ဒူးရင်းဆန့်ကျင်ရေး
ဖရက်ဒရစ်အိန်ဂယ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၈၆ နှစ်မြောက် ပါတီမွေးနေ့ အထိမ်းအမှတ်အဖြစ် ပါတီ (ဗဟိုဝါဒဖြန့်ချိရေးဌာန) မှ ဘာသာပြန်ဆိုထားသည့် ဖရက်ဒရစ်အိန်ဂယ်၏ “ဒူးရင်းဆန့်ကျင်ရေး (Anti-Dühring)” အား ရဲဘော်များ၊ ပြည်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ လေ့လာရေးပိုမို လွယ်ကူစေရန် ရည်ရွယ်ပြီး အပိုင်းများခွဲကာ ဖော်ပြသွားမည်ဖြစ်ကာ နောင်အခါတွင်လည်း တစုတစည်းတည်း စာအုပ်အဖြစ် ထပ်မံ ထုတ်ဝေဖြန့်ချိမည် ဖြစ်ပါသည်။ စာအုပ်ကို မူလက “Herr Eugen Dühring’s Revolution in Science” (Dühring ၏ “သိပ္ပံတော်လှန်ရေး” ကို သရော်သည့် ခေါင်းစဉ်) ဟု အမည်ပေးခဲ့သော်လည်း၊ နောက်ပိုင်းတွင် “Anti-Dühring” ဟုသာ လူသိများလာခဲ့သည်။ လီနင်က လေ့လာရေး လက်စွဲစာအုပ် တအုပ်အဖြစ် သတ်မှတ်ခဲ့ပြီး၊ ဆိုဗီယက်ယူနီယံနှင့် ကမ္ဘာတဝန်းရှိ ကွန်မြူနစ်ပါတီများတွင် အခြေခံဖတ်စာအုပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ “ဒူးရင်းဆန့်ကျင်ရေး (Anti-Dühring)” တွင် အဓိကအားဖြင့် အပိုင်း (၁) အဘိဓမ္မာ ၊ အပိုင်း (၂) နိုင်ငံရေးဘောဂဗေဒ… Read More »