အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း)
အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း) စစ်တပ်က အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ သတင်းက ရွေးကောက်ပွဲအကြိုကာလကတည်းက ထွက်နေတဲ့သတင်းပါ။ အခု ရွေးကောက်ပွဲပြီးသွားလို့ အနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်နေတဲ့ကာလအထိ ဒီလေသံ ဒီသတင်း ထွက်နေတုန်းပါပဲ။ ဒီတခါ ထူးခြားတာကတော့ ဒီချုပ်ပါတီဘက်ကပါ အာဏာသိမ်းချင်သူတွေအနေနဲ့ ဖြစ်လာမယ့်ရလဒ် အကျိုးဆက်ကို ထည့်စဉ်းစားပါလို့ တုံ့ပြန်တဲ့အထိ ဖြစ်လာရတာပါပဲ။ ဒီချုပ်အနေနဲ့က ဒီလောက်တုံ့ပြန်ဖို့ကိုတောင် အတော်အားယူကြိုးပမ်းရပုံပါ။ ရွေးကောက်ပွဲအကြိုကာ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့သတင်းတွေထွက်လာကည်းက ကြိုတင်တွက်ဆရခဲ့တာတွေရှိပါတယ်။ စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီတို့ဘက်က ရွေးကောက်ပွဲကိုတော့ ဖျက်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲရလာဒ်က သူတို့မျှော်မှန်းသလို ဖြစ်မလာရင်တော့ ရွေးကောက်ပွဲကို မသမာဘူးဆိုပြီး သူတို့ကိုယ်တိုင်က…
