ကျောင်းသားသမဂ္ဂ အဓွန့်ရှည်ပါစေသတည်း
ရင်ကမွေးလည်းသားကျောကမွေးလည်းသားကိုယ့်သားမှကိုယ့်သားကျောင်းသားတဲ့ငါ့သား ဗမာပြည်မှာ ပဒေသရာဇ်မင်းဆက်ပြတ်ပြီးနောက် ခေတ်သစ်ပညာရေး၊ ကျောင်း၊ ကျောင်းသားတွေ ပေါ်လာကတည်းက ကျောင်းသားနဲ့ မိဘပြည်သူများဟာ ခွဲလို့မရအောင် တလှေထဲစီး၊ တခရီးထဲသွား၊ တိုက်ပွဲတွေဝင်ပြီး အောင်ပွဲတွေ ဆင်ခဲ့ကြပါတယ်။ ၁၉၂ဝ ခုနှစ် သပိတ်ကစလို့ လို့ပဲ ဆိုကြပါစို့။ ပြည်သူတွေရဲ့ အဲဒီကိုလိုနီဘဝလွတ်မြောက်ရေး တိုက်ပွဲတွေကစလို့ ဒီနေ့အထိ မိဘပြည်သူတွေနဲ့ လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်ခဲ့/နေတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲတွေဟာ ဗမာနိုင်ငံသမို်င်းထဲကနေ ဖယ်ရှားပစ်လို့ မဖြစ်နိုင်သလို ဒီတိုက်ပွဲတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာလည်း ဗမာပြည်နိုင်ငံရေးလောကက လူပုဂ္ဂိုလ်တဦးချင်း၊ ဒါမှ မဟုတ် အဖွဲ့အစည်းတခုချင်းကို တိုင်းတာတဲ့စံတမျိုး ဖြစ်နေပါတယ်။ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်း အဲဒီမေးခွန်း၊ အဲဒီစမ်းသပ်မှုကို ရှောင်ကွယ်လို့ မရပါဘူး။ ကျောင်းသားတွေဟာ (ဆရာဗန်းမော်တင်အောင်ပြောတဲ့) သမိုင်းက ပေးတဲ့တာဝန်ကို ဘယ်တုန်းကမှ ခေါင်းမရှောင်ခဲ့ဘူးဆိုတာကို အားလုံးပဲ အသိအမှတ်ပြုရပါမယ်။ ၁၉၂ဝ သပိတ်၊ မန္တလေးအာဇာနည် ၁၇ ဦး သပိတ်၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၊ ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ(ဗိုလ်အောင်ကျော်ကျဆုံးမှုနဲ့ဆက်နေတဲ့)၊ ဂျပန်တော်လှန်ရေး၊ ၁၉၄၅ –… Read More »
