒ်မ ၃၉၉ နဲ့ ပုဒ်မ ၄၀၂ တို့ဆိုတာဟာ ဗိုလ်တင်အေး စိတ်ကြိုက် စီရင်ပိုင်ခွင့်တွေ ဖြစ်တယ်။ တချို့တွေ ပြောနေကြသလို၊ ထင်မြင်ယူဆနေကြသလို “ဗိုလ်တင်အေးကော်မရှင်” ဖျက်သိမ်းပြီး အခြားကော်မရှင်တစ်ခုနဲ့ အစားထိုးရုံလောက်နဲ့ လုံးဝမဖြစ်နိုင်ဘူး။ “၂၀၀၈ အခြေခံဥပဒေ”တည်မြဲနေသမျှ “လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ” ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံရေးပါတီတိုင်းဟာ နိုင်ငံရေး၊ စည်းရုံးဖွဲ့စည်းနဲ့ ဘဏ္ဍာရေး အဖက်ဖက်က… Read More »

ပြည်သူ့အမွန်

– မတရား သိမ်းဆည်း လယ်ယာမြေများကို တောင်သူများသို့ ပြန်ပေးပါ။ – လယ်ယာမြေနှင့် ပတ်သက်သော အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးပါ။ – တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်သော လယ်ယာမြေခုံရုံးများ ဖွဲ့ပေး။ ရေတာရှည် မြို့နယ်က ဆန္ဒပြတောင်သူလယ်သမားတွေရဲ့ ဒီတောင်းဆိုချက်တွေကို ကြည့်ရင် ပြည်သူတွေရဲ့  တီထွင် ဖန်တီးမှုစွမ်းအားကို အထင်အရှား တွေ့နိုင်တယ်။ ကိုလိုနီခေတ်ကတည်းက အမတော်ကြေးများ လျှော်ပစ်ရေး၊ အခွန်တော် လျှော့ပေါ့ရေး၊ သီးနှံဈေး တိုးမြှင့်ပေးရေး စသဖြင့် လယ်သမားတွေရဲ့ လယ်တွေ့ဘဝကို ထင်ဟပ်တဲ့ လတ်တလော တောင်းဆိုချက် အများအပြားကို တင်ပြတောင်းဆိုခဲ့ကြတယ်။ ကြွယ်ဝပြည်စုံတဲ့ အဲဒီတောင်းဆိုချက်တွေထဲမှာ ၁၉၄၆-၄၇ ခုနှစ် ဗမာပြည် ပြည်သူတရပ်လုံးနဲ့အတူ လယ်သမားများလည်း ရှားပါး ကျပ်တည်းနေချိန်ဖြစ်လို့“ခေါင်းပါးစရိတ် ထုတ်ပေးရေး”ဆိုတဲ့ တောင်းဆိုချက်မျိုးကိုတောင် တင်ပြတောင်းဆိုခဲ့ဖူးကြောင်း တွေ့ရှိရတယ်။ လွတ်လပ်ရေးမရမီ လယ်သမားညီလာခံများမှာလည်း လယ်သမားထု အတွက် အမှန်တကယ် လိုအပ်တဲ့ လတ်တလော တောင်းဆိုချက်များကို ပြည့်စုံကြွယ်ဝစွာ တင်ပြတောင်းဆိုနိုင်ခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေထဲမှာ သီးစားခ လျှော့ပေါ့ရေးမှ အစ… Read More »

ကြီးမြတ်တဲ့ ဗမာပြည်ပြည်သူတွေနဲ့အတူ ချီတက်ကြစို့

ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ ထူးခြားချက်တရပ်ကတော့ နိုင်ငံရေးအင်အားစု ၉၀% ကျော်တို့က ဒီမိုကရေစီရရှိရေး/ထူထောင်ရေး ကြွေးကြော်သံကို ထိပ်ဆုံးမှာထားကြတာပဲ။ လူထုဆီက မဲရဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အာဏာတည်မြဲရေးအတွက် လူထုကို လိမ်ညာဖို့ပဲဖြစ်ဖြစ် အားလုံးက ဒီစကားကို ပြောကြရပါတယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီမရှိသေးဘူး။ လူထုဟာ ဒီမိုကရေစီကို တောင့်တလိုလားတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အခါလောက် အစိုးရရဲ့အဖွဲ့အစည်း မဟုတ်သူတွေ ကွဲပြားနေ၊ လက်မတွဲနိုင်ဘဲဖြစ်နေကြတာ ဒီနေ့ပဲရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအကြားက တပ်ပေါင်းစုဖွဲ့တာတွေ ကစင့်ကလျားဖြစ်ပြီး တချို့သဏ္ဍာန်လောက်ကျန်တာ၊ ဥပဒေတွင်း လှုပ်ရှားနေသူတွေချင်း တူတာတွေ တွဲလုပ်ဖို့မစဉ်းစားကြတာ၊ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေကြတာ စတာတွေကလည်း စောင့် ကြည့်နေသူတွေအဖို့ မမြင်ချင့်အဆုံးလို ဖြစ်နေပါတယ်။ ဒါတွေနဲ့တဆက်ထဲ မြင်တွေ့နေရတာတွေကတော့ နိုင်ငံရေးအင်အား စုတွေဟာ ဒီကနေ့ ဗမာနိုင်ငံ အနှံ့အပြားမှာ တနေ့မပြတ် အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ အောက်ခြေပြည်သူလူထုတွေရဲ့ တိုက်ပွဲတွေကို မပါဝင်၊ မထောက်ခံရုံမက သူတို့ရဲ့သဘောထား မှတ်ချက်စကားလေးတောင် မပြောတာပါပဲ။… Read More »

အသွားစေခိုင်းသူ မင်းဧကရာဇ်

မဟာသန္တိသုခ အရေးနဲ့ပတ်သက်လို့ ရဟန်းရှင်လူတွေရဲ့ မကျေနပ်မှု ပိုပိုပြီး တိုးပွားများပြားလာတာနဲ့အမျှ အစိုးရကလည်း ဓားစားခံတွေကို တယောက်ပြီးတယောက် ဆွဲထုတ်အရေးယူနေတယ်။ တရားခံလက်သည်အစစ်ကို ဖုံးဖိဖျောက်ဖျက်ပေးဖို့ ဝိုင်းကူကြိုးပမ်းနေသူတွေဟာ ဘယ်သူက ဘာလဲဆိုတာ ပိုမိုသဲကွဲစွာ မြင်လာရချိန် ဖြစ်တယ်။ အခု ဦးအံ့မောင်ကို ဓားစာခံအဖြစ် ထိုးကျွေးချင်တဲ့ သဘောမျိုးလဲ တွေ့လာရတယ်။ ဦးဆန်းဆင့်က တရားခံလား။ ဦးအံ့ မောင်က တရားခံလား။ ဆန္ဒန်ဆင်မင်း ၀တ္ထုကို သွား သတိရမိတယ်။ မှတ်မိသလောက် (အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး၊ ဤသုံးဦးသားအနက်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေစေတော့ဟု) ဆိုတဲ့ စကားကို မုဆိုးပြောစကားအနေနဲ့ ရေးထားတယ်။ ဦးပုည ခွဲခြမ်းစိတ်ဖြာတဲ့ နည်းလိုပဲ နိုင်ငံရေးမှာ ဓားစာခံအဖြစ် ဆွဲထုတ်အသတ်ခံလိုက်ရတဲ့ အခိုင်းခံရသူတွေနဲ့ ပင်မလက်သည်တရားခံ ခွဲကြည့်ကြဖို့လိုတယ်၊ မဟာသန္တိသုခ အရေးမှာသာမက လက်ပံတောင်းအရေးလိုကိစ္စအပါအဝင် ဘယ်အရေးကိစ္စမှာမဆို မြန်မာပြည်ရဲ့ နိုင်ငံရေး အရေးကိစ္စတွေမှာ အဓိကတရားခံ စစ်အစိုးရဟာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး… Read More »

ဗိုလ်အောင်မင်း ဘာကြောင့်တောင်းပန်လဲ

ဗိုလ်အောင်မင်းဝန်ချတာကို အားလုံးကြားလိုက်ကြပါလိမ့်မယ်။ ဒါဟာ ဗမာပြည်မှာ နှစ်ပေါင်း ၅၀ ကျော် တည်ရှိနေတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်မှာ စစ်အာဏာရှင် အုပ်စိုးသူတွေထဲက ဒါဟာပထမဆုံး လူသိရှင်ကြား ၀န်ချတောင်းပန်တဲ့ပွဲ ဖြစ်ပါတယ်။ ၀န်ချတောင်းပန်တာမှ စာနဲ့ရောအသံနဲ့ပါ၊ လူကိုယ်တိုင် ပြည်တွင်းပြည်ပကို အသိပေးပြီး ဒူတုပ်တောင်းပန်ရတာ ဖြစ်ပါတယ်။ (ဗိုလ်မင်းအောင်လှိုင်ကို သွားဝန်ချရပုံကိုပဲ ကြည့်ပါ)။ စစ်အာဏာရှင်ထိပ်ပိုင်းတွေ အခုအခါမှာ အာဏာကို သူတို့ပိုင်ပိုင်ရထားပြီဆိုပြီး ဘာကိုမှမမှု၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ “လူထုကို ပါးရိုက်မယ်”၊ “လျှပ်စစ်မီးမရှိရင်ဖယောင်းတိုင်ထွန်းနေကြ”၊ “ဘူးလက်(ကျည်ဆံ)ပေးလိုက်မယ်”၊ “ထမင်းကို တနပ်ထဲစားပေါ့” စသဖြင့် လူထုအပေါ် အင်မတန်မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေ ပြီးခဲ့တဲ့ တနှစ်-နှစ်နှစ်လောက်အတွင်း ဆက်တိုက်ဆိုသလို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ပတ်သက်လို့ သူတို့အထက်လူကြီးတွေက အပြစ်တင်ဝေဖန်တာ မရှိသလို သူတို့ကိုယ်တိုင်ကလည်း ၀န်ခံတောင်းပန်တာ လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဗိုလ်အောင်မင်းတယောက် ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ ဖြစ်ရပါပြီ။ အကြောင်းက ရှင်းပါတယ်။ ပြည်သူလူထုကို ဆဲဆိုစော်ကားတာကို စစ်အုပ်စုထဲမှာ အပြစ်လို့ သဘောမထားပါဘူး။ ဒါပေမဲ့ သူတို့ရှေ့အဆက်ဆက်က… Read More »

ခရိုနီများအတွက် စားကွက်ဖန်တီးပေးသော ဗိုလ်တင်အေးကော်မရှင်

မေလ ၂၂ ရက်စွဲဖြင့် ဗိုလ်တင်အေးလက်မှတ်ထိုးထားသော နိုင်ငံရေးပါတီများအတွက် “အခွန်လွတ်ကားတင်သွင်းခွင့်” နှင့် “ပါတီရုံးခန်းဖွင့်ရေး တိုက်ခန်း (သို့) မြေနေရာချပေးရန်” သမ္မတရုံးသို့ တင်ပြထားတယ်ဆိုတဲ့ကိစ္စ။ “အခွန်လွတ်ကားတင်သွင်းခွင့်” “အခွန်လွတ်ကားတင်သွင်းခွင့်” ဆိုတာဟာ ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရအနေနဲ့ ခရိုနီများလက်ကို အခွန်လွတ်ကားတင်သွင်းခွင့် တိုက်ရိုက်ချပေးလိုက်ရင် ပြဿနာ ကြီးနိုင်တဲ့အတွက် ဗိုလ်တင်အေးကော်မရှင်က ကြားပွဲစားလုပ်ကာ နိုင်ငံရေးပါတီတွေက အမည်ခံ/ ဓါးစားခံ လုပ်ကြရခြင်းဖြစ်ပါတယ်။ ထို့အပြင် ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဗိုလ်တင်အေးကော်မရှင်နှင့်ခရိုနီတို့၏ စံကျသော သုံးပွင့်ဆိုင် (win – win) စီးပွားရေး စားပေါက်ထွင်မှု တစ်ခုဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ စီးပွားရေးဘက်ကတွက်လျှင် တစ်ပါတီကား ၅ စီးနှုန်းဖြင့် ပါတီပေါင်း ၆၅ ပါတီအတွက် စုစုပေါင်းအခွန်လွတ်ကား ၃၂၅ စီး တင်သွင်းခွင့်ရရှိစေမယ့် သေချာပေါက် မြိုးမြိုးမြက်မြက်ရမည့်ဂွင်ကြီးလည်း ဖြစ်ပါတယ်။ ပါတီပေါင်း ၆၅ ပါတီအနက် ကား ၅ စီးတင်သွင်းနိုင်တဲ့ပါတီ အရေအတွက်က ပါတီစုစုပေါင်းရဲ့အစွန်းထွက်ပမာဏပင် မရှိ တာကို ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အေးတို့နဲ့အမြီးစားဖက်ခေါင်းစားဖက် ခရိုနီများက ကောင်းကောင်းသိပါတယ်။… Read More »