သွေးချင်းချင်းနီသော်လည်း ဦးမညွတ်
စစ်အာဏာရှင်စနစ်ဘက်မှ ၂၀၁၅ ခုမတိုင်မီ ခုအချိန်ကတည်းက အကြမ်းဖက်နည်းဗျူဟာကို မိုက်မိုက်ကန်းကန်း ကျင့်သုံးတော့မည်ဖြစ်ကြောင်း သေနတ်သံပေးအချက်ပြလိုက်ပေပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲမှု၊ ကျောင်းသားများအကြားသွေးခွဲမှုတို့ကို တဖက်က လုပ်ရင်း အကြမ်းဖက်ဖိနှိပ်မှုတို့ကို ဟန်ချက်ညီညီပေါင်းစပ်ကျင့်သုံးနေခြင်း ဖြစ်သည်။ သူတို့တလျှောက်လုံး ကျင့်သုံးလာခဲ့သော လက်သုံးတော် နည်းလမ်းဟောင်းများကို အခြေအနေနှင့်အညီ တိုးချဲ့ကျင့်သုံးလာခြင်း ဖြစ်သည်။ လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အမြောက်နှင့် ထုခြင်းမှအစ၊ သပိတ်နှင့် ဆန္ဒပြပွဲများကို ဖမ်းဆီးထောင်ချ ဖိနှိပ်ခြင်း၊ ကိုပါကြီးကို သတ်ဖြတ်ခြင်း၊ ထောင်နှင့်ချီသော အိုးအိမ်မဲ့ ပြည်သူများ၏ တဲအိမ်များကို အကြမ်းဖက် ဖျက်ဆီးခြင်းအလယ်၊ ယခု လက်ပံတောင်း ပစ်ခတ်သတ်ဖြတ်မှုအဆုံး စစ်အာဏာရှင်စနစ်ဘက်မှ (ငါ့ကုလားက ဓားပါတယ်) ဟု ပြည်သူလူထုအား အသိပေးခြိမ်းခြောက်နေခြင်း ဖြစ်ပေသည်။ အာဏာပိုင်တို့၏ စော်ကားအနိုင်ကျင့်မှု လုပ်ဟန်လည်း ဖြစ်သည်။ လူ့အရိုင်းအစိုင်းတို့အုပ်စိုးသော တိုင်းပြည်ဝယ် လယ်သမားထု သွေးအိုင်ထုထဲ နစ်နေစဉ် လယ်သမားအရေးကို လျစ်လျူမရှုဘဲ အလေးအနက်ထားသူ အင်အားစုကသာ သမိုင်းတွင် လယ်သမားထု ထောက်ခံမှု ရရှိပြီး နောက်ဆုံးတွင် အဆုံးသတ် အောင်ပွဲကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။… Read More »